အကို့မရီး ကျွန်မဇနီး Ep 8
မောင်တို့လဲနှင်းပွင့်အဒေါ်အိမ်ရောက်ပြီး သူ့အခန်းကိုယ့်အခန်းခွဲကာ ညစာအတွက် မောင်နှင့်နှင်းပွင့် လိုအပ်သည်များသွားဝယ်ကာ အန်တီတို့နှစ်ယောက်ကတော့ပြင်ဆင်နေကျသည်
ဝိုင်းချက်နေကျသည်သာဆိုတယ် မောင်နဲ့နှင်းပွင့်နဲ့က အိမ်ရှေ့ခန်းတွင်ဂိမ်းထိုင်ဆော့နေကျသည်
အန်တီနဲ့ဒေါ်လေးယုယတို့ကသာချက်ပြုတ်နေကျသည် ချက်ပြီးပြုတ်ပြီး စားပြီးသောက်ပြီး ဧည့်ခန်းထဲတွင် TVကြည့်နေစဥ်
" အန်တီ မောင်တို့အိပ်ကျရအောင်နော် မောင်ပင်ပန်းလာပြီ "
" ခနနေပါအုံး မောင်ရဲ့ ဒီမှာဇာတ်ကားလေးကကောင်းနေတာကို နော်လို့ ခနပဲကို မောင်အရမ်းအိပ်ချင်ရင် အန်တီပေါင်ပေါ်အိပ်နှင့်နော် "ဟုတ် အန်တီကသူ့ပေါင်လေးပေါ်သို့မောင်ခေါင်းကိုလဲချလိုက်သည်
နှင့်ပွင့်နှင့်ဒေါ်လေးယုယတို့ကတော့ မောင်တို့သာယာနေသည်များကိုကြည့်သည့့်ပရိတ်သတ်ဖြစ်နေတော့သည်
" နှင်းပွင့်ရေ အန်တီတို့လဲ သွားအိပ်ရအောင် သူတို့လဲလွတ်လွတ်လပ်လပ်ချစ်ကျပါစေ" ဟု မျက်စောင်းထိုးပြီး ရွဲ့ပြောသွားသည်
" တွေ့လားမောင် သူများတွေသာယာနေတာကိုမနာလိုာလိုဖြစ်နေတာ" အန်တီမှ ဒေါ်လေးယုယကိုစလိုက်သည်
" မဖြစ်ပါဘူးနော် ပိုကိုပိုလွန်းလို့ပြောနေရတာ" ဟုတ်
ခြေလေးဆောင့်ကာ အခန်းထဲဝင်သွားလေသည်
" အန်တီ မောင်တို့လဲ အိပ်ကျရအောင်နော်"
" အွန်းပါ TVပိတ်ခဲ့လိုက်တော့ အန်တီ အိပ်နှင့်ပြီ "
အန်တီကလဲအပေါ်ထပ်ကိုအပြေးလေးတတ်သွားခဲ့သည်
တဖက်တွင် မောင်သက်လွင်တို့အခန်းထဲတွင်
" မမက ကိုရဲ့ညီမနဲ့အတူတူရှိနေတာပဲဖြစ်ရမယ် " ခေါက်ပြီးသောအဝတ်များကို ဗီရိုထဲထည့့်ကာပြောနေသည်
" ခိုင်ကဘာလို့သဘာမတူဖြစ်နေတာလဲ ခိုင်ရဲ့ ကိုယ့်ညီမလေးကလိမ်မာပါတယ်"
" သူကရည်းစားည်းစားရှုပ်တယ်လေ ခိုင်အစ်မကိုအပျော်ကြံရင်ဘယ်လိုလုပ်မလဲ "
" အော် ကိုညီမအကြောင်းကိုသိပါတယ် ခိုင်အစ်မပခိုင်လိုပဲကံကောင်းမှာ ကို တို့မောင်နှမတွေက ချစ်တတ်တယ်လေ ခိူင်အသိဆုံးပါ" ပြောကာ ခိုင်ပုခုံးကိုဖက်တော့ ခိုင်ကလဲရင်ခွင်ထဲတိုးဝင်နေလိုက်သည်
" ကို ခိုင်တို့ မမဆီလိုက်သွားမယ် ကဲပြောလေကြာတယ် အခုသွားမယ်ကိုရယ် မနက်ရောက်လောက်တယ် "
" ခနနေအုံး ကို နှင်းပွင့်တို့အိမ်ဖုန်းဆက်မေးအုံးမယ် "
" သွားဆက် ခိုင်အဝတ်လေး၂စုံလောက်ထည့့်ထားလိုက်မယ်နော် "
မောင်တို့အခန်းထဲတွင်လဲ
" အန်တီ ရေချိုးတာမပြီးသေးဘူးလား မောင်ဝင်ခဲ့ရမလား "
"မဝင်ခဲ့နဲ့ အန်တီထွက်ခဲ့မယ် "
အမှန်မှာ အန်တီကရှက်ှက်နေခြင်ပင်ဖြစ်သည်
ရေချိုးမည်ကိုအကြောင်းပြကာ အပြင်ကိုတော်တော်နဲ့ ပြန်မထွက်ပေ
" အန်တီလာ အိပ်ကျရအောင် "
မောင်မှအန်တီရေချိုးခန်းကထွက် ထွက်ချင်း ခါးကိုဖက်ကာပြောတော့
" မောင် ဘယ်လိူဖြစ်နေတာလဲ အိပ်ချင်တာများ အိပ်နှင့်တာမဟုတ်ဘူး "
" အန်တီကလဲ မောင်အန်တီနဲ့မှအိပ်ချင်တာကို " ချွဲချွဲလေးပြောတော့
" မောင် အန်တီဆိုင်ကယ်စီးရတာ ညောင်းနေလို့ ဒီနေ့တော့ အနားပေးနော် "
အန်တီမှ မောင်ရင်ခွင်ထဲမှာနေပြီး ပြောတော့
" အန်တီကလဲ "
" အန်တီကမလဲနဲ့ တို့အပြင်ထွက်အိပ်မယ် ဒီထက်ပိုပြီးအတွန့်တတ်ရင် "
မောင်ရင်ခွင်မှထွက်ကာ အပြင်ထွက်မည့့်ဟန်ပြင်တော့
" အတွန့်မတတ်ဘူးနော် မောင်နဲ့ပဲအိပ်ပါ "
အန်တီပြန်ဆွဲပြီး ကုတင်ပေါ်ထိုင်စေသည်
" အာ့ဆိုလဲအိပ်မယ် တို့မနက်ကျစောစောထပြီး ထမင်းဟင်းချက်ရအုံးမယ် "
အိပ်ဖို့ဟန်ပြင်နေစဥ်
" ဒီလိုတော့အိပ်လို့ရတယ်မို့လား"
မောင်လက်မောင်ပေါ်အန်တီကိုအိပ်စေကာ
အန်တီမှပြုံး၍ခေါင်းငြိမ့်ပြသည်
" အများကြီးချစ်တယ် သိလား "
" အန်တီကလဲအများကြီးချစ်တယ် သိလား"
ဆိုပြီး မောင့်ကိုပြုံးပြကာ အန်တီမှမောင့်ပါးပြင်နှစ်ဖက်ကို တလှည့်စီနမ်းနေတော့သည်
မောင်ကတော့ အန်တီလိုမဟုတ် တဖွဖွ နမ်းနေတော့သည် အန်တီကတော်ပြီလို့ပြောသည်လဲမရ အတင်းနမ်းသည် ဒီလိုကျီစယ်ရင်းနဲ့ မောင်တို့မင်္ဂလာဦးကျကုန်ဆုံးလေသည်
အန်တီပြောထားသည်မဟုတ်လား မနက်ကျရင်စောစောထပြီး ထမင်းချက်ရပါ့မယ်ဆိုတာ အန်တီနဲ့ ဒေါ်လေးယုယနဲ့ချက်နေစဥ်
မောင်မှအန်တီကိုရှာနေသည်
" အန်တီရေ အန်တီ ရေ "
" အန်တီဒီမှာ မောင်ဘာဖြစ်လို့လဲ "
မောင်မှအန်တီကိုလက်နှစ်ဖက်ဖြင့်ဖက်ကာ
" မောင်ကိုတဘက်ရှာပေးအုံး မောင်ရှာတာမတွေ့လို့ "
" မောင်နော် တဘက်က အန်တီရေချိုးခန်းထဲမှာ ခေါက်ထားတယ်လေ "
" အာ့တဘက်ကပြောတယ်သိလား "
အန်တီကမောင့်ရင်ခွင်ထဲကနေ မောင့်ကိုမော့ကြည့်ကာ
" တဘက်ကလေ အန်တီယူမှယူရတာတဲ့ မောင်ယူလို့မရဘူးတဲ့ အာ့လိုပြောတယ်"
အန်တီမှမျက်စောင်းထိုးတာ
" ရှင်နော်ရှင် ပလီပလာစကားတွေအရမ်းတတ်တယ် ဒီမှာ ယုယတယောက်က်တည်းလေ ခနနေရင်တတ်ခဲ့မယ်နော် "
အန်တီမှချော့ပြောကာ
" ကဲပါ မိနိုင်ရယ် လိုက်သွားလိုက်စမ်းပါ ငါတယောက်က်တည်းလဲချက်နိုင်တယ် ဒီဟင်းရည်လေးပွက်ရင်ရပြီကို တော်ကြာ တဘက်ယူမလို့ နင့်မောင်သုတ်စရာမရှ်ိဖြစ်နေအုံးမယ်"
ဟင်းအိုးကိုမွှေရင်းပြောလိုက်သည်
" မောင်နော် တအားအကဲပိုနေတာ တဘက်ကကိုယ့်ဟာကိုသုတ်လဲရနေတာကို "
မောင့်ကိုရေသုတ်ပေးနေရင်းပြောလိုက်သည်
" အန်တီကလဲ မောင်ကအိပ်ရာနိုးတာနဲ့မောင့်အမျိုးသမီးလေးကို အရင်င်ဆုံးမြင်ချင်တာလေ ပြီးတော့ Morning kissလဲပေးချင်သေးတာ "
" ကဲ ထားပါ သုတ်ပြီးပြီဆိုတော့ အန်တီအောက်ဆင်းအုံးမယ် ဟိုမှာယုယတယောက်က်တည်း"
အန်တီမှသွားဖို့အပြင် မောင်မှကုတင်ပေါ်ထိုင်ကာ အန်တီကိုဆွဲပြီး သူ့ပေါင်ပေါ်ထိုင်စေသည်
" မောင် ပေါက်ကရလုပ်မယ်မကြံနဲ့နော် မနက်အစောကြီးရှိသေးတာကို "
" မနက်မို့ Morning kissပေးမလို့လေ"
မျက်လုံးခြင်းအကြည့်ချင်းဆုံပြီး မောင်မှအန်တီနှုတ်ခမ်းကိုငုံနမ်းကာ အန်တီမှအလိုက်သင့့်တုံ့ပြန်ပြီး အနည်းငယ်အကြာ
" မောင်တော်တော့ကွာ အသက်ရှုကြပ်လာပြီ"
မောင့်ကိုတွန်းထုတ်ကာပြောတော့
" အွန်း ခနပဲကို အန်တီကလဲ "
" မောင် တော်တော့ဆို ခနနေတရားရုံးသွားရမယ်မို့လား လက်မှတ်ထိုးရအောင် ရေချိုးတော့လေမောင် အန်တီမောင်ပြီးမှချိုးမယ် "
" ဟုတ်တယ် လာရေအတူတူချိုးရအောင်လေအန်တီ"
အန်တီမှလက်ဖဝါးထောင်ပြကာ မျက်စောင်းထိုးလိုက်တော့
မောင်လဲရေချိုးခန်းထဲတန်းဝင်သွားသည်
အားလုံးလဲပြင်ဆင်ကျပြီးအန်တီအားစောင့်နေကျသည်
" အန်တီရေ မပြီးသေးဘူးလား မောင်တို့ကစောင့်နေတာ "
လှေကားရင်းမှအော်တော့
" မောင်ရေ ခနတတ်ခဲ့ပါအုံး "
" လာပြီ အန်တီ "
ဆိုကာပြေးတတ်သွားပြီး အခန်းထဲဝင်သွားပြီ
" ဒီမှာ အင်္ကျီဇစ်ကဆွဲမရလို့ လုပ်ပေးပါအုံး"
မောင်မှပြုံးစိစိဖြင့် အန်တီကျောပြင်ကိုကြည့်လျက်
" ဘာတွေပြုံးနေတာလဲ ဇစ်တပ်ပါဆို ဘာတွေကြည့်နေတာလဲ "
" တပ်နေပါတယ်အန်တီရဲ့"
ဆိုကာ ကျောပြင်ကိုနမ်းပြီး အခန်းထဲကထွက်သွားသည်
အားလုံးလဲ ပြင်ဆင်လို့ပြီး တရားရုံးလဲသွားကျဖို့ ပြင်နေတုန်း
အိမ်ရှေ့မှ ကားတစီးရောက်လာကာ အားလုံး၏အကြည့်များသည် ထိုကားစီသို့
ထိုကားပေါ်မှခိုင်ဆင်းလာပြီး အန်တီနားရောက်လာကာ အန်တီကိုဆိုဖာပေါ်သို့ဆွဲခေါ်ကာ မောင်ကလဲအန်တီဘေးနားဝင်ထိုင်ကာ
" မမဒါဘာလုပ်တာလဲ အဘတို့စီစဥ်ထားသလို မမကမနေတာလား အဘတို့ကိုမျက်နှာပျက်ရအောင်လို့ "
" မမမှ သူကိုမချစ်တာ ခိုင်လဲခိုင်ချစ်တဲ့သူကိုလက်ထပ်တာပဲမို့လား မမကိုလဲအပြစ်လာမတင်ပါနဲ့ "
အန်တီမှမောင့်လက်ကိုကျစ်ကျစ်ပါအောင်ဆုတ်ထားသည်
" ခိုင်ကတော့ကဘောမတူဘူးနော်မမ ပြီးတော့ မမတို့ကလဲ လက်မှတ်မထိုးရသေးဘူးလေ ခိုင်နဲ့ရွာကိုလိုက်ခဲ့ပါမမ "
အန်တီမျက်ဝန်းထဲမှမျက်ရည်စများ ကျလာကာ မောင့်ကိုအားကိုးစိတ်နှင့်ကြည့်လိုက်သည်
မောင်မှအန်တီကိုခေါင်းငြိမ့်ပြကာ
" မမခိုင် အန်တီကိုခေါ်သွားလို့မရပါဘူး အန်တီမောင့်အပိုင် အန်တီကိုမောင်ပိုင်တယ် "
မောင်မှအန်တီလက်ကိုကိုင်ကာ ပြောတော့
" ဟုတ်တယ်ခိုင် မမကိုမောင်ပိုင်တယ် "
ဒေါ်လေးယုယနှင့် နှင်းပွင့်တို့ကပွဲကြည့်ပရိတ်သတ်သာဖြစ်နေသည်
မောင်နှင့်ခိုင်တို့ စကားအခြေအတင်ဖြစ်နေတုန်း
မောင့့်မာမီ ဒယ်ဒီနှင့်မေင့်အကိုသက်လွင်တို့ရောက်လာကာ အိမ်ထဲဝင်ခဲ့ကျသည်
မောင်မှ မာမီတို့ဆီပြေးသွားကာ
" မာမီ မောင့်အန်တီကိုလုံးဝထည့်မပေးနိုင်ဘူးနော် "
မောင်မာမီကိုပြောနေတုန်း ခိုင်မှ
" ငါကတော့မရ ရအောင်ခေါ်သွားမှာပဲ "
ပြောတော့ သက်လွင်မှ
" ကဲပါခိုင်ရယ် စမနေပါနဲ့တော့ ဟိုမှာတကယ်ထင်နေကျပြီ "
မောင်တို့ကိုလက်ညိုးထိုးကာပြောတော့
မောင်နှင့်အန်တီမှနားမလည်သောအကြည့်ဖြင့် အားလုံးကိုကြည့်လျက်
" မာမီ ဒါဘယ်လိုဖြစ်တာလဲ မောင့်ကိုရှင်းပြကျပါအုံး"
မောင့်မှအားလုံးကိုမေးတော့ ဆိုဖာပေါ်ထိုင်ကာ
မာမီမှရီကာ " ဒါကခိုင်ပေါ့ ခိုင်သဘောမတူရင်ဘာလုပ်မလဲသိချင်လို့လေ ပြီးတော့ သူ့ရဲ့အစ်မကိုမောင်ကတကယ်ချစ်မချစ်သိချင်လို့တဲ့ "
" ဟုတ်တယ် တို့မမကလဲ ၄၀ကျော်ထိန်းသိမ်းလာတဲ့ သိက္ခာကိုတောင်မငဲ့နိုင်ဘူး သူ့မောင့်နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားတော့တာပဲ "
ခိုင်ကမောင်နဲ့အန်တီကိုကြည့်ကာပြောလေသည်
အာ့တော့မှအန်တီနဲ့မောင်လဲ သက်ပြင်းချနိုင်ပြီး ကောင်းကောင်းပြုံးနိုင်တော့သည်
" ဒါနဲ့ဟိုဘက်ရွာက ကိစ္စကတော့ ဘယ်လိုလဲ"
" အာ့တာကခိုင်အစီအစဥ်လေ မမကလဲ အလိုက်တာ အာ့ဘက်ရွာမှာ ဥက္ကာမောင်ဆိုတာရှိလို့လား "
" မသိဘူးလေ မမကလဲမောင်မဟုတ်တဲ့တခြားတယောက်နဲ့ပေးစားမယ်ဆိုတော့ ဘယ်ယူချင်ပါ့မလဲလို့ "
ပြောကာ အန်တီပြောသည့်စကားများကိုသဘောကျ၍ အားလုံးရီကျတော့သည်
ထိစဥ်ဒယ်ဒီမှပြောလာသည်
" ခိုင်တို့ရွာ သွားလည်ကျမလား ဒယ်ဒီလဲတခါမှမရောက်ဖူးဘူး " ဟုပြောတော့
" ကောင်းတာပေါ့ မောင်လဲမရောက်ဖူးဘူး "
ဟုတ်ပြောပြီး ဒယ်ဒီမှ မနက်ဖြန်ရွာသွားမည်ပြောသည် ဒေါ်လေးယုယလဲ မောင်တို့တိုမြှပြန်မည်ဟုပြောသည် နှင်းပွင့်ကလဲ ရွာကိုအလည်လိုက်ခဲ့သည်
#ကျော့
ကျော့ရောက်နေတဲ့နေရာက လျှပ်စစ်မီးကမရ အင်တာနက်လိုင်းကမကောင်းနဲ့မို့
ဖုန်းအားသွင်းရတာလဲ သူများဆီသွားသွင်းရတာမို့ တရက်တပိုင်းမတင်နိုင်တောင် ၂ရက်တပိုင်းလောက်တော့ ကြိုးစားတင်ပေးပါ့မယ်လို့Requestလုပ်ပါတယ်ရှင့်
ဖတ်ပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်🥰❤️

ESTÁS LEYENDO
အကို့မရီး ကျွန်မဇနီး
Romanceညီမဖြစ်သူရန်ကုန်သားနဲ့အိမ်ထောင်ကျလို့ ရန်ကုန်သို့လိုက်ခဲ့ရာ မတ်ရဲ့ညီမနဲ့ကြိုက်တဲ့Ficလေးပါ Sweet ဖြစ်နေမှာအာမခံမှာပါ😍 ဒေါ်ယဥ်လဲ့လဲ့နိုင်နဲ့ အိန္ဒြာမောင်လွင်တို့ ဘယ်လ်ိုတွေRoကျမလဲဆို ဖတ်ပေးကျပါအုံးနော်🤭