ကျွန် အပိုင်း ၈၀

544 26 0
                                    

"ကျွန်" အပိုင်း ၈၀
.
.
.
.
.
ကိုယ်ဝန်ကြောင့် တက္ကစီစီးမှာကို စိတ်မချဘဲ လာကြိုပေးသည့်သူငယ်ချင်းရယ်..
ဘာမှထည့်မတွက်ဘဲ တက္ကစီနဲ့သာ သွားခိုင်းသည့် အစ်ကိုရယ်....

အဟင်း.
တကယ်ပဲ အစ်ကိုကသူ့ကိုတော်တော်မုန်းနေခဲ့တာထင်ပါရဲ့

ရိပေါ် ဘာဖြစ်လို့လဲ ငေးငေးငိုင်ငိုင်နဲ့

ဟင်..အော် ဟို..ဘာမှာမဖြစ်ပါဘူး ဒီတိုင်း

ဟင်း.အေးပါ ပျော်ပျော်သာနေနော် ဘာမှစိတ်ထဲမတွေးနဲ့

အင်းပါ

စကားပြောရင်းနဲ့ ကျောင်းသို့ပင်ရောက်ခဲ့ပီ

ကားပေါ်က ဆင်းဆင်းချင်းပင် ကြိုစောင့်နေသည့်လူတစ်ယောက် ဝမ်ရိပေါ်ဘလိုမှထင်မထားသည့်လူ

မုန့်ယောင်ကော..

ပါးစပ်မှပင်ထွက်၍ ခေါ်မှိသွားရသည်

ထိုသည်ကိုပင် ဖန်ရှင်ရှင်းက

မုန့်ယောင်ကော ကန်တင်းမှာသွားပြောရအောင်လေ..

ထိုသို့ပြောတော့

ကျေးဇူးပါဖန်ရှင်း

ဆိုရင်းသာ ဝမ်ရိပေါ်အား နှမြောသလိုကြည့်နေပြန်သည်

ကန်တင်းသွားရာမှာ ဖန်ရှင်းရဲ့

မင်းနဲ့စကားပြောပါရစေလို့ ငါတို့ဆီ ခွင့်တောင်းလို့ကျောင်းမှာစောင့်ခိုင်းထားလိုက်တာ

ဆိုတော့မှပင် သက်ပြင်းလေးချနိုင်ခဲ့ပါသည်

ကန်တင်းရောက်တော့

ရိပေါ်ကလေးငယ် ဘာစားချင်လဲ ဘာစားမလဲ

အာ..ဟို.ရပါတယ်မုန့်ယောင်ကော..

အမယ်..ကလေးမစားလို့မရဘူးနော်..တခုခုစားလိုက်နော် ကလေးအားရှိမှ ဗိုက်ထဲက ကလေးလေးထဲ အဆင်ပြေမှာလေ..

ထိုအပြောကြောင့်..ဝမ်ရိပေါ်လေးမှာ မျက်လုံးလေးပြူးလျက်သာ...

ကိုယ့်ကို ကျိုးချန်တို့ပြောလိုက်တာပါ..စိတ်မဆိုးတော့ပဲ အစ်ကိုလိုတော့..ခင်ပေးမယ်မလားဟင်..

ဟုတ်ကဲ့ မုန့်ယောင်ကော

ဒါဆိုတခုခုစားနော်...

ကျွန်Where stories live. Discover now