Episode 9

3.7K 180 0
                                    

အကို့မရီး ကျွန်မဇနီး Ep 9

အားလုံးပဲ ရွာပြန်ဖို့စီစဥ်နေကျသည် မောင်နှင့်အန်တီနဲ့က ဆိုင်ကယ်ဖြင့်ပြန်လာသည်
ခိုင်တို့လင်မယားနဲ့မောင့်မာမီတို့နဲ့ကကားတစီး နှင်းပွင့်နှင့်ဒေါ်လေးယုယတို့နဲ့ကကားတစီးဖြင့်ပြန်လာခဲ့သည်
အန်တီရွာသည် မုံရွာမြို့နှင့် ဆိုင်ကယ်၁နာရီကျော်သာမောင်းရသည် ကားနှင့်ဆိုတနာရီနီးနီးသာသွားရသည်
အန်တီက ကားနှင့်သွားချင်ပေမဲ့ မောင်ကတော့ မသွားချင်ပေ
" မောင်ကလဲအန်တီ ဆိုင်ကယ်မမောင်းချင်ဘူးဆို ပင်ပန်းလို့ "
" အန်တီမမောင်းချင်ရင်မောင် မောင်းမယ်နော် အန်တီကမောင့်ခါးကိုဖက်ပြီး လိုက်ခဲ့ ဟုတ်ပြီလား"
ဆိုကာ အဝတ်ခေါက်နေသော အန်တီနားအားသွားကာ ခါးကိုဖက်ရင်းပြောလိုက်သည်
" မင်းကအာ့လိုဇွတ်တွေ အာ့တာတွေကြောင့်ကြည့်မရတာသိလား"
ခေါက်ထားသောအဝတ်များအားLuggageထဲအားထည့်ပြီးပြောလိုက်သည်
"  ဟုတ်လို့လား မှန်းစမ်း ဒါလားကြည့်မရဘူးမျက်နှာက မနက်ဆို မောင်မသိအောင် ခိုးခိုးနမ်းပြီးတော့လေ "
မောင်ကအန်တီအား လက်ညိုးလေးကွေးလိုက်ဖြောင့်လိုက်နဲ့ စတော့
"  မောင်မသိအောင် လုပ်တာလေ မောင်ကဘယ်လိုသိတာလဲ "
မောင့်ဘက်သို့လှည့်ကာပြောတော့
" မောင့်ကအန်တီဘာလုပ်လုပ်သိနေတယ်လေ "
ဆိုကာအန်တီကိုဖက်လိုက်ပြန်သည် အမှန်က မနက်ကမောင်မနက်ကအိပ်ရာအရင်င်နိုးနေတာ အန်တီကြည့်နေတုန်းအန်တီနိုးလာတော့ ပြန်အိပ်ချင်ယောင်တောင်လိုက်ကာ အန်တီမှမောင့်ကိုနမ်းသွားတာကြောင့်ပါလေ
" အပိုတွေလျှောက်ပြောမနေနဲ့ ဒီမှာအဝတ်ထည့်နေတယ် ဒါနဲ့မောင့်မာမီတို့ကသွားကျပြီလား အသံလဲမကြားဘူး "
" ခနနေသွားတော့မှာ ပစ္စည်းတွေထည့်နေလို့နေမှာပါ အသံမကြားတာက "
" မောင် အာ့ဆို Luggageသွားထည့်ထားလိုက် ဆိုင်ကယ်နဲ့ဆို သယ်ရခက်လိမ့်မယ် သွား အခုသွားလိုက်နော် "
အန်တီမှချိုချိုသာသာပြောတော့
မောင်မှချက်ခြင်းသွားထားရသည် မောင်တံခနားရောက်တော့ အန်တီမှ
" မောင် ခန"
" ဘာလဲအန်တီရဲ့ လူကိုအတင်းခိုင်းနေတော့တာပဲ "
" ဘာလဲ မင်းကငြိုငြင်တာလား ဒါလေးပြောတာကို "
မောင့်ဆီလာရင်းပြောလိုက်သည်
" မငြိုငြင်ပါဘူး ဘာပြောမလို့လဲပြော "
" မောင့်အတွက်လေ အင်္ကျီလက်ရှည်မယူရသေးလို့ ဆိုင်ကယ်မောင်းရမှာဆိုတော့ နေပူတယ်လေ အဝတ်လက်အိတ်ပါယူရမှာ "
" အာ့လိုကျတော့ မောင့်ကိုစိတ်ပူတယ်ပေါ့လေ အန်တီအတွက်ရောယူပြီးပြီလား"
အန်တီမေးစေ့လေးကိုကိုင်ကာပြောတော့
" စိတ်ပူတာပေါ့ အန်တီချစ်လို့ယူထားတာပဲဟာကို အန်တီအတွက်ယူပြီးပြီ မောင်ကသာအန်တီပေါ်ကိုစိတ်မရှည်တာ သိရဲ့လား "
မောင်ရင်ဘတ်ကိုထုကာပြောလေသည်
" စိတ်ရှည်ပါတယ် အန်တီရယ် ခုနကစတာပါ စိတ်မဆိုးနဲ့ မာမီတို့ကိုသွားပေးလိုက်အုံးမယ်နော် တော်ကြာမမှီပဲနေလိမ့်မယ်"
အန်တီကိုနမ်းကာထွက်သွားသည်
အန်တီမှမောင်နမ်းသွားသော ပါးလေးကိုကိုင်ကာပြုံးလျက်ကျန်နေခဲ့သည်
* * * * * * * * *
" အန်တီ မုံရွာကန်သာယာဝင်ရအောင် မောင်မရောက်ဖူးလို့ "
" အာ့တာကြောင့်ဆိုင်ကယ်နဲ့မသွားချင်တာပေါ့လေ ဟုတ်လား "
" ဟုတ်တယ်လေ မောင့်အမျိုးသမီးလေးနဲ့ မောင်အကုန်လုပ်ဖူးချင်တယ် ကန်သာယာကိုဆိုင်ကယ်နဲ့ပတ်ချင်တယ် မောင့်အမျိုးသမီးလေးကိုတင်ပြီး အာ့ကြောင့်ကားနဲ့မလိုက်တာဘာဖြစ်လဲ "
ဆိုင်ကယ်စီးရင်အခြေအတင်ပြောနေပြန်ပြီ
ကန်သာယာကိုဆိုင်ကယ်ဖြင့် တပတ် ပတ်ကာ ခုံတန်းနားလေးရောက်တော့ ဆိုင်ကယ်ရပ်ကာ အသီးဖျော်ရည်သွားဝယ်သည် အန်တီဆီလမ်းလျှောက်လာနေစဥ် မလှမ်းမကမ်းနေရာသို့ရောက်သော
" မောင် ဘာလို့ တခုတည်းဝယ်လာတာလဲ "
" ဒီမှာလေ အန်တီရဲ့ "လို့ဆိုကာ
ပိုက်နှစ်ချောင်းကို ထုတ်ပြတော့
" အာ့ပိုက်နှစ်ချောင်းနဲ့ ဘာလုပ်မလို့လဲ "
" ကျစ် အန်တီကလဲ ဒီခွက်ထဲကိုပိုက်နှစ်ချောင်းထည့့်ပြီးသောက်မှာပေါ့"
အအေးခွက်လေးကိုင်ပြီး အပေါ်မြှောက်ပြကာပြောလေသည်
" မောင်နော် တော်တော်တတ်နေ နှစ်ခွက်ဝယ်ခဲ့ရင်ပြီးနေတာကို " အအေးခွက်ကိုလှမ်းယူရင်းပြောလိုက်သည်
" အန်တီကလဲ မောင့်မှာဒီလိုသောက်ချင်လို့ ဆိုင်ရှင်ဦးလေးဆီက ပိုက်နှစ်ချောင်းတောင်းခဲ့ရတာ "
" ပြီးရော လာထိုင် သောက်တော့ အန်တီရေဆာလို့ ပြန်ရင်ရေဘူးဝင်ဝယ်ယ်ကျရအောင်နော်"
" ဟုတ်ပါပြီ မောင့်အမျိုးသမီးလေး "
အန်တီပုခုံးကိုဖက်ထားလိုက်သည်
အန်တီမှပုခုံးကိုတွန်းဖယ်ကာ
" မောင်လူတွေရှိနေတယ်လေ "
" ဘာဖြစ်လဲ မောင့်မိန်းမမို့ မောင်ဖက်တာလေ "
ဟုတ်ဆိုကာ ပိုတိုးကာဖက်လေသည်
အန်တီမှပြောလဲမရပါလားဆိုသည့့်အကြည့်နှင့် မောင့်ရင်ခွင်ထဲသာ တိုးနေတော့သည်
* * * * * * * * * *
မောင်တို့လဲဆိုင်ကယ်မောင်းလာပြီး ရွာအဝင်တွင် စိန်ပန်းပင်များတန်းလျက် အပွင့်များပင်ကြွေကျနေပြီး ရွာဝင်တလမ်းလုံး နီရဲနေတော့သည်
" အန်တီ စိန်ပန်းတွေက ကြွေကုန်ပြီနော် "
" ဟုတ်တယ် မိုးဦးကျမို့လေ မိုးတွင်းရောက်တော့မယ်ရှင်ရဲ့ "
မောင်မှဘာမှဆက်မပြောစိန်ပန်းတွေကိုသာငေးပြီး မောင်းသွားလေသည်
မောင်တို့လဲအိမ်ရောက်ပြီး ခနနားကာ အန်တီကတော့ ပန်းလို့ထင်ပါရဲ့ အိပ်နေတော့သည်
မောင်ကတော့ နှင်းပွင့်နှင့် အိမ်ရှေ့ရှိသစ်ပင်အောက်ကခုံပေါ်တွင်ထိုင်နေသည်
" မောင် ငါလေ ငါကောင်လေးနဲ့လမ်းခွဲလိုက်ပြီ "
နှင်းပွင့်မှတခုခုကို လွမ်းဆွက်လျက်ပြောတော့
" ဟဲ့ ဘယ်လိုဖြစ်ကျတာလဲ "
မောင်မှအံ့သြကာမေးလေသည်
" ငါကစဖြတ်လိုက်တာ သူကလဲ နောက်တယောက်က်တွေ့နေပြီတဲ့လေ ငါတို့နင်ကိစ္စကြောင့်မုံရွာလာကတည်းက မဆက်သွယ်ဖြစ်တာ"
" ဟဲ့ ငါကြောင့်လား ငါပြောပေးရမလား "
" မဟုတ်ပါဘူး နင့့်ကြောင့် ငါ့အချစ်စစ်တွေ့နေတာ "
" ဘယ်လို ဘယ်လို လူနားလည်အောင်ပြောစမ်းပါနှင်းပွင့်ရယ် "
" ငါလေအန်တီယုယနားနေရရင် ဟိုအကောင်ကိုတောင်သတိမရဘူးဟ သူ့အနားနေရရင် ငါပျော်နေတာ အာ့တာအချစ်စစ်မဟုတ်ဘူးလား"
" ဟော အာ့ဆိုနင်ကလဲငါ့လိုပဲပေါ့"
နှင်းပွင့်မှခေါင်းငြိမ့်ပြကာ
"နင်ပြောတော့လဲ မှန်သားပဲ ငါလဲ အန်တီနားနေရရင်အာ့လိုပဲ "
" အာ့လိုပဲမနေနဲ့ ငါနဲ့အန်တီယုယနဲ့အဆင်ပြေအောင်ကူညီပေးပါအုံး နင့်အန်တီကိုလဲပြောပေးအုံး ငါတို့ကရန်ကုန်ပြန်ရတော့မှာ ငါအန်တီယုယနဲ့မခွဲချင်ဘူး ကူညီပေးနော်သူငယ်ချင်းလေး "
ဆိုကာမောင့်ပုခုံးကိုဖက်ကာပြောလေသည်
" သူလိုတာရှိမှသူငယ်ချင်းလေးနဲ့ တော်တော်ကိုဖြစ်နေတာပေါ့လေမိနှင်းပွင့် "
" အေးဟ ငါလဲအန်တီယုယကို မိန်းမတော်ချင်နေတာ " သူငယ်ချင်းနှစ်ယောက်စကားတပြောပြောနဲ့ ဟာသဖောက်နေတုန်း အန်တီရောက်လာကာ မောင်ပေါ်ကိုနှင်းပွင့်ကဖက်ထားတာမြင်တော့ မောင်ကိုမျက်စောင်းထိုးပြီး တခြားဘက်ထွက်သွားကာ မောင်မှနှင်းပွင့်အားမျက်စပစ်ပြကာ အန်တီနောက်လိုက်အုံးမယ်ဟု ပြောလိုက်တော့ နှင်းပွင့်မှရီ၍ ​ခေါင်းငြိမ့်ပြလိုက်သည်
" အန်တီ မောင့်မိန်းမလေး မောင့်အမျိုးသမီးလေး " ဆိုကာ
နှင်းဆီပန်းပင်တွေကြည့်ပြီး ကိုင်နေသောအန်တီအားခါးမှဖက်ကာပြောတော့
" ဘယ်လိုတွေ ခေါ်နေတာလဲ ရုပ်ကိုကပြောင်းစပ်စပ်နဲ့ " ဆိုကာ ခါးတွင်ဖက်ထားသော မောင့်လက်အားဖယ်ချကာ
" အန်တီကလဲ ဘာဖြစ်နေတာလဲ ကိုယ့်မိန်းမမို့ဖက်တာကို "
ပိုပြီးတော့တင်းနေအောင်တဖန်ဖက်လိုက်ပြန်သည်
" တခြားတယောက်က်နားရှိတော့ ကိုယ့်မိန်းမကိုရော သတိရသေးရဲ့လား ဒေါ်အိန္ဒြာမောင်လွင်ရဲ့ "
" အန်တီကကွာ ဘာမဟုတ်တာလေးနဲ့ သဝန်တိုနေသေးတယ်  "
" ဘာကိုဘာမဟုတ်တာလဲ မင်းကတို့မဟုတ်တဲ့ တခြားတယောက်က်နဲ့ ပြုံးနေတာလေ "
မောင့်လက်ကိုတဖန်ပြန်ဖယ်ကာ ရှေ့သို့လျှောက်သွားတော့ မောင့်မှအန်တီလက်ကိုဆုတ်ကိုင်ကာ
" တခြားတယောက်က်နဲ့ပြုံးနေပေမဲ့ တခြားတယောက်က်ကို အန်တီအကြောင်းပြောပြီး ပြုံးနေတာလေ  ပြီးတော့ "
မောင်မှအန်တီကိုစကာ စကားကို ဒီတိုင်းထားလိုက်တော့
" ပြီးတော့ ဘာဖြစ်လဲ ပြောလို့  "
မောင်မှဘာမှပြန်မပြော ပြုံးသာနေလေသည်
" မောင် စိတ်တိုလာပြီနော် ပြောဆို မပြောရင်ညကျတို့နဲ့လာမအိပ်နဲ့ "
အိ်တီမှမနိုင်ိုင် နိုင်ရာကိုခြိမ်းခြောက်လိုက်သဘ်
" အာ အန်တီရယ် အာ့တာတော့ မလုပ်ပါနဲ့  ဒီလိုအန်တီရဲ့  နှင်းပွင့်ကအန်တီရဲ့သူငယ်ချင်း ဒေါ်လေးယုယကိုကို သဘောကျလို့တဲ့ သူကအာ့တာမောင့်ကိုကူညီခိုင်းလို့လေ "
" နေစမ်းပါဦးမောင်ရဲ့ သူ့မှာကောင်လေးရှိတယ်ဆို "
" ပြတ်သွားပြီတဲ့ သူမုံရွာရောက်ကတည်းကတဲ့ သူ့ကဒေါ်လေးယုယကိုတကယ်ချစ်တာတဲ့ ကူညီလိုက်ပါ အန်တီရယ်နော် "
အန်တီကိုဖက်ပြီး လှုပ်ရမ်းကာပြောတော့
" အင်းပါ မသိရင်သူ့ကိစ္စကျလို့ အတင်းကိုစိတ်အားထက်သန်နေတယ်ပေါ့လေ  "
" အာ့လိုလဲမဟုတ်ပါဘူး ဒေါ်လေးယုယကလဲ တကိုယ်တည်းသမားမို့လား သူ့လဲအဖော်ရအောင်လေ ရန်ကုန်ကိုခေါ်ခဲ့ပါ့လား "
" ဒါတော့ဟုတ်တယ် သူလဲဒီမှာတယောက်က်တည်းပျင်းနေရှာမှာ အန်တီမေးကြည့်ပါအုံးမယ် "
အန်တီနှင့် မောင်တို့တယောက်က်လက်ကိုတယောက်က်ကိုင်ကာစကားတပြောပြောနှင့် ဒေါ်လေးယုယအိမ်သွားကာ အိမ်ကသိပ်မဝေးပေမဲ့ ရွာထဲကလူများကတော့ မောင်တို့ကိုထူးဆန်းစွာကြည့်နေကျသည် အန်တီကလက်ကိုလွှတ်တော့ မောင်မှအန်တီလက်ကိုကိုင်လည်ဆုတ်ကိုင်ကာ
" ပတ်ဝန်းကျင်ကိုဂရုမစ်ူူက်နဲ့ အန်တီ သူတို့ကချီးမွမ်း၇ရက် ကဲ့ရက်၇ရက် မောင့်ကိုပဲဂရုစိုက် မောင်ကတသက်က်လုံးအန်တီကိုပဲ ချစ်သွားမှာသိလား "
အန်တီပုခုံးကို သူ့ပုခုံးနှင့်တိုက်ကာတိုးတိုးလေးပြောသည် အန်တီကလဲပြုံး၍  " လိပ်မျိုး " ဟုတ်တခွန်းတည်းသာပြောလေသည်
" လာ လာနိုင် ငါလဲတယောက်က်တည်း ပျင်းနေတာ ခနနေရင်အာ့ဘက်ထွက်လာမလို့ပဲ "
" အခုတော့ ကျုပ်တို့ကပဲ အညောင်းခံလာရတာပေါ့လေ "
အန်တီမှ တန်းလျားပေါ်သို့ထိုင်ကာ ပြန်ပြောလိုက်သည် မောင်လဲအန်တီနားဝင်ထိုင်လိုက်သည်
" ယုယ နင်တယောက်က်တည်းပျင်းရင် ရန်ကုန်လိုက်ခဲ့ပါ့လား "
ဒေါ်လေးယုယမှ အိမ်ထဲဝင်ပြီး မုန့်များပြန်ယူကာထွက်လာပြီး
" ငါလဲပျင်းနေတာ ရန်ကုန်ကျတော့ နင့့်မောင့်တို့အိမ် အားနာလို့လေ "
မုန့်ပန်းကန်များစားပွဲပေါ်ချကာပြောတော့
" မောင်တို့အိမ်ကိုအားနာရင် နှင်းပွင့်တို့အိမ်ကိုလိုက်ခဲ့လေ အန်တီယုယ "
အသံလားရာဘက်သို့ သုံးယောက်စလုံး လှမ်းကြည့်လိုက်တော့
" ဟဲ့ နင်ကဘယ်ကနေ ဘယ်လိုရောက်လာတာလဲ "
" နင်တို့က ငါ့ကိုမှမခေါ်တာ ငါကပဲ မေးလာရတာပေါ့ "လို့ဖြေရင်းအန်တီယုယနားဝင်ထိုင်လိုက်သည်
" ဟိုဘက်သွားထိုင်လေ ဘာလို့ဒီဘက်လာထိုင်တာလဲ "
" အန်တီကလဲ နှစ်တွဲဖြစ်သွားအောင်လေ "
" ဘာ...!ဘာကိုနှစ်တွဲလဲ "
" ဟို ဟိုလေ ဟိုဘက်မှာနှစ်ယောက် ဒီဘက်မှာနှစ်ယောက်မျှအောင်ထိုင်တာကိုပြောတာပါ "
အန်တီနဲ့ မောင့်မှာ နှင်းပွင့်တို့ကိုကြည့်ပြီးပြုံးစိစိနှင့်
" မင်းနော် မင်း " ဆိုကာ လက်ညိုးလေးထိုးကာပြောတော့
နှင်းပွင့်မှပြုံးပြတော့ အန်တီယုယကတခြားဘက်လှည့်သွားကာ အန်တီနဲ့စကားပြောနေသည်
" နိုင်တို့ကဘယ်တော့ပြန်မှာလဲ  ငါလဲ အလည်လိုက်ခဲ့မယ်နော် " အန်တီမှမောင့်ကိုကြည့်တော့
" မသိသေးဘူး ဒေါ်လေးယုယရဲ့ မာမီတို့ကိုမေးရအုံးမှာ ဒေါ်လေးလဲ ဒီကြားထဲအိမ်ဘက်လာအုံးမယ်မို့လား "
အန်တီမှ ကြားဖြတ်ကာ
" လာအုံးမယ်ဆို ယုယနင်တို့ဆီကို ငါတို့ညလာအိပ်ရမယ်ထင်တယ် အိမ်မှာက မဆံ့တော့လို့လေ "
" အင်း ရတယ်လေ ငါလဲတယောက်က်တည်းနေတာ အခန်းတခန်းလွတ်နေတယ် "
" ဟိုဟာ နှင်းပွင့်ရော အိပ်ရမှာထင်တယ်ယုယ"
ဒေါ်လေးယုယမှနှင်းပွင့်ကိုလှမ်းကြည့်ကာ နှင်းပွင်ကတော့ပြုံးပြကာ
" ရတယ်လေ အိမ်ရှေ့ခန်းလဲ လွတ်နေတာပဲ အာ့မှာအိပ်လို့ရတယ် "
ဒေါ်လေးယုယမှ နှင်းပွင့်ကိုမကြည့် အန်တီနဲ့မောင့်ကိုကြည့်ပြီးပြောလေသည်
" အန်တီကလဲ ရက်စက်တော့မှာလား နှင်းပွင့်မှတဟောက်တည်းမအိပ်ရဲတာ အန်တီအိပ်မယ်လေနော် " အန်တီပုခုံးကိုလှုပ်ပာပြောတော့
" တို့နဲ့အိပ်ရင်တော့ ကြမ်းပြင်ပေါ်အိပ်ရမာနော် "
" ရတယ် ရတယ် အိပ်မယ်နော် "
ဆိုကာပြောတော့ အန်တီနှင့်ဒေါ်လေးယုယကတော့ စကားပြောနေပြီး မောင်နှင့်နှင်းပွင့်နဲ့ကတော့ဂိမ်းထိုင်ဆော့နေလိုက်သည်
ဒေါ်လေးယုယကတော့ အန်တီလိုပဲ ရန်ကုန်ကိုအလည်ဆိုပြီးရွာမှာပြန်အခြေချပါအုံးမလား နှင်းပွင့်ကလဲ အန်တီကိုဘယ်လိုချစ်ရေးဆိုမလဲဆိုတာ ဆက်လက်ဖတ်ရှုပေးကျပါအုံးနော်
#ကျော့
ဖတ်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်
အားလုံးပဲဂရုစိူက်ကျနော်

အကို့မရီး ကျွန်မဇနီးTempat cerita menjadi hidup. Temukan sekarang