အကို့မရီး ကျွန်မဇနီး Ep 3
တနေကုန်ပင်ပင်ပန်းပန်လုပ်ထားရပြီး အနားယူဖို့အချိန်ရောက်ရှိလာတဲ့ မိသားစုထမင်းစားဝိုင်းတွင်ထမင်းစားပြီး ဧည့်ခန်းထဲစကားလက်စုံကျနေလေရဲ့ မောင်ရဲ့ဒယ်ဒီကလဲအလုပ်ကပြန်လည်ရောက်ရှ်ိလာပြီး မောင့်မာမီမှမိတ်ဆက်ပေးလေသည်
"ဖေကြီး ဒါကသားရဲ့အမျိုးသမီးလေ ယဥ်လဲ့လဲ့ခိုင်တဲ့ ဟိုကတော့ခိုင်ရဲ့အစ်မ ယဥ်လဲ့လဲ့နိုင်တဲ့"
"ငါ့သားရွေးတာတော်တယ် ဒယ်ဒီသဘောကျတယ် သားတို့တုန်းကဒယ်ဒီကအလုပ်ကိစ္စနဲ့ပြည်ပရောက်နေတာ ငါ့သားကလဲလိုချင်ရင်ဇွတ်ဆိုတော့သူ့ဒယ်ဒီကိုတောင်မစောင့်တော့ဘူး ဒီမှာပွဲထပ်လုပ်ကျအုံးမယ်မို့လား"
"ဒယ်ဒီ သားသဘောကတော့ ဒီမှာလဲ ဘုန်းကြီးကျောင်းမှာပဲ ဆွမ်းကပ်ပြီး မိဘမဲ့ဂေဟာကိုလှူချင်တယ် ခိုင်လဲသဘောတူတယ်"
"သားတို့စိတ်ချမ်းသာရင်ပြီးတာပါပဲ"
"ဒယ်ဒီ မောင်လဲကိုကို့လိုမိန်းမယူမှာနော်"
"ငါ့သမီးကတော့ကွာ ငါ့သမီးကောင်မလးတွေထားတာဒယ်ဒီသိတယ်နော်"
"ဟာ ဒယ်ဒီတိုးတိုး ဒီကိစ္စကမာမီမသိဘူး"
"အခုတော့မာမီတင်မဟုတ်ဘူး အကုန်သိကုန်ပြီး"မာမီကဝင်နောက်လိုက်တော့ အကုန်ရယ်ကုန်ကျလေသည်
"ဟုတ်တယ် မောင်ကအဖေတူသမီးလေး"ဟု ပြောပြီး အန်တီကို မျက်စပစ်ပြလိုက်သည်
အန်တီကလဲ ဘာလဲဆိုသေသဘောနှင့် မျက်လုံးချင်းစကားပြောလိုက်သည်
အကုန်လုံအပေါ်တတ်ပြီးသွားကျပေမဲ့ အန်တီကအိပ်မပျော်၍ ဝရံတာမှာရပ်နေပြီး လကိုငေးကြည့်နေသည် ညအိပ်ဂါဝန်ညိုရောင်လေးဝတ်ထားလည်းတမျိုးလေးချစ်စရာကောင်းသည့့်အန်တီရဲ့နောက်ကျောလေးကိုငေးလျက်မောင်ရောက်လာပြီး "အန်တီအိပ်မပျော်လို့လား" ပြောပြီး အန်တီနားလာရပ်နေလေသည်
"ဟုတ်တယ် မောင်ရောအိပ်မပျော်လို့လား"
မောင်ကိုတော့မကြည့် လကိုငေးနေတာမပျက်ပေ "မောင်ကအန်တီကိုတွေ့လို့လာတာ အန်တီပျင်းနေမှာစိုးလို့လေ"လကိုငေးနေသောအန်တီကိုငေးလျက်ပြောသည် အန်တီမှဘာမှပြန်မပြော၍မောင်ကသာစကားစလိုက်သည် "အန်တီအတွက် အချစ်ကို ယောက်ျားလေးမှမိန်းကလေးမှချစ်ရမယ်တို့ မိန်းကလေးကယောက်ျားက်ျားလေးမှချစ်ရမယ်တို့ ခွဲခြားထားလားဟင်"
"ဟင်အင်း အန်တီမခွဲခြားထားပါဘူး"ဒီတခါတော့လကိုငေးနေသည်အန်တီမှ မောင်ကိုကြည့်ပြီးပြောသည် "အချစ်ဆိုတာထူးဆန်းတယ်ကွ လာပါခေါ်လည်းရောက်ချင်မှရောက်တာ မခေါ်ပဲနဲ့ရောက်ချင်ရောက်လာတာပဲ"
"မောင်ဆီရောက်နေပြီပါရဲ့"မောင်ကသူ့ရဲ့ရင်ဘတ်ကိုဖိပြီးပြောလေသည်
အန်တီမှ ဝရံတာကိုမှီပြီး ပြန်ရပ်ပြီး"မောင်က အရင်င်ကရည်းစားည်းစားရှုပ်တယ်ဆို"လက်ပိုက်ကာမောင့်ကိုကြည့်ပြီးပြောလေသည်
"ရည်းစားမရှုပ်ပါဘူး အချစ်စစ်ရှာနေတာပါ"မောင့်မှရီပြီး ဂုတ်ကလေးကိုပွတ်ကာပြောပြီး "အခုတော့ မောင့်အချစ်စစ်တွေ့ပြီထင်ပါရဲ့" အန်တီမှမောင့်ကိုမယုံသည့့်အကြည့်နှင့်မကြည့်ကာ "အချစ်စစ်ဆိုတာ ဘာကိုကြည့်ပြီးပြောတာလဲကွ"
"မောင့်အတွက်ကတော့လေ အချစ်စစ်ဆိုတာက သူ့အကြောင်းပဲတွေး သူ့အကြောင်းပဲစဥ်းစား သူ့မျက်နှာပဲမြင်ချင် သူ့နဲ့ပဲစကားပြောချင်နေတာမျိုးပေါ့"မောင်အန်တီမျက်နှာလေးကိုစေ့စေ့ကြည့်ပြီးပြောနေတော့
"ဟုတ်ပါပြီ အချစ်ဆရာမကြီးရယ် ကဲ တို့သွားအိပ်တော့မယ် မိုးချုပ်နေပြီ Good night နော် မောင်" ပထမစကားကတော့သာမန်ပြောပြီး မောင်ဆိုတဲ့တလုံးကို တမင်ကွဲပြောကာဆွဲပြောသွားပြီး မပြေးရုံတမယ်လမ်းလျှောက်သွားတဲ့အန်တီပါလေ
********
ကိုကို့မင်္ဂဆွမ်းကျွေးတွင်
မောင်တယောက်က်သူငယ်ချင်းတွေကိုဘုန်းကြီးကျောင်းရှေ့ထွက်စောင့့်နေသည် မကြာပါဘူး သူငယ်ချင်းတွေရောက်လာကျပြီး မောင်ကတော့အားလုံးကိုအထဲခေါ်ကာ နှင်းပွင့် ဆိုသော ကောင်မလေးပုခုံးပေါ်လက်တင်ကာ( မောင်တို့ကတော့ကျောင်းမှာထဲမှာအာ့လိုနေကျတာမို့ တယောက်က်စိတ်ထဲဘာမှမရှိကျချေ )အထဲဝင်လာကျသည်တစုံတယောက်က်ကြည့်နေသည်ဆိုတာ မောင်မသိခဲ့ချေ
"လာဒီဝိုင်းလာထိုင်ကျ "
"ဟဲ့ နင့့်ရဲ့အန်တီဆိုတာဘယ်သူလဲပြပါအုံး"ဝတ်ရည်မှ မောင်နားကပ်ခါမေးလိုက်သည်
"နေကျပါအုံး နင်တို့ကငါ့အကိုပွဲလာတာလား ငါ့အန်တီကိုလာကြည့်တာလား"
"၂ခုစလုံးပေါ့ဟာ နင်ကြွားတုန်းကကြွားပြီး အခုမှလာတွန့်တိုမနေနဲ့ပြနော် " အားလုံးထောက်ခံတော့ မောင်တယောက်က်ပြရတော့မယ် ကိုယ်ကလဲကြွားထာသည်မဟုတ်ပါဘူး
" ဟိုမှာလေ ပန်းနုရောင်ချိတ်ဝမ်းဆက်လေးဝတ်ပြီး အင်္ကျီရင်ဖုံးလက်ရှည်နဲ့ ဆံထုံးလေးထုံးထားတဲ့တယောက်က်ပေါ့ "
" မောင် နင်အရွေးးတော်သားပဲ ဒါကြောင့်လဲအန်တီ အန်တီနဲ့ပါးစပ်ကမချတာနေမှာ" နှင်းပွင့်မှပြောလိုက်သည် မောင်ရဲ့သူငယ်ချင်များထဲတွင် မောင်တယောက်က်သာဂေးနေခြင်းဖြစ်သည် ဒါပေမဲ့ မောင့်ရဲ့ဖြစ်တည်မှုကိုနားလည်ပေးသည်မဟုတ်လား
အားလုံးသိမ်းဆဲပြီး ပြန်ကျမည်အချိန်သို့ရောက်ရှိလာကာ မာမီမှ
"ညီမနိုင် မောင်နဲ့သွားလိုက်နော် ညီမလဲပင်ပန်းနေပြီမဟုတ်လား ခိုင်တို့၂ယောက်နဲ့အမတို့နဲ့ မနက်ဖြန်လှူရမဲ့ပစ္စည်းတွေဝင်ဝယ်ယ်လိုက်အုံးမယ် အမတို့နဲ့လိုက်ရင်ကြာနေမှာစိုးလို့ အိမ်ပြန်ပြီးနားတော့နော်ညီမ "
" ဟုတ်ကဲ့အစ်မ ဒီနားမှာပဲစောင့်လိုက်မယ်"
မကြာပါဘူး မောင်ရောက်လာကာ
အန်တီမှကားမောင်းနေသည့့်မောင့်ကိုမျက်စောင်းထိုးလျက် ကားနောက်ခန်းထဲဝင်ထိုင်လိုက်သည်
" အန်တီရှေ့လာထိုင်လေ "ကားဘတ်မှန်မှတဆင့်ကြည့်ကာပြောလိုက်သည်
"မထိုင်ချင်ပါဘူး ရည်းစားရှုပ်တဲ့သူနားမှာ"
အန်တီမှမောင်ကိုမကြည့်ဖုန်းကိုသာကြည့်ပြီးပြောသည် " အန်တီကို ဘယ်သူပြောတာလဲ မောင်ရည်းစားရှုပ်တယ်လို့ မောင်မှာအခုဘယ်ရည်းစားမှမရှိဘူး" ကားမောင်းနေရင်း ဘတ်မှန်မှအန်တီကိုကြည့်လိုက် ရှေ့ကြည့်လိုက်နှင့်ပြောသည် အန်တီမှဘာမှပြန်မပြော " အန်တီ! " မောင်အသံနည်းနည်းကျယ်သွားသည်
"ဘာလဲ မင်းတို့ကိုမအော်ာ်ပါနဲ့ " အန်တီမျက်ဝန်းထဲမှမျက်ရည်စများ မောင်မှန်ထဲမှတွေ့လိုက်သည် " မောင်မအော်ာ်ပါဘူး အသံနည်းနည်းကျယ်သွားတာပါ အန်တီကပြန်မပြောလို့လေ "
"မင်း မနက်ကပုခုံးဖက်တဲ့တယောက်က်က မင်းရည်းစားမဟုတ်လို့ဘယ်သူလဲ လူကြားထဲတောင်မရှောင်"အန်တီမှမောင်ထံသို့ မျက်စောင်းတချက်ထိုးလိုက်ပြန်သည်
" ဟား ဟား အန်တီရယ်"
"တို့ပြောတဲ့ထဲရီစရာပါလို့လား "
"မပါ ပါဘူး အန်တီရယ် အာ့တာသူငယ်ချင်းပါ"မှန်ထဲမှာ ချိုသာသောမျက်လုံး ချိုသာသောအပြုံးနှင့်မောင်ကပြောလိုက်တော့ " သူငယ်ချင်းဆိုပြနေတဲ့ပုံကလဲ ဒေါင့်ကိုမကျိုးျိုးဘူး" အန်တီကမျက်စောင်းထပ်ထိုးပြန်သည် ဒီနေရာမှာနဂါးသာဆို မောင်ပြာကျနေလောက်ပြီ "သူမှာကောင်လေးရှိတယ်အန်တီရဲ့ အန်တီမကြိုက်ရင်မောင်အာ့လိုမနေတော့ဘူးလေ " မှန်ထဲမှသနားစရာရုပ်နှင့်လုပ်ပြောနေသည် " မင်းနဲ့တို့ဘာဆိုင်လို့လဲ မင်းဟာမင်းဘယ်သူနဲ့ဘယ်လိုနေနေ တို့နဲ့ဆိုင်မနေဘူး " အန်တီမှမောင့်အဖြေကိုသဘောကျ၍ပြုံးနေရာမှပြန်တည်ကာပြောလိုက်ခြင်းဖြစ်သည်
" ဆိုင်ချင်တာများ အန်တီရာ ချစ်သူတော်လိုက်လေ" မောင်မှမေးငေါ့ပြသည်
" မတော်ပါဘူး ကဲအိမ်ရောက်ပြီဆိုတော့ တို့လဲနားတော့မယ်"ရှက်ပြီး အိမ်ထဲသို့အပြေးလေးဝင်သွားသည်
#ကျော့
မောင်နဲ့အန်တီကို ချစ်သူပေးဖြစ်လိုက်ရတော့မလား
ကျော့ရေးချင်တာကချစ်သူရည်းစားတွေကြားဖြစ်တတ်တဲ့ပြဿာနာလေးတွေကိုဦးစားပေးရေးချင်တာပါ ဝေဖန်အကြံပေးန်ိုင်ပါတယ်ရှင်
အားလုံးပဲဂရုစိုက်ကျပါနော်😍❤️

YOU ARE READING
အကို့မရီး ကျွန်မဇနီး
Romanceညီမဖြစ်သူရန်ကုန်သားနဲ့အိမ်ထောင်ကျလို့ ရန်ကုန်သို့လိုက်ခဲ့ရာ မတ်ရဲ့ညီမနဲ့ကြိုက်တဲ့Ficလေးပါ Sweet ဖြစ်နေမှာအာမခံမှာပါ😍 ဒေါ်ယဥ်လဲ့လဲ့နိုင်နဲ့ အိန္ဒြာမောင်လွင်တို့ ဘယ်လ်ိုတွေRoကျမလဲဆို ဖတ်ပေးကျပါအုံးနော်🤭