အကို့မရီးကျွန်မဇနီး Ep 1
မော်တော်ကားများ၏ဆူညံသံ ကျေးငှက်တို့၏တွန်ကြူးသံနဲ့အတူအိန္ဒြာမောင်လွင်တယောက်က်
"ကြီးမြ မာမီတို့မရောက်သေးဘူး"
ကြီးမြဆိုသောသူသည် မောင်၏အကို သက်လွင်မွေးကတည်းကရွာကခေါ်ထားကာ အခုဆိုအိမ်ရဲ့လူယုံတယောက်က်လိုတောင်ဖြစ်နေပြီပေါ့
"ခနနေရောက်တော့မှာတဲ့ မောင်မနက်စာစားတော့မလား ကြီးမြ သီးစုံထမင်းကြော်နဲ့ ကြက်ဥကြော်ထားတယ်"
"ဟုတ် စားမယ်ကြီးမြ"ဟုတ်ပြောပြီး ကြီးမြရဲ့ပုခုံးနှစ်ဖက်ပေါ်လက်ဆန့်န့်တန်းက မီးဖိုချောင်ထဲဝင်သွားလေသည် မောင်ဆိုသည်မှာအာ့လိုကလေးဆန်တာပါဆို
"ဟော ကြီးမြရေ မာမီတို့ရောက်ပြီထင်တယ် မောင်ပြီးပြီကြီးမြရေ"ဟုတ်ပြောပြီး မီးဖိုချောင်ထဲမှာအိမ်ရှေ့သို့ အပြေးလေးရောက်လာတော့တယ်
ကားပေါ်မှာပစ္စည်းများချနေသည်ကို မောင်တယောက်ကြည့်နေပြီး အကြည့်တွေ့က ညီအမဟုထင်လောက်သည့်အမျိုးသမီး၂ဦးတယောက်မှာ အသားဖြူဖြူ ဆံပင်ကျောလယ်လောက်ရှိသောသူသည် ကိုကို့ဇနီး
ပိတောက်ရောင်ဝမ်းဆက်ဝတ်ဆင်ပြီး ခါးလောက်ရှိသောဆံပင်ကို တဝက်စည်းပြီး တဝက်အောက်ကိုဖြန့်ချထားကာ အင်္ကျီအရောင်နဲ့အသားရောင်နဲ့ကလဲဟပ်နေပြီး သနပ်ခါးပါးကွက်လေးနဲ့အလွန်ပင်အေးချမ်းသောမျက်နှာပိုင်ရှင်လေးကိုငေးနေစဥ်
"ဟဲ့ မောင်!"
"ဟာ ကိုကိုကလဲဖြေးဖြေးအော်ပါ မောင်နားမကန်းသေးပါဘူး "ဟုပြောပြီး အကိုဖြစ်သူကိုမျက်စောင်းထိုးလိုက်သည်
"ကြားရင်လာသယ်အုံး ကိုကိုတယောက်တည်းမနိုင်ိုင်လို့"
" လာပြီ လာပြီ"
"လာလေသမီးတို့ သူတို့မောင်နှမကိုကြည့်မနေနဲ့ သူတို့မောင်နှမ၂ယောက်ကအာ့လိုပဲ အမြဲမတည့်ဘူး တယောက်နဲ့တယောက်က်ကမတွေ့ရလဲမနေနိုင်ကျဘူးလေ"
"ကဲ ထိုင်ကျအုံးနော် အမမြရေ အအေးလေးယူခဲ့ပါအုံး"
ကြီးမြမှာဗန်းလေးကိုင်ကို အအေးခွက်လေးချပေးကာမီးဖိုချောင်ထဲဝင်သွားတော့
" မောလိုက်တာ"မောင်မှငြီးတွားရင် မာမီတို့ထိုင်နေတဲ့နားသွားထိုင်ကာအမောဖြေနေလိုက်သည်
" မောင် ဟိုအထုပ်တွေက မမနိုင်ဟာတွေနော် အာ့အထုပ်တွေကအပေါ်ထပ်ကနင့်အခန်းဘေးကအခန်းထဲထည့်ပေးလိုက် အာ့အခန်းမှာမမနိုင်နေမှာ"
မောင်မှဘာမှပြန်မပြောခေါင်းသာညိမ့်ပြလိုက်သည်
တခနအကြာ
"မမနိုင်အပေါ်တတ်ကျမယ်လေ မောင်လိုက်ပို့ပေးမယ်နော်"ဟုတ်ပြောပြီး အထုပ်တွေသွားသယ်ကာ အပေါ်ထပ်ကိုမောင်ကဦးဆောင်တတ်သွားပြီး
"ဒါကမမနိုင်နေရမဲ့အခန်း ဟိုဘက်ကမောင်အခန်းလေး လိူအပ်တာရှိရင်လဲမောင်ကိုပြောလို့ရတယ်နော်မမနိုင်"
"အားနာလိုက်တာ ကလေးမရယ် တို့အတွက်က အဆင်ပြေပါတယ် ဟိုဟာလေ တို့ကမင်းရဲ့မမအရွယ်မဟုတ်လောက်ဘူးထင်တယ်နော်ကလေးမ"
" ဗျာ..မောင်က22နှစ်ပါ"
"တို့က43"
"ဟင် ဟုတ်လို့လား မောင့်ကိုမနောက်ရဘူးနော်"
"ဟား ဟား တို့ကနောက်စရာလားကွ"
"အာ့တိုအန်တီပေါ့နော့်"
"မင်းစိတ်ကြိုက်ခေါ်နိုင်ပါသတဲ့ရှင်"
"ဟုတ် အန်တီလဲခရီးပန်းလာနားတော့လေ"
"ဟုတ်ပြီ "
မောင်လဲအခန်းထဲဝင်ပြီးကုတင်ပေါ်မှာရင်ဘက်ကိုဖိပြီး အား ဘာလို့ဒီလောက်ရင်ခုန်နေရတာလဲ "ဟုတ်ပြောပြီး အန်တီနဲ့စကားပြောခဲ့သည်များကိုတွေးပြကြည်နူးနေလေရဲ့
တဖက်တွင်လည်း
"မင်းကချစ်ဖို့ကောင်းလိုက်တာ တို့ဘာလို့မင်းနဲ့စကားပြောနေတာကိုရင်ခုန်နေရတာလဲ"ပြောပြီး ခရီးပန်းလာသောအရှိန်ကြောင့် ခနလေးအိပ်ပျော်သွားသည်
နိုင်လဲတရေးနိုးပြီးလူလဲနုန်းနေတာကြောင့် ရေချိူးဖို့ပြင်ပြီး ရေချိုး သနပ်ခါးလိမ်းပြီး အင်္ကျီအပြာနုပြောင်လေးနဲ့လုံချည်လေးကိုဝတ်လျက်အောက်သို့ဆင်းပြီး
"ကြီးမြ နိုင်ဘာလုပ်ပေးရမလဲ"
"ရပါတယ် ဒါနဲ့နာမည်နိုင်တဲ့လားသမီး"
"နိုင်နာမည်က ယဥ်လဲ့လဲ့နိုင်ပါ ညီမလေးကယဥ်လဲ့လဲ့ခိုင်လေ ကြီးမြ"ပြောရင်းနဲ့ ဘေစင်တွင်ပုံနေသော ပန်းကန်များအား ဝင်ဆေးနေလိုက်တော့သည်
"အော် နိုင်ရယ် ရပါတယ်ဆိုနေ"
"ကြီးမြကလဲ နိုင်ကပျင်းနေတာနဲ့ အတော်ပဲလေ ကြီးမြလဲသက်သာတယ် နိုင်လဲအပျင်းပြေတာပေါ့ တချက်ခုတ်၂ချက်ပြတ်ပဲလေ"ဟုတ်ပြောပြီး ရီမောလျက်
"နိုင်တို့ကညီအစ်မီအစ်မနှစ်ယောက်နေတာလား"
"ဟုတ်တယ်ကြီးမြရဲ့ ရှေ့ဆင့့်နောက်ဆင့့်ဆုံးသွားကျတာ"နိုင်လဲဆွေးသလိုပြောပြီး ဆေးပြီးသားပန်းကန်များကိုအစီအရီတင်လျင်ပြောတော့
"ဒီပါးစပ်ကြောင့် ကဲဟယ်"ဟုတ် ကိုယ့်ပါစပ်ကိုရိုက်ပြီး အပြစ်ပေးနေတော့သည်
"နိုင်အဆင်ပြေပါတယ်ကြီးမြရယ်"
ထမင်းစားပွဲတွင်
"နိုင်နဲ့သမီးခိုင်ထည့့်စားကျနော်"ဟုတ်ပြောလဲပြော ဟင်းတွေလဲတလှည့်စီထည့်ပေးနေလေသည်
ကိုကိုကတော့ သူ့ရဲ့ခိုင်ကိုပဲထည့့်ပေးပြီး ဂရုစိုက်နေလိုက်တာ မောင့်မှာအမြင်ပင်ကတ်နေလေပြီ
အားလုံးထမင်းစားပြီးဧည်ခန်းထဲတွင်
"မာမီအားလုံးကိုမိတ်ဆက်ပေးမယ်နော် ဒါကတော့ကို့ကို့ရဲ့မိန်းမ ယဥ်လဲ့လဲ့ခိုင်တဲ့ ဟိုညီမလေးကခိုင်ရဲ့အစ်မ ယဥ်လဲ့လဲ့နိုင်တဲ့ နိုင်ကလဲဒီမှာနေမှာလေ အစ်မရဲ့အမျိုးသားကတော့အလုပ်ကိစ္စနဲ့ခရီးသွားနေလို့ နောက်တပတ်ထဲပြန်ရောက်မယ်ပြောတယ်"
"မာမီကအခုမှလာမိတ်ဆက်ပေးနေတယ် မောင်ကအန်တီအထုပ်တွေပို့ပြီးကတည်းကသိတယ်"
"ဟုတ်လို့လား မင်းကိုတ်ု့မသိပါဘူးနော်"ဟုတ် မျက်ခုံးလေးပင့့်လျက် ရယ်လိုင်ရင်ပါးမို့ပေါ်တတ်လာသည့်မှဲ့ကလေးနဲ့ရယ်ပြီးပြောကာ"ဟာ အန်တီနော် မညစ်ပတ်နဲ့ မောင်ကအထုပ်တွေလိုက်လဲပို့ပေးရသေးတယ် ဟွန့်"မျက်စောင်းလေးအသာအယာထိုးကာလက်ပိုက်က်ပိုက်လျက်
"ဟုတ်ပါပြီကွာ သိတယ်ဆိုလဲသိတယ်ပေါ့လေ"ဟုတ်ပြောပြီး
"ဒါနဲ့လေ အစ်မ နိုင်ကလေ ညီမလေးအဖော်ရအောင်လိုက်လာတာပါ ခိုင်နေသားကျရင်နိုင်ပြန်မလားလို့လေ"
"မမကလဲ ညီမလေးဒီနှစ်ယောက်ရှိတာကို မပြန်ပါနဲ့မမရယ် ယာအလုပ်ကလဲလူငှားနဲ့ထားခဲ့တာပဲလေ နော်မမ"
"ဟုတ်ပါတယ် နိုင်ရယ် ပြန်မနေနဲ့ နိုင်ပျင်းရင်အစ်မရဲ့ ဆိုင်ကိုလိုက်ခဲ့ ဟုတ်ပြီလား ဟိုလူဆိုးမလေးကိုလိုက်ပို့ခိုင်းလို့ရတယ်"
"မာမီနော် မောင်ဘယ်မှာဆိုးလို့လဲ ဆိုင်လဲဝိုင်းကူပေးရသေးတယ် လူက်ိုလဲဆိုးတယ်ပြောနေတယ် ဒယ်ဒီပြန်လာမှတိုင်ပြောပစ်စ်မယ်"ဟုတ်ကြိမ်းဝါးစွာ မာမီကိုစကားန်ုင်လုလိုက်ပြန်တော့ အားလုံးပဲ ရယ်ကျလေသည်
"အာ့ဒီလိုဆိုလဲ နိုင် မိုးအကုန်ဆောင်းအကူးလောက်ကျ ရွာခနလောက်ပြန်ချင်သေးတယ် ဒါတော့ခွင့်ပြုတယ်မို့လား" အားလုံးသဘောတူကျသည်
တအိမ်လုံးကလဲ ကိုယ့်မိသားစုသဖွယ် စောင့်ရှောက်ပေးပြီး ဖော်ရွေကျသည်မို့နိုင်တို့ညီအစ်မနှစ်ယောက် အနေမကျျဥ်းကြပ်ပေ ဟိုမောင်ဆိုသည့့်ကလေးမနှှင့်တွေ့လျှင် ရင်ခုန်တာကလွှဲလို့ပေါ့
#ကျော့
ပထမဆုံးစရေးတဲ့Ficမို့ အမှားပါရင်နားလည်ပေးကျပါနော်
လိုအပ်တာရှိရင်လဲအကြံပေးနိုင်ပါတယ်နော်

YOU ARE READING
အကို့မရီး ကျွန်မဇနီး
Romanceညီမဖြစ်သူရန်ကုန်သားနဲ့အိမ်ထောင်ကျလို့ ရန်ကုန်သို့လိုက်ခဲ့ရာ မတ်ရဲ့ညီမနဲ့ကြိုက်တဲ့Ficလေးပါ Sweet ဖြစ်နေမှာအာမခံမှာပါ😍 ဒေါ်ယဥ်လဲ့လဲ့နိုင်နဲ့ အိန္ဒြာမောင်လွင်တို့ ဘယ်လ်ိုတွေRoကျမလဲဆို ဖတ်ပေးကျပါအုံးနော်🤭