အကို့မရီး ကျွန်မဇနီး Ep 11
မောင့်နှင့်အန်တီတို့လဲ ရွာတွင်တပတ်ကျော်သာနေရတယ် အပြင်လဲဘယ်မှမထွက်ရနဲ့ အိမ်ထဲတွင်သာအိမ်တွင်းအောင်းပြီး ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နေ နေကျတယ်
နှင်းပွင့်ကတော့ အခုထိဒေါ်လေးယုယအချစ်ကိုရဖို့ကြိုးစားနေဆဲပေါ့ အခုတော့ မောင်နဲ့အန်တီတို့ သစ်ပင်အောက်ကခုံပေါ်ထိုင်လျက်
" အချစ် "
" ရှင့် ပြောလေ မောင့် "
" မောင်တို့လျှောက်သွားရအောင်လေ မောင်ပျင်းနေလို့ "
" ဘာရယ် တို့နားရှိတာတောင် ပျင်းနေတာလား ဟုတ်လား " ဆိုကာ မောင့်ကိုမျက်စောင်းထိုးလိုက်သည်
" မဟုတ်ဘူးလေ အချစ်ရဲ့ မောင့်အချစ်ကလဲ အချိန်ပြည့်အခန်းထဲနေနိုင်လို့လား "
" မောင်နော် ဒါပဲ အချိန်ပြည့်နှာကိစ္စပဲပြောနေတာ "
ဆိုကာ မောင့်နှာခေါင်းကိုညှစ်ကာပြောတော့
" နော် မောင်တို့ဆိုင်ကယ်နဲ့သွားရအောင် "
" အွန်းပါ မောင့်သဘော ဒီနားပဲသွားမယ်နော် အဝေးကြီးမသွားနဲ့ "
" အချစ်သဘော "
အန်တီနှာခေါင်းလေးကိုလက်ညိုးလေးနဲ့ထိကာပြောလေသည်
အန်တီကသနပ်ခါးပါးကွက်ကြားကွက်ပြီး ဝါးခမောက်ယူလာသည် အင်္ကျီလက်ရှည်ကတော့မပါမဖြစ်ပေါ့
" မောင် မျက်နှာကဘာမှမလိမ်းးဘူးလား နေလောင်မယ် တခုခုလိမ်းခဲ့ "
ဝါးခမောက်ကြိုးကိုမေးစေ့အောက်ချည်ရင်းပြောနေသည်
" အန်တီကလဲ နေသိပ်မပူဘူး မိုးတောင်နည်းနည်းအုံ့နေတယ် လိမ်းမနေတော့ဘူးနော် "
" ဟုတ်ပါတယ်လေ နေသိပ်ပူတာမှမဟုတ်တာ ဒါနဲ့မင်းသူငယ်ချင်းရော "
" နှင်းပွင့်ကသူ့ချစ်သူရဖို့အရေးကြိုးစားနေတယ် အချစ်ရဲ့ " အန်တီမှမျက်လုံးကိုပင့်ကာကြည့်တော့
" သူကလဲ သူ့အန်တီနားသွားနေတာ ပြောတာလေ အချစ်ရဲ့ "
အန်တီပါးအားနမ်းကာပြောတော့
" သနပ်ခါးတွေပျက်ကုန်မယ်လို့ "
" မောင်က မှဲ့နမ်းတာ ပါးကိုနမ်းတာမဟုတ်ဘူး "
" မောင် လူလည်မကျနဲ့နော် "
" မကျပါဘူး နေစမ်းပါအုံး မောင်မေးပါအုံးမယ် " အန်တီမှမော့ကြည့်တော့
" သနပ်ခါးပျက်လဲ ဘာဖြစ်လဲ အန်တီအလှကိုမောင်တယောက်တည်းပဲမြင်ရင်ရပြီမဟုတ်ဘူးလား အခုကဘယ်သူ့ကိုပြချင်တာလဲ " ဆိုကာ အန်တီကိုခပ်မာမာလေးပြောတော့
" အန်တီအလှက မောင့်တယောက်တည်းအတွက်ဟုတ်ပေမဲ့ လူများကြည့်ကောင်းအောင်နေရသေးတယ်လေ မောင်ရဲ့ "
မောင်ရဲ့လက်ကလေးကိုကိုင်ကာပြောတော့
မောင်မှအန်တီလက်ကိုဖယ်ကာ
" အန်တီကိုမောင်ကလွှဲပြီး ဘယ်သူ့မှစေ့စေ့ကြည့်တာ မောင်မကြိုက်ဘူး "
" မောင်ကလဲ မောင့်အနားရှိနေရင်အန်တီကိုဘယ်သူ့ကစေ့စေ့ကြည့်ရဲလို့လဲ ဒီနဂါးမျက်စောင်းကြီးနဲ့ကြည့်နေတာကို "
မောင့်မျက်လုံးလေးအားလက်ညိုးထိုးကာပြောတော့
မောင်မှဘာမှမပြောမျက်စောင်းထိုးတော့
" ဒီကမောင့်အချစ်ကလဲ အာ့မျက်စောင်းကြီးကို ချစ်နေရတာပါနော် " မောင့်ပါးကိုဆွဲကာပြောတော့ မောင်ခပ်တည်တည်နေရာမှပြုံးကာ အန်တီကိုကြည့်ပြီး
" ကဲ လာသွားမယ် မိုးချုပ်နေမယ် "
ဆိုင်ကယ်မောင်းမဲ့နေရာမှာ မောင်ထိုင်ကာပြောတော့
" မောင့်သဘောပါရှင် "
မောင့်ခါးကိုဖက်ကာ ဆိုင်ကယ်နောက်လိုက်သွားသည် မောင်ကို အန်တီက လယ်တွေထဲလိုက်ပြကာ အပြန်ကျ ရွာထိပ်ရှိရေကန်ဘေးကစိန်ပန်းပင်အောက်မှထိုင်ကာအမောဖြေနေကျသည်
" မောင် "
မောင့်ပုခုံးပေါ်လေးလေးမှီချကာခေါ်တော့
" ဗျာ "
" အများကြီးချစ်တယ် သိလား "
" သိပါဘူး ဘယ်လောက်အများကြီးချစ်တာလဲ ပြော "
" မောင်မသိလဲနေပေါ့ မပြောဘူး " မောင့်ပုခုံးကိုမှီထားရာကနေ ပြန်မတ်ကာ တခြားဘက်လှည့်သွားတော့
" မောင့်အမျိုးသမီးလေးကဘာဖြစ်သွားတာလဲ " ဆိုကာ ပုခုံးကိုပြန်ဖက်တော့ အန်တီမှလက်ကိုဖယ်ထုတ်ကာ ဘာမှပြန်မပြော
" အချစ်လို့ " အန်တီပုခုံးကိုသူ့ပုခုံးနှင့်တိုက်ကာခေါ်တော့ အန်တီကတော့ဘာမှမပြော
ချော့လို့လဲမရ မိုးကညိူ့မှိုင်းလာတော့
" ကဲ လာပါ အချစ်ရယ် အိမ်ရောက်မှချော့မယ်နော် ခနနေမိုးရွာတော့မယ်ထင်တယ် မိုးသားတွေ မဲတတ်လာပြီ မိုးမိမယ် အချစ်ရဲ့ "
မောင့်မှအတင်းဆွဲခေါ်တော့ပါလာကာ ဆိုင်ကယ်ပေါ်တွင်လဲ စကားမပြော မိုးဖွားလေးကျလာပြီး တဖြည်းဖြည်းများလာတော့ အန်တီမှနောက်ကနေမောင့်နားကပ်ကာ ခမောက်လေးကိုမောင့်ခေါင်းပေါ်သို့တဝက်ဆောင်းပေးချေသည် အန်တီကတော့ စိတ်ကောက်တာတောင် စိတ်ပူနေသေးတယ် မောင်မှရှေ့ကနေပြုံးနေလေသည် ခနနေတော့မကြာပါဘူး အိမ်ရောက်တော့ အန်တီမှ ရေသွားချိုးလေသည် မိုးမိလာသည်မဟုတ်လား
မောင်ကတော့ ရေကိုချက်ခြင်းတန်းမချိုးပဲ အိမ်ရှေ့စကားဝိုင်းမှာလေပေါနေသည် အန်တီလဲရေချိုးပြီးအခန်းထဲဝင်သွားတော့မှ မောင်လဲအခန်းထဲဝင်သွားသည်
" အချစ် " လို့ခေါ်ကာ နောက်ကနေသိုင်းဖက်တော့
" ဖယ် အခုမှလာဖက်မနေနဲ့ "
" အချစ်ကလဲ စိတ်ကောက်မနေပါနဲ့တော့ နော်" အန်တီခါးကိုပိုတိုးလို့ဖက်လိုက်သည်
" ဖယ် တို့အင်္ကျီဝတ်အုံးမယ် ဒီမှာရင်လျားနဲ့နေ နေတာ မင်းလဲရေမချိုးသေးဘူးလား "
" အချစ်ကစိတ်ကောက်နေတာကို မောင်ဘယ်လိုလုပ်ရေချိုးနိုင်ပါ့မလား "
" အပိုတွေမပြောနဲ့ ရေသွားချိုးသွား မချိုးရင်ဒီထက်ပိုဆိုးမယ်မှတ် "
" ဟုတ်ပါပြီ အချစ်ရဲ့ " အန်တီလည်ပင်းကိုခါးကိုင်းကာနမ်းသွားပြီး ရေချိုးဖို့သွားဖို့ အခန်းတံခါးနားရောက်တော့
" မောင် မြန်မြန်ချိုးနော် အန်တီအချော့ခံဖို့စောင့်နေမယ် " ဆိုကာ လက်ညိုးလေးကိုကိုက်ကာပြောတော့ မောင့်မှ ဟုတ်ကဲ့ လို့တခွန်းထဲပြောပြီး ရီကာထွက်သွားလေသည်
မောင်ရေချိုးပြီးအခန်းထဲရောက်တော့ အန်တီမှဆံပင်မခြောက်ပဲ အိပ်နေလေသည် မောင်လဲ အင်္ကျီအမြန်လဲကာ အန်တီကိုနိုးတော့
" အချစ် ဆံပင်လဲမခြောက်သေးပဲနဲ့ ဘာလို့အိပ်တာလဲ ထ ထမောင်သုတ်ပေးမယ် "
အန်တီမှအိပ်ချင်မူးတူးထကာ
" မောင်ကိုစောင့်ရင်းအိပ်ပျော်သွားတာ "
မောင့်ရင်ခွင်ထဲ ဝင်မှေးနေပြန်သည်
" အချစ်ရယ် ဆံပင်ခြောက်မှအိပ်နော် Dryerနဲ့မှုတ်မလား မောင်လုပ်ပေးမယ် " အန်တီမှမျက်လုံးလေးပွက်ကာ
" တော်ပြီ မလုပ်ချင်ဘူး မောင်ပဲသုတ်ပေး "
" အာ့ဆိုလဲသုတ်ပေးမယ်နော် " အန်တီမှ အွန်း ဟုတ်ပြောပြီး ခေါင်းငြိမ့်ပြတော့ မောင်အန်တီဆံပင်တွေခြောက်တဲ့ထိသုတ်ပေးနေလေသည်
* * * * * * * *
နှင်းဆီပန်းပင်ရေလောင်းနေသော ဒေါ်လေးယုယအား
" အန်တီ " လို့ နှင်းပွင့်မှ အဝေးကလှမ်းခေါ်တော့ ဒေါ်လေးယုယမှတချက်လှမ်းကြည့်ကာ ပြုံးပြီး အပင်တွေ ရေလောင်းနေလေသည် နှင်းပွင့်ကလဲ နှုတ်ခမ်းဆူကာ ဒေါ်လေးယုယဆီ အပြေးလေးလာတော့
" အန်တီ ဘာလို့ နှင်းပွင့်ခေါ်တာ မထူးတာလဲ"
" ဟော ဘာဖြစ်ပြန်တာလဲ နှင်းပွင့်ရယ် တို့မခေါ်လဲ မင်းတို့ဆီလာမှာမို့လား "
နှင်းပွင့်မှပါးလေးဖောင်းကာ
" အန်တီကလေ နှင်းပွင့်ဆို သိပ်အနိုင်ယူတာပဲသိလား "
" ဘာအနိုင်ယူလို့လဲကွ "
ရေခရားလေးအားအောက်ချကာပြောတော့
" နှင်းပွင့်ခေါ်တာ မထူးလို့လေ ထားပါ နှင်းပွင့်ကလဲ အန်တီကိုဆို အစတည်းကအရှုံးပေးပြီးသားပါ " ဆိုကာ ပန်းပင်ကအပွင့်မထိတထိနဲ့ တို့ကာပြောနေသည်
အန်တီမှဘာမှပြန်မပြော အိမ်အပြင်သို့လမ်းထွက်လျှောက်သွားသည်
" အန်တီလို့ ပြန်ပြောပါအုံး "
" တို့ကဘာပြောရမှာလဲ "
" ချစ်တယ်လို့လေ "
" ပြောစရာလား မင်းဟာမင်းကြိုးစားပေါ့ကွ"
ဒေါ်လေးယုယနှင့် နှင်းပွင့်နဲ့ လမ်းလျှောက်လာတုန်း အရှေ့မှာ အမူးသမား၂ယောက်က ဒေါ်လေးကိုထိကပါးရိကပါးနှင့်စကားလာပြောသည်
" ဘယ်သွားမလို့လဲ ယုရဲ့ " အာလေးလျှာလေူဖြင့်ပြောလေသည် အန်တီမှဘာမှပြန်မပြော ရှောင်ထွက်သွားတော့ အမူးသမား၂ယောက်က အန်တီလက်ကိုလာဆွဲတော့ နှင်းပွင့်မှ
" ဒီမှာ ရှင်တို့ကို အန်တီက စကားမပြောချင်လို့ရှောင်ထွက်သွားတာလေ ကိုယ်ထိလက်ရောက်တော့ မကျူးလွန်ပါနဲ့ " ဆိုကာ အမူးသမားထံမှအန်တီလက်ကိုဆွဲယူလိုက်ပြီး နှင်းပွင့်မှအန်တီလက်ကိုကိုင်ထားသည်
" လာ အန်တီသွားကျမယ် "
" ဟေး ဒီမယ် ကလေးမ မင်းကဘယ်သူ့မို့ ငါကိုအာ့လိုလာပြောနေတာလဲ ငါနဲ့ယုနဲ့ကငယ်ချစ်တွေကွ " လို့ပြောတော့ နှင်းပွင့်မှအန်တီကိုကြည့်တော့ အန်တီမှငိုနေလေသည်
" အန်တီ ဟုတ်လား "
" အရင်ကဟုတ်ခဲ့ပေမဲ့ အခုသူ့မှာလဲ သက်ဆိုင်သူရှိပြီးသာပါ အန်တီနဲ့ဘာမှမဆ်ုင်ပါဘူး "
" သူကဘာမှမဆိုင်ဘူးတဲ့ ကဲ ရှင်မနှောက်ယှက်ပါနဲ့ ခွင့်ပြုပါဦး ကျွန်မတို့ကို "
ဒေါ်လေးယုယလက်ကိုဆွဲကာအိမ်သို့ပြန်လာခဲ့လေသည် နှင်းပွင့်မှဒေါ်လေး ယုယကိုအငိုတိတ်အောင် ချော့နေရသည်
" အန်တီရယ် တိတ်ပါ အခုဘာမှမဖြစ်တော့ဘူးလေနော် "
" တို့လေ သိပ်ရှက်တာပဲ သူကလေ တို့အရမ်းချစ်ခဲ့ချိန်တုန်းက တခြားတယောက်နောက်ပါသွားပြီး အခုမှတို့ကို တို့ကို ...."
ရှိက်ကြီးတငင်နှင်းပွင့်ရင်ခွင်ထဲ မျက်နှာအပ်ကာ ငိုနေတော့သည် နှင်းပွင့်ကလဲ ဒေါ်လေးယုယ ကျောကိုပွက်ပေးကာ
" ဘာဖြစ်လဲ အန်တီ သူကအန်တီကို ဘာပြောလို့လဲ ပြော နှင်းပွင့်ကိုပြော သွားရှင်းမယ် "
" တို့ကြောင့် မင်းတခုခုဖြစ်မှာမလိုလားဘူး တို့အနားမှာပဲရှိနေပေးပါနော် "
အန်တီလဲ အငိုတိတ်တော့
" ဟိုး လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်ကပေါ့ တို့နဲ့သူနဲ့က အရမ်းချစ်ခဲ့ကျတာလေ တနေ့ကျတော့ သူ့အိမ်ကသဘောတူတဲ့သူတဲ့ သူနဲ့ လက်ထပ်သွားတယ် သူတို့ကရွှေ ရွှေချင်းထပ်မြတ်ခဲ့ကျတာပေါ့ အာ့တုန်းကသူတ်ို့ဘက်ကိုတချက်မှငဲ့မကြည့်ခဲ့ဘူး အခုမှသူ့မိဘတွေကလဲဆုံး စီးပွားရေးလဲကျ အိမ်ထောင်ရေးကလဲ အဆင်မပြေတော့ တို့ကိုအာ့လိုတွေလာ လာပြောတယ် တို့လေဘယ်သူ့ကိုအားကိုးရမှန်းမသိခဲ့ဘူးသိလား"
ပြောနေရင်း အန်တီမျက်ရည်ကျလာပြန်ပြီ
နှင်းပွင့်မှအန်တီမျက်ရည်တွေသုတ်ပေးကာ
" အခုနှင်းပွင့်ရှိတယ်လေ ဘာမှမဖြစ်တော့ဘူးနော် " ဆံပင်လေးသပ်တင်ကာပြောတော့
" တို့အချစ်ကိုယုံကိုခက်ခဲသွားတယ် အရင်ကလိုအဖြစ်မျိုးထပ်အဖြစ်မခံနိုင်ဘူး နှင်းပွင့်ရယ် အန်တီကိုနားလည်ပေးပါနော် "
" နှင်းပွင့်နားလည်ပါတယ် ချစ်တယ်လို့မပြောလဲရတယ် အန်တီနားမှာနေရရင်ကိုနှင်းပွင့်ကျေနပ်ပါတယ် နှင်းပွင့်အန်တီကိုချစ်တာ မျော်လင့်ချက်မပါ ပါဘူး "
" ဒါပေမဲ့နှင်းပွင့်ရယ် ချစ်မှတော့ ပိုင်ဆိုင်ချင်ကျတာပဲလေ "
" နှင်းပွင့်အတွက်ကအကုန်အဆင်ပြေတယ် အန်တီသာမငိုနဲ့တိတ်တော့နော် " ဆိုကည မျက်ရည်များသုတ်ပေးနေလေသည်
YOU ARE READING
အကို့မရီး ကျွန်မဇနီး
Romanceညီမဖြစ်သူရန်ကုန်သားနဲ့အိမ်ထောင်ကျလို့ ရန်ကုန်သို့လိုက်ခဲ့ရာ မတ်ရဲ့ညီမနဲ့ကြိုက်တဲ့Ficလေးပါ Sweet ဖြစ်နေမှာအာမခံမှာပါ😍 ဒေါ်ယဥ်လဲ့လဲ့နိုင်နဲ့ အိန္ဒြာမောင်လွင်တို့ ဘယ်လ်ိုတွေRoကျမလဲဆို ဖတ်ပေးကျပါအုံးနော်🤭