"ကျွန်" အပိုင်း ၁၀၈
.
.
.
.
.
ရှောင်ကျန့်ကတော့ရှောင်ကျန့်ပါပဲ..ဝမ်ရိပေါ်လေးဆီကို အလုပ်ကနေ အပြန်လဲဝင် မသွားခင်လဲအရင်လာ
တခါတလေဆို နေ့ခင်းဘက်ဆိုရင်ကို ပြန်လာနေပီးသား ဖန်ရှင်းတို့မှာလဲ မျက်စိကိုနောက်ရတော့လို့
ဒါပေမဲ့လဲ ဝမ်ရိပေါ်လေးကတော့ ပုံမှန်ပဲရယ်..သူလုပ်စရာရှိတာလေးတေပဲ လုပ်ရင်းပေါ့..
ခုလဲ ဝမ်ရိပေါ်ရဲ့ကွန်ဒိုမှာ အားလုံးရောက်နေကြတာ..
ဘာရယ်တော့မဟုတ်ပါဘူးညကလေးငယ်လေး စိတ်လက်ပေါ့ပါးပီး ပျော်လာစေရန်ဖြစ်သည်
ဒါပေမဲ့လဲ သူတို့ကသာ စကားတေပြောနေပေမဲ့ ဝမ်ရိပေါ်လေးက အေးဆေးပါပင်
ချည်ထိုင်ထိုးနေတာရယ်....
ခနအကြာကလေးထသွားဟန်ပြင်တော့မှ ဖန်ရှင်းက
ရိပေါ်..အဆင်မပြေလို့လား ဘယ်သွားမလို့လဲ
ဟို..မဟုတ်ပါဘူး နေ့လယ်စာသွားချက်မလို့ပါ အားလုံးဒီမှာပဲစားကြပါ..
မဟုတ်တာရိပေါ်ရယ်..ဝမ်ချင်တို့လုပ်မှာပေါ့ ထားလိုက်ပါ့လား
ဟွိုက်ခွမ်းကပြောပြန်သည်..
ရပါတယ်..ကျတော်ချက်ကျွေးချင်လို့ပါ
ထိုအခါ ရှောင်ကျန့်ကဆက်၍
ဒါပေမဲ့ ရိပေါ်ရယ်..
သူ့စကားပင်မဆုံးလိုက်
ကျတော်လူမမာမဟုတ်ဘူးလို့ ကျတော်အဲ့လောက်တော့ လုပ်နိုင်တယ် ဘာလို့အားလုံးကကျတော့်ကိုမယုံကြည်ကြတာလဲ..
ဆိုကာ..မျက်နှာငယ်လေးနဲ့ပြောတော့မှ အားလုံး လက်ခံပေးလိုက်ကြရသည်..
မီးဖိုခန်းလေးထဲ ထိုကလေးဝင်သွားတော့မှ..
မောင်ဗိုက်တို့ကတော့ လုပ်ပီဟေ့..
ဟုတ်ပ စိတ်ချည်းပဲ ဒါပေမဲ့ ရိပေါ်စိတ်လုပ်တာလေးက အသည်းယားစရာလေး..
ဆိုကာပင် မျန်မျန်ကပြောနေသေးသည်..
ရှောင်ကျန့်ရဲ့နဂါး မျက်စောင်းကို မမြင်ခင်ထိပေါ့..
YOU ARE READING
ကျွန်
Fanfictionဂျိမ်းခနဲတခါးဖွင့်သံနဲ့အတူဝင်လာသောကိုကို မျက်လုံးလေးပြူး၍ကြောင်ကြောင်လေးအံအားတသင့်ကြည့်နေသော ခလေးငယ် "ဝမ်ရိပေါ် လာခဲ့ " "ဟင့်အင်း မလုပ်ဘူးကိုကို " ရိပေါ်လေးသိလိုက်ပီ ကိုကိုကသူ့ကိုယ်ဝန်ကိုဖျက်ချခိုင်းနေတာ ဒါကြောင့်ပဲ ကိုကို့အိမ်ပေါ်ကဆင်းလာပီးလွတ်ရာမှာလာ...