Episode 6

3.5K 177 1
                                    

အကို့မရီး ကျွန်မဇနီး Ep 6
အလုပ်ကပြန်လာတည်းက အခုဆိုညစာစားချိန်ကျော်နေပြီး9:00တောင်ရှိလေသည်
အန်တီမှာ ညစာလဲထွက်မစားအပြင်လဲတခါမှမထွက်သည်မို့ မောင်အန်တီအခန်းထဲဝင်ရမလို မဝင်ရမလိုနဲ့ ချီတုံ ချတုံ ဖြစ်နေသည်
နောက်ဆုံးတော့ တံခါး ခေါက်လိုက်တော့ အထဲကဝင်ခဲ့ဟု အသံကြားသည်နှင့် မောင်ချက်ခြင်းအပြေးလေးပင်ဝင်သွားသည်
အန်တီကတော့ ကျောပေးနေပြီး ခန္ဓာကိုယ်ကိုတသိိမ့်သိမ့်တုန်ကာငိုနေလေသည်
" အန်တီဘာဖြစ်လို့ငိုနေတာလဲ မောင့်ကိုပြောပြပါအုံး ရင်တွေပူလာပြီ"
အန်တီပုခုံးက်ုဖက်ကာပြောတော့
"မောင်အန်တီကို မခွဲဘူးနော် အန်တီမင်းကိုအရမ်းချစ်တာ သိလား" ဆိုတာ မောင့်ရဲ့လည်တိုင်ကျော့ကျော့ဆီသို့အန်တီမျက်နှာအပ်ကာငိုနေတော့သည်
မောင်ကလဲ " သိပါတယ် အန်တီရယ် မောင်ကလဲ အန်တီကိုအရမ်းချစ်တယ်လေ ဘယ်တော့မှမခွဲဘူး မောင်တို့ကိုဘယ်သူ့မှခွဲမရဘူးနော် " ဟုတ်ပြောတော့ အန်တီမှမောင့်မျက်မှာက်ိုကြည့်ပြီး
" အန်တီတို့ကို ခိုင်ကခွဲရင်ဘယ်လိုလုပ်မလဲမောင် အန်တီတော့အာ့လိုသာဆို ရူးရချည်ရဲ့" ဆိုကာမောင်ကိုဖက်ပြီးငိုပြန်သည်
" မမခိုင်ကဘာပြောလို့လဲ အန်တီရဲ့" ဟုတ်ပြောကာဆံပင်သပ်တင်ပေးပြီး
" ခိုင်ကအန်တီတို့ကိုသဘောမတူဘူးတဲ့
အသက်ကြီးသွားရင် အန်တီကအပြင်တွေလဲမောင်နဲ့အတူတူလိုက်နိုင်အုံးမှာလား မောင်လုပ်တာမှန်သမျှ အန်တီကသိရမှာမို့လို့လားတဲ့ အစုံပါပဲမောင်ရယ် " အန်တီကတော့မောင်ရင်ခွင်ထဲကမထွက်ပြောပြနေသည်
" မောင်ချစ်တာ အန်တီသိရင် ရပြီလေ မောင့်ကိုယုံတယ်မို့လား " အန်တီမှခေါင်းညိမ့်၍
" အန်တီကယုံတယ်လေ ပြီးတော့ အန်တီမျက်ဖြန်ရွာပြန်ရမယ်တဲ့ အဘနေမကောင်းလို့တဲ့ " မောင်ကအန်တီပုခုံးကိုဆွဲကာ မျက်နှာချင်းဆိုင်အနေအထားဖြင့်
" အန်တီကိုမောင်လုံးဝလက်လွတ်ခံမှာမဟုတ်ဘူး မောင့်ကိုယုံ အဘနေကောင်းရင်ဒီကိုပြန်လာရမှာမို့လား အာ့တာတွေစိတ်ထဲထားပြီးငိုမနေနဲ့နော် ခေါင်းကိုက်လိမ့်မယ်အန်တီရဲ့ "
မောင်မှအန်တီနားထင်လေးကိုနှိပ်ပေးရင်းပြောလေသည်
" ပြီးတော့ မမခိုင်ကလဲ မောင်ကငယ်သေးလို့စိတ်ကစားထင်လို့နေမှာပါအန်တီရဲ့ မောင်တို့ကသူတ်ု့ကိုသက်သေပြဖို့ အချိန်တခုပဲလိုတာလေနော် ဘာမှတွေးမနေနဲ့ ကံကခွဲရင်တောင် မောင်တို့နှစ်ယောက်ကချစ်နေရင် ဘယ်သူ့မှခွဲမရဘူး ဟုတ်ပြီလား ဟိုရောက်ရင် ထမင်းကိုအချိန်မှန်စားနော် ဂရုစိုက်နေနော် အန်တီ"
အန်တီမှခေါင်းငြိမ့်ပြကာ မျက်လုံးလေး ကလယ်ကလယ်ဖြင့်မောင့်ကိုပြောစရာရှ်သလိုကြည့့်တော့ မောင်ကလဲအလိုက်တသိိဖြင့် ဘာပြောမှာလဲလို့ဆိုသောအမူအယာဖြင့် မေးလေးမော့ပြတော့
" ဒီည အန်တီနားမှာ နေပေးနိုင်မလား နောက်ရက်ကျလွမ်းနေရမှာမို့ နော် နော်လို့"
အန်တီမှမောင့်ရဲ့အင်္ကျီစကိုိုဆွဲကာပြောတော့
မောင်မှအန်တီကိုဖတ်ပြီး
" ချစ်ဇနီးလောင်းလေးသဘောပါဗျာ"
ပြောပြီး အိပ်စက်ခြင်းဆီသို့🌚
* * * * * * * * * * *
အန်တီလဲရွာရောက်ပြီး တပတ်ကျော်လောက်ရှိချေပြီ အဘလဲ သွားန်ိုင်လာနိုင်ဖြစ်နေလေသည် ရွာဘက်မှာ စားပွဲခုံကိုအလယ်ချပြီး ဘေးနှစ်ဖက်မှာ တန်းလျားထားတာထုံးစံမဟုတ်ပါလား
အခုလဲ အဘကတန်းလျားပေါ်ကနေ
" မိနိုင် အဘပြောစရာရှိတယ် ငါ့တူမကို "
" ငါ့တူမကို အဘဟိုဘက်ရွာကစပါးပွဲစား မောင်ဥက္ကာအောင်နဲ့ နေရာချထားပေးချင်မလို့  အဘအကုန်စီစဥ်ပြီးပြီ "
အဘကလဲတိုင်ပင်သည်မဟုတ် ဖွင့်ပြောရုံသာဖွင့်ပြောသည်ဆိုတာအန်တိီသိသည် ဒါပေမဲ့ကိုယ်ပြောချင်တာတော့ပြောရအုံးမည်မဟုတ်ပါလား
" အဘ နိုင်မှာ ချစ်ရမဲ့သူရှိတယ် "
အန်တီမှမျက်နှာအောက်ငုံ့ပြီးပြောလေသည်
" မိခိုင်ရဲ့ယောင်မလေးကိုပြောတာလား အဘအကုန်စီစဥ်ပြီးသားမို့ မျက်နှာမပျက်ချင်ဘူး နောက်တပတ်ထဲလာတောင်းကျလိမ့်မယ် အာ့လိုပဲမှတ်ထားပေးပါ "
အန်တီလဲအပေါ်ထပ်သိူ့သာတတ်ပြီးငိုနေလေရဲ့
ဒီကိစ္စကငိုရုံနဲ့ပြီးမည်မဟုတ်ပါလား
ခိုင်ကိုပြောလျှင်လဲ သူကအဘ ဘက်ပါအုံးမည်မဟုတ်လား မောင့်ဆီပဲဆက်လိုက်မယ်ဆိုကာ ဖုန်းခေါ်တော့
" ဟယ်လို မောင့်အမျိုးသမီးလေးပြောပါ"
အန်တီမှအသံမထွက် ရှိုက်နေလေသည်
" အန်တီ ဘာဖြစ်လို့လဲ ပြောလေ မောင်ဘာလုပ်ပေးရမလဲ "မောင်မှစိုးရိမ်ကြီးစွာပြောလေသည်
" ဒီလောက်ဖုန်းတွေခေါ်နေတာဘာလို့မကိုင်တာလဲ ဒီမှာရင်ပူလို့သေတော့မယ် "
အန်တီမှငိုနေရင်းမောင့်အားဆုခိုက်ခြင်းဖြစ်သည်
" မောင်ရေချိုးနေလို့ပါ  ဘာဖြစ်လို့လဲအန်တီပြောလေ "
" မောင် အန်တီကို ဟိုဘက်ရွာကသုနဲ့ပေးစားကျတေ့မယ်တဲ့ အန်တီသူကိုလက်မထပ်ချင်ဘူး မောင်နဲ့လဲမခွဲနိုင်ဘူး မောင်အန်တီဘယ်လိုလုပ်ရမလဲ"
" မောင်လာခဲ့မယ်အန်တီ  မောင်မနက်ဖြန်လာခဲ့မယ် အန်တီကမုံရွာကိုလာခဲ့နော် ညကျမောင်စီစဥ်ပြီး အကုန်ပြန်ပြောမယ် "
" အင်းပါ အန်တီမုံရွာလာခဲ့မယ် အာ့ဆို ဒါပဲနော်မောင် "
* * * * * * *
🎵မောင့်ကိုချစ်လို့တေးများစာကဗျာချယ် မောင်ကိုချစ်ဖို့မွေးဖွားလာပါတယ်🎵( အန်တီဖုန်းRingtoneသံပါကျာ )
" ဟယ်လိုမောင်ပြော "
အန်တီအသံမှာခပ်တိုးတိုးနှင့် ဘေးလူမကြားအောင်ခိုးပြောနေသည့့်အသံပင်
" အန်တီ မောင်မနက်ဖြန်လာခဲ့မယ်နော် "
" မောင်တယောက်တည်းလား "
" မဟုတ်ဘူး နှင်းပွင့်နဲ့ "
" သူကဘာလို့ပါလာရတာလဲမောင်! "
" အား လား လား အနါတီရယ်ဖြေးဖြေးအော်ပါ နားကိုအူသွားတာပဲ "
" တို့မေးတာဖြေစမ်းပါ "
အန်တီအသံသည်ဒေါသသံစွက်ဖက်လျက်ပြောသည်
" မောင် သူငယ်ချင်းတွေနဲ့တိုင်ပင်တော့ နှင်းပွင်ကသူ့အဒေါ်တွေမုံရွာမှာရှိတယ်ဆ်ိုလို့ပါ သူမှာကောင်လေးရှိပါတယ်အန်တီရဲ့ "
" အို မသိဘူး မင်း တို့နဲ့တွေ့လို့တခြားတယောက်က်အနံ့ရကြည့် သေပြီသာမှတ် "
အန်တီမှမမြင်ရသော်လဲမျက်စောင်းလေးချီကာပြောနေသည်ကိုမောင်တယောက်က်သိနေသည်
" မသေချင်သေးဘူး မိန်းမယူရအုံးမှာ "
" တော်ပြီ ဒါပဲ ဖုန်းချတော့မယ် သူများတွေကအိပ်ကုန်ကျပြီ "
" အားဆေးလေး "
" တကယ်တည်းပိုကိုပိုတယ် အများကြီးချစ်တဟ် အာဘွား အာဘွား အာဘွား sweet dream "
" အများကြီးချစ်တယ် အာဘွား အာဘွား အာဘွား good nightနော် မောင့်ဇနီးလောင်းလေး" မောင်လဲမြန်မြန်ပြောကာ ဖုနါးချသွားလေသည်
" ကြည့် မျက်နှာကိုကခပ်တည်တည်မနေဘူး "
အန်တီမှ ဖုန်းကိုကြည့်ကာပြောလေသည်
အဘမှ " ဟဲ့ မိနိုင်မအိပ်သေးဘူးလား ဘယ်ချိန်ရှိနေပြီလဲ "
" အိပ်ပြီ အဘရေ "
မနက်မိုးလင်းသော် အဘတန်းလျားပေါ်မှာထိုင်ပြီးရေနွေးကြမ်းသောက်နေစဥ်
" အဘနိုင်မနက်ဖြန် မုံရွာသွားမလို့ "အန်တီမှတန်းလျားပေါ်ထိုင်ရင်ပြောလိုက်သည်
" ဘာလုပ်တုန်းဟ "
" နောက်တပတ်အတွက် အင်္ကျီဝတ်စရာမရှိဘူးလေ အာ့တာကြောင့် သွားဝယ်ချင်လို့ ပြီးတော့ ယုယကလဲအဖော်မရှိတာ လိုက်ခဲ့ဆိုလို့ "
" အေးပါ သွားရင်လဲစောစောသွား စောစောပြန်ခဲ့ကျ စိတ်တော့ချလို့ရတယ်မို့လားမိနိုင်"
" စိတ်ချပါအဘရဲ့ နိုင်စောစောပြန်လာခဲ့ပါ့မယ်"
အန်တီကအဘမျက်နှာကိုမကြည့်ပြောလေသည်
#ကျော့
အဘကအန်တီဖုန်းပြောတာခိုးနားထောင်နေတာနော်🤪
အန်တီနဲ့ မောင်နဲ့တွေ့ဖြစ်ပါ့မလား
ဘယ်လိုတွေဖြစ်အုံးမလဲနော်
ဖတ်ပေးသူတယောက်က်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်
Take care for everthing

အကို့မရီး ကျွန်မဇနီးWhere stories live. Discover now