ကျွန် အပိုင်း ၅၀

521 19 1
                                    

"ကျွန်" အပိုင်း ၅၀
.
ဈာပနကလဲ ကောင်းမွန်စွာ ပီးဆုံးသွားခဲ့ပါတယ်..

နေ့လယ်ပိုင်းမှာတော့..ဝမ်ရိပေါ်ဆိုတဲ့ ကလေးငယ်ငယ်က..ရှောင်ကျန့်ရဲ့ စေရာအတိုင်း သူ့အိမ်သားလေး ဖြစ်ခဲ့သည်ပေါ့လေ..

လည်ပင်းထက်က ပြောရက်စရာမရှိသည်များက ရှေ့နေကြီးကို လှည့်စားလိုက်လို့ပါပဲ..

ဘလိုပင်ဖြစ်ပါစေ....ရှောင်ကျန့်ရဲ့ဓားသွားလိုစကားများအောက် ရှေ့နေကြီးပါမတတ်နိုင်တော့ပဲ..လုံခြုံခြင်းအဝန်းအဝိုင်းထဲသို့သာ..ထိုကလေးကို ပို့ပေးလိုက်နိုင်ပါတော့တယ်..

ဒါက သွားလေသူ ရှောင်းသခင်ကြီးရဲ့ လူသားခြင်းစာနာမှုသက်သက်သာဖြစ်ကြောင်း သဘောပေါက်ခဲ့ပါပီ....

ဒီလိုအခြေအနေလေးကပဲ..ထိုကလေးကို လုံခြုံမှုတစ်စုံတစ်ရာပေးပါစေတော့..

ဟုတ်ပါတယ်..ဝမ်ရိပေါ်ရဲ့ ရပိုင်ခွင့်တေဆိုတာ..အမည်ခံသက်သက်ပါပဲ...ရှောင်ကျန့်ထားရာနေစေရာသွားရမဲ့ လူသားတစ်ယောက်သာ...

အမုန်းတို့ဖြင့်သံသရာမကြေတဲ့သူ့အစ်ကိုအား..ဆိတ်ငြိမ်သည်းခံခြင်းနဲ့ ပေးဆပ်ပါ့မယ်ဆိုတဲ့ ထိုကလေးရဲ့စကားတေက ဝမ်ဟွိုက်ခွမ်း၏သူတို့အိမ်တော်ရဲ့ ညီအဖြစ်လိုက်ပါစေလိုကြောင်းပြောဆိုခဲ့တဲ့အချိန်တုန်းက

ထိုတုန်းက ရှောင်ကျန့်ရဲ့မဲ့ခနဲအပြုံးက ဝမ်ရိပေါ်ကိ သူပိုင်ပါတယ်ဆိုသော.အဓိပ္ပါယ်ကိုဆောင်လျက်...

သက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်တဲ့သူတို့အဖွဲ့က နောင်တချိန်ရှောင်ကျန့်ပြောင်းလဲသွားမည်ဟုသာ..တစ်ထစ်ချယုံကြည်ကြရင်း.....

⏭⏭⏭⏭⏭

နေ့မှလပြောင်းလို့ ရှောင်ကျန့်လဲ ဘွဲ့ရခဲ့ပီ..ဝမ်ရိပေါ်လေးလဲ ပထမနှစ်ပီးခဲ့ပီ...

လုပ်ငန်းခွင်ဝင်ရတဲ့ရှောင်ကျန့်ကဘာကိုမှထီမထင်ဂရုမစိုက်စွာ..တည်ငြိမ်အေးဆေးလွန်းလှလျက်..

ငယ်ငယ်ရွယ်ရွယ်နဲ့ Xiao group ဥက္ကဌဖြစ်လာတော့..ဖြုတ်ချချင်သူ ပေါများကြသည်ပဲဆိုပါစို့..

ထိုကိစ္စများကို အရေးလုပ်သည့်ထဲ ရှောင်ကျန့်က တကယ်ပါဝင်မနေခဲ့ တော်တော်လေး..အေးစက်သွားတဲ့ရှောင်ကျန့်က ဝမ်ရိပေါ်ကိုတော့.မျက်နှာသာတစ်ချက်မပေးခဲ့ဘူးရယ်..

ကျွန်Where stories live. Discover now