ကျွန် အပိုင်း ၁၀၀

832 29 0
                                    

"ကျွန်" အပိုင်း ၁၀၀
.
.
.
.
.
ရှောင်ကျန့် ဘာလုပ်လိုက်တာလဲ လူမဆန်တဲ့လူကြီးရဲ့ ကျွန်တော့်သူငယ်ချင်းကိုဘာလုပ်လိုက်တာလဲ ပြော ခင်ဗျား ပြောစမ်း

ဖန်ရှင်းရဲ့ ဒေါသတကြီးထုရိုက်၍ မေးနေမှုကြောင့် ခုမှရောက်လာကြသော ကျိုးချန်တို့နဲ့ဟွိုက်ခွမ်းတို့မှာ
ဖန်ရှင်းကိုထိန်းပီး ဟွီုက်ခွမ်းကပင်

မနောက်ဘူးနော် ဝမ်ရိပေါ်ကို ဆေးရုံတင်မှ ရမယ်ထင်တယ်

အင်း..အဲ့လိုပဲ လုပ်ကြတာပေါ့

ဆိုကာ ကလေးကိုပွေ့တဲ့သူကပွေ့ တံခါးပြေးဖွင့်တဲ့သူကဖွင့် ရှုပ်ယှက်ခတ်သွားကြရသည်

အနေအေးပီး တခါမှ ဝင်မစွက်ဖက်ဖူးတဲ့ ယွီပင်ကပင်

မင်းကို သိပ်စိတ်ပျက်တာပဲရှောင်ကျန့်လ

ဆိုကာ ထွက်သွားလေးပြီ...

ရှောင်ကျန့်လဲ ကြောင်နေရာမှ ထွက်လိုက်ခဲ့ရသည်ယ.

ဘာတေဖြစ်သွားလိုက်မှန်းကိုသူမသိ ခုသိတာတစ်ခုတည်းရယ်..သူဆေးရုံကိုလိုက်သွားရမည်..

ဆေးရုံ VIP roomငှါးကာ ထည့်ပေးထားသော ဟွိုက်ခွမ်းတို့ပါပေ..

ဆရာဝန်တေစစ်ဆေးနေတုန်းပင် ကျိုးချန်က အခန်းအပြင်ကရှောင်ကျန့်ဆီသွားကာ..

မင်း ပြောစမ်းပါရှောင်ကျန့် ကလေးကိုဘာလုပ်လိုက်တာလဲ..

ထိုအမေးစကားအဆုံး ဖြေလာတဲ့ရှောင်ကျန့်အဖြေကြောင့် ရှောင်ကျန့်ကို.ကျိုးချန်တစ်ယောက်ပိတ်ထိုးပစ်တော့သည်..

လူမဆန်အုံးကွာ..လူမဆန်အုံးကွာ..

ဟုတ်ပါတယ်..ရှောင်ကျန့်ရဲ့အဖြေသည်ကာ..

ငါ.သူ့ကိုယ်ဝန်ကိုဖျက်မလို့..ပါတဲ့လေ...

အခန်းအပြင်က ဝုန်ဝုန်းဒိုင်းဒိုင်းအသံတွေကြောင့်.ဟောက်ရွှမ်းတို့မှာတောင်.လာဆွဲရသေးတယ်..

လာဆွဲနေသူတွေကိုပင်..

ဒီကောင်..ဘာလုပ်ခဲ့တာလဲရောသိကြလား..ဒီကောင် ရှောင်ကျန့်..မင်းကွာ..

ဆိုကာ..ဒေါသတို့ထွက်နေတဲ့ကျိုးချန်ပါလေ..

ကျိုးချန်စိတ်ကိုထိန်းထားပါ..ဘာမှန်းမသိရသေးဘူးလေ..

ကျွန်Where stories live. Discover now