"ကျွန်" အပိုင်း ၆၅
.
.
.
.
.
တအိအိရှိုက်နေသေးတဲ့ခန္ဓာငယ်လေးအား ဖက်ထားရာမှ လက်ကလေးဖြင့် ပွတ်ပုတ်ပေးရင်းတခုခုစားရအောင်လေ ရိပေါ် ဘာသားမလဲ
သူထိုသို့မေးတော့ ခေါင်းလေးသာယမ်းကာ သူ့ရင်ခွင်ထဲအတင်းတိုးဝင်နေတဲ့ကလေး..
မစားလို့မရဘူးလေ ရိပေါ် ဆေးသောက်ရမယ်လေ..
အချိန်ခဏကြာသည်အထိ သူ့ရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့ကာဝင်နေတဲ့ကလေးပါလေ
သူလဲ ဘာရယ်မသိ ကျောလးအားပုတ်ပေးနေရတော့သည်
ချောင်းလေးပါ ဆိုးနေတဲ့ကလေးက အပမ်းမကြီးရအောင်လို့ထင်တယ် သူ့ရင်ခွင်မှထလို့ ဆေးသောက်ဖို့ပြင်တယ်
ဆေးသောက်လို့ရအောင်တခုခုအရင်စားရအောင်နော်..
ဆိုတော့ ခေါင်းလေးငြိမ့်ပြရှာတဲ့ကလေး..
ဆန်ပြုတ်ကဘာလို့အသားမပါရတာလဲ..
ရှောင်ကျန့်က ဆန်ပြုတ်ထဲအသားမပါလို့မေးလိုက်တော့ ထိုမိန်းကလေးက ဖြေရှာသည်
ဟို..ဖြူလုံးက ဆန်ပြုတ်ဆိုရင် အသားပါတာမကြိုက်ဘူးမို့ပါ..
ကလေးမလေးကထိုသို့ဖြေရှာတော့မှ သူသိလိုက်ရသည်..ထိုကလေးမတေဆိုတာကလဲ သဲလွန်းသည်
ဝမ်ရိပေါ်ဆိုတာနဲ့ကို သူအမြင်ကတ်အောင် ဂရုစိုက်ကြလွန်းသည်အဲ့ဒါကြောင့်လဲ သူ့ကွယ်ရာမှာ အလုပ်တေဝိုင်းကူနေမှာစိုးလို့ အိမ်နောက်ဖေးဘက်ကိုပို့ထားလိုက်တာ.
ဟင်း..ဝမ်ရိပေါ်တို့သားအမိကလဲ လည်ပ..သူ့ပါးတင်မဟုတ် အိမ်အကူတေကစ သူတို့ဘက်ပါအောင် ပေါင်းသင်းထားသေးသည်..
ဟို..ဘာခိုင်းစရာရှိသေးလဲရှင့်..
ထိုသို့ကလေးမလေးဆက်မေးတော့မှ အသိပြန်ဝင်လာကာ..
ရပီ လိုရင်လှမ်းခေါ်လိုက်ပါ့မယ်..
ဟုတ်ကဲ့
ဆိုကာထွက်သွားတော့မှ
ဝမ်ရိပေါ်..
ဗျာ..
ဆန်ပြုတ်
ဇွန်းနဲ့ခပ်တိုက်နေပေမဲ့ရှောင်ကျန့်ကတွေးရင်းဖြစ်နေသောကြောင့် တစ်ခါတစ်ခါ အဆက်ပြတ်သွားရသောအခါ ကလေးကစောင့်ပေးနေရသေးတယ်..
YOU ARE READING
ကျွန်
Fanfictionဂျိမ်းခနဲတခါးဖွင့်သံနဲ့အတူဝင်လာသောကိုကို မျက်လုံးလေးပြူး၍ကြောင်ကြောင်လေးအံအားတသင့်ကြည့်နေသော ခလေးငယ် "ဝမ်ရိပေါ် လာခဲ့ " "ဟင့်အင်း မလုပ်ဘူးကိုကို " ရိပေါ်လေးသိလိုက်ပီ ကိုကိုကသူ့ကိုယ်ဝန်ကိုဖျက်ချခိုင်းနေတာ ဒါကြောင့်ပဲ ကိုကို့အိမ်ပေါ်ကဆင်းလာပီးလွတ်ရာမှာလာ...