ကျွန် အပိုင်း ၅၈

440 34 0
                                    

"ကျွန်" အပိုင်း ၅၈
.
.
ဝမ်ချင်တို့မှာလဲ အံတကြိတ်ကြိတ် သို့သော် သူတို့ဘာများတတ်နိုင်ကြလို့လဲလေ

အားအရမ်းနဲလို့ပါ ဘာမှစိုးရိမ်စရာမရှိပါဘူး ခုတော့ dripချိတ်ပေးထားတယ်..

ကျောင်းဆေးခန်း ဆရာဝန်ပြောတော့မှ သူတို့သက်သာရာရခဲ့ကြရ၏

ကျောင်းက ကိုယ်ပိုင်ရှယ်ယာတေနဲ့ကျောင်းဆိုတော့ ကျောင်းဆေးခန်းကdoctorကို ရှယ်ထားပေးထားတာပါ မက်လောက်စရာလစာပေးပီးတော့ပေါ့...

လိုအပ်တဲ့ဆေးဝါးအတွက်က ပူစရာမလို ဒါကရှယ်ယာရှင်တေအပိုင်း
ခန့်လိုက်တဲ့doctorကတောင်အထွေထွေရောဂါပါရဂူအဆင့်ရှိတဲ့ဆရာ​တေကိုထားပေးပါသည်..

ပီးတော့ ရှောင်းအိမ်တော်ရဲ့shareတေကသူများတေထက်တော့သာပါ၏

ဖန်ရှင်းရဲ့ဦးလေးကလဲ ကျောင်းရဲ့ရှယ်ယာဝင်တေပါပဲတကယ့်​တော်ဝင်သူဌေးတေပဲတက်နိုင်တဲ့ကျောင်းမျိုးလို့ပဲဆိုကြပါစို့...

ရိပေါ်လေး တက္ကသိုလ်စတက်တော့မယ်ဆိုတော့ ရှောင်မားတို့မသေချင်က အတင်ထိုကျောင်းတော်အားပို့ဆောင်ခဲ့လို့လေ....

ဒါနဲ့အစာကို ပုံမှန်လေးစားခိုင်းပါ အရမ်းကိုအားနည်းလွန်းတာ

ဟုတ်ကဲ့ဗျ

ဒါနဲ့ ဒီကလူနာရဲ့သူငယ်ချင်းတေလား

ဟုတ်ပါတယ်ဗျ

ဒီကလေးရဲ့အုပ်ထိန်းသူတေရော ဒီကျောင်းမှာရှိလား အစ်ကိုဖြစ်ဖြစ်ပေါ့ ဆွေမျိုးရင်းခြာ..

အဲလိုတော့မရှိပါဘူး ဘာဖြစ်လို့လဲဆရာတခုခုဆိုကျတော်တို့ကိုပြောပြပါ့လား

ဖန်ရှင်းကထိုသို့ဆိုတော့ ဝမ်ဟွိုက်ခွမ်းကပါ

ဟုတ်ပါတယ်ကျတော်တို့ကိုသာပြောပါ

အင်း..ဒီကလေးက.. အရမ်းကိုအားနည်းနေတယ် အစာများများကျွေးပေးကြပါအားရှိမဲ့ဟာလေးတေပီးတော့ ပျော်အောင်လဲထားပေးလိုက်ကြပါအုံး

ဟုတ်ကဲ့ပါဆရာ..

ဒါနဲ့ဆရာ ဘယ်တော့သတိရလာမှာလဲ

ဝမ်ချင်ရဲ့အမေးကို

ခနဆိုရင်ပဲသတိရလာပါလိမ့်မယ်

ကျွန်Where stories live. Discover now