ကျွန် အပိုင်း ၄၄

459 29 0
                                    

"ကျွန် " အပိုင်း ၄၄
.
သူ့နောက်ချက်ချင်းလိုက်လာပါလို့ ပြောသွားတဲ့ ရှောင်ကျန့်က​တော့မသိ
ဝမ်ရိပေါ်လေးကတော့ ရှက်လွန်းလို့ကိုယ်လေးပါကြုံ့သွားရကာ..

သက်ပြင်းချပီး

အားလုံးကိုတောင်းပန်ပါတယ်နော် ဟွိုက်ခွမ်းကော ကျတော် dialogue ကိုရအောင်ကျက်ထားလိုက်ပါ့မယ်

ရိပေါ် ဖြစ်ပမလား

မျန်မျန်ကစိုးရိမ်သလိုလေးပြောတော့လ

ဖြစ်ပါတယ်.အစ်ကို ငါ့ကိုဘာမှမလုပ်ပါဘူး

ရိပေါ်ထိုသို့ပြောနေပေမဲ့ ရှောင်ကျန့်ရဲ့ဒေါသကို သူတို့အဖွဲ့ခန့်မှန်းမှိကြသည်ထင်ပါရဲ့

သူတို့ဘယ်တတ်နိုင်ပမလဲလေ..ရိပေါ်ဘဝကိုက ထိလိုဘဝမျိုးပဲမို့.သူတို့ရှောင်ကျန့်ကို ရန်တွေ့ပြန်ရင်လဲ.ပြန်ခံရမဲ့သူက ရိပေါ်လေးသာဆိုတာ.သူတို့သိသွားကြတော့..
ကြားထဲကနေ.စိတ်မကောင်းရုံကလွဲ မည်သို့မျှလဲ မတတ်နိုင်ခဲ့ကြပါပေ..

လူလူချင်းကို အများကြားမှာ ကျွန်ပါလို့ နာမည်တပ်ပြောတာခံရတာ..ဘယ်လောက်ထိရှက်ရွံ့ထိတ်လန့်ဖွယ်ကောင်းမလဲဆိုတာ..ကိုယ်ကိုယ်တိုင်ခံစားဖူးမှသိကြမည်ထင်ပါသည်

လွဲမှားတဲ့ ကံကြမ္မာက ထိုကလေးအား ညှာတာမှု ကင်းမဲ့စွာများ နေရာချလိုက်မှိလေသလား..
ကံဇာတ်ဆရာ မျက်နှာသာပေးလို့ ဤလူသားလေးအပေါ်.မရက်စက်ပါစေနဲ့လို့သာ သူတို့ဆုတောင်းပေးကြရုံမှအပ.

✝✝✝✝✝

ဘလိုလဲ တော်တ်ာမှ ကျေနပ်ရဲ့လား

ဘာကိုလဲ.အစ်ကို..

ဖြောင်း.

အား..

ဖြောင်းခနဲရိုက်ချသံတစ်ခုက..ကလေးရဲ့နားရင်းဆီ..ထိခတ်သွားပီ နာကျင်ညဉ်းညူမှုနဲ့အတူ အခန်းကြမ်းပြင်ပေါ်ပုံလဲကျသွားတော့..

မှတ်ထား.ဝမ်ရိပေါ်.မုန့်ယောင်သိပ်တန်ဖိုးထားချင်ပါတယ်ဆိုတဲ့.မင်းကငါ့လက်ထဲမှာ.အနင်းချေခံပဲ
ငါလိုသလိုသုံးမဲ့ကျွန်ပဲ..မင်းကိုယ်မင်းလဲ သိမှာပေါ့.ငါ့ကိုဘလိုပေးဆပ်ရမလဲဆိုတာ..

ကျွန်Where stories live. Discover now