အကို့မရီး ကျွန်မဇနီး Ep 5
အခုဆို မောင်နဲ့အန်တီတို့ ချစ်သူဖြစ်တာ၃လလောက်ရှိပြီ တယောက်က်နဲ့တယောက်ရန်ဖြစ်လိုက် ပြန်ချစ်လိုက် သဝန်တိုလိုက် မောင်ကစလိုက်နဲ့ ချစ်သူဘဝကိုပျော်ရွှင်စွာဖြတ်သန်းလေသည် ချစ်သူဖြစ်ကတည်းကတာဝန်တခုပိုလာသည်မှာ မနက်စောစောလမ်းထလျှောက်သည်မရာတခုပင်ဖြစ်သည် အခုလည်နှစ်ယောက်သားစကားတပြောပြောနှင့်ပြေးလာသည် မောင်ကတော့ အားကစားဝတ်စုံတီရှုပ်အတိုုနဲ့ အောက်ကဘောင်းဘီကလဲအတိုုပေမဲ့အပွဝတ်ထားသည် အန်တီကတော့ မောင်နဲ့ဆင်တူအင်္ကျီဝတ်ဆင်ထားပြီး ဘောင်းဘီကတော့အရှည်ဝတ်ထားသည် အတိုဝတ်ထားရင်မောင်ကသဝန်တိုသည်မဟုတ်ပါလား နှစ်ယောက်စလုံးကတော့ဆံပင်ကိုခပ်မြင့်မြင့်စီး၍ပြေးနေစဥ်
"မောင် အန်တီမောနေပြီ ခနလောက်နားရအောင်နော်" မောင်လက်ကိုဆွဲကာပြောတော့
" ဟုတ်ပြီ ဒီမှာခနထိုင်နားရအောင်နော် " ဟုပြောပြီး အန်တီနှင့်ခုံတွင်ဝင်ထိုင်ပြီး ဘောင်းဘီအိတ်ထဲက လက်ကိုင်ပုဝါလေးထုတ်ပြီး ချွေးများသုတ်ပေးနေသည်
" မောင့်အမျိုးသမီးလေး အရမ်းမောနေလား မောင်အအေးသွားဝယ်ပေးမယ်လေ"
" မောတယ် မောင်ရင်ခွင်ထဲဝင်ပြီးနားရင် ပိုအမောပြေမယ်ထင်တယ် " ပြောရင်းနဲ့ပင် မောင်ရင်ခွင်ထဲခေါင်းလေးစောင်းမှီနေသည်
" အများကြီးချစ်တယ်နော် အန်တီ " နဖူးတွင်ကျနေသောဆံပင်များကို နားကြားပြန်ညှပ်ပေးကာပြောနေရင်း
" မောင်အန်တီကိုရေလေးဝယ်ပေးပါ့လား အန်တီရေဆာလို့" ရင်ခွင်ထဲမှမောင့်ကိုမော့ကြည့်ကာပြောလိုက်တော့
" ဒီမှာ ခနစောင့်နော် မောင့်ဒီနားကG&Gမှာသွားဝယ်လိုက်မယ်" အန်တီကိုပြန်ကြည့်ရင်းဆိုလာသည်
အန်တီကဘာမှပြန်မပြောခေါင်းညိမ့်ပြသည်
မောင်ထွက်သွားတော့ အန်တီလဲFacebookသုံးနေလိုက်တယ် ခနနေတော့ လူတယောက်က်အန်တီရှေ့ရောက်လာပြီ
"ဒီမှာခင်ဗျာ ကျွန်တော်ကိုမှတ်မိလားမသိဘူး" ခါးကိုင်းကအန်တီကိုကြည့်ပြောတော့
ဖုန်းကြည့်နေသည့့်အန်တီမှ ထိုလူ့ဆီသို့ကြည့်၍ စဥ်းစားနေဟန်ဖြင့် " သြော် သိပြီ ဟိုတခါ ဆိုင်မှာလာဝယ်တဲ့တယောက်က်မို့လား"
ထိုလူမှရီ၍ " ဟုတ်တယ် ကျွန်တော်ကမမှတ်မိဘူးထင်နေတာ ကျွန်တော်နာမည်ကတင်ကိုဦးပါ ဒါနဲ့ အစ်မနာမည်ကရော "
အန်တီမှထိုင်နေရာကမက်တပ်ရပ်လိုက်ပြီး
" ဟို တို့နာမည်က ယဥ်လဲ့လဲ့နိုင်ပါ "
" မောင်ကလဲမလာသေးဘူး ကြာလိုက်တာလို့" စိတ်ထဲရေရွတ်နေလိုက်သည်
မောင်ကအဝေးမှအန်တီတို့အခြေအနေကိုကြည့်နေသည် အန်တီကလဲအားနာသဖြင့်စကားပြန်ပြောပေးနေသည်ကို အန်တီရဲ့အမူအယာကိုကြည့်ရုံဖြင့်မောင်သိနိုင်သည် မောင်လဲအန်တီဆီသို့ခပ်သွပ်သွပ်သွားပြီး
" တွေ့ရတာဝမ်းသာပါတယ်အစ်မ "ပြောပြီး လက်ကိုရှေ့ထုတ်ကာ လက်ဆွဲနှုတ်ဆက်မလို့ပြင်နေတုန်း အန်တီကဘာလုပ်ရမှန်းမသိသည့့်အချ််န် မောင်ရောက်လာပြီး
မောင်မှကြားဝင်နှုတ်ဆက်လိုက်သည်
" တွေ့ရတာဝမ်းသာပါတယ် ကျွန်မရဲ့ချစ်သူကိုသိလို့လား"ဟု မောင်ကဝင်ပြောတော့ ထိုလူမှ
"ဟိုတခါဆိုင်လာတုန်းကသိကျတာပါ စကားကအခုမှပြောဖူးတာပါလို့" ပြောသာပြောရတာ ထိုလူမှာ အံ့သြကာမောင်တို့နှစ်ယောက်ကိုအကဲခက်၍
"ဒါဆို ကျွန်တော်ကိုခွင့်ပြုပါဦး"
မောင်ကလဲခပ်တည်တည်ဖြင့် " ကောင်းပါပြီ" တခွန်းတည်းသာပြောလိုက်သည်
" လာပါအုံး ဘာကိစ္စကြောင့် လက်ခံစကားပြောနေရတာလဲ "
အန်တီပုခုံးကိုဖက်၍ခုံပေါ်ပြန်ထိုင်နေလေသည်
" အန်တီကလက်ခံစကားမပြောပါဘူး သူကအန်တီFacebookသုံးနေတုန်း သူကလာပြောတာလေ အန်တီကဒီမှာထိုင်နေတာကို"
ခပ်ချွဲချွဲလေးပြောပြီး ရင်ခွင်ထဲတိုးဝင်တော့ မောင်ဘယ်ခံနိုင်ရည်ရှ်ိပါတော့မလဲ " ဟုတ်ပါပြီ အချစ်ရယ်" လို့အရည်ပျော်ကျရတာပေါ့
********
မောင်နဲ့အန်တီတို့အကြောင်းကို ခိုင်နဲ့ သက်လွင်ကလွှဲကျန်တဲ့သူတွေအကုန်သိပြီးသားဖြစ်သည် ခိုင်ကိုမပြောသည်မှာလဲ သဘောမတူမှာစိုး၍သာဖြစ်သည် ကြီးမြကစအကုန်သိသည်
အန်တီကနေ့တိုင်း ကြီးမြနှင့် အတူဟင်းဝင်ချက်ပြုတာကတော့ ရောက်ကတည်းပါလေ
အခုတော့ကြီးမြစျေးသွားနေချိန် ကြီးမြအလစ်ကိုအန်တီနားသွား
"အန်တီဘာလုပ်နေတာလဲ" ဟု ဆိုကာ လက်တဖက်ကခါးလေးကိုဖက်ပြီးအန်တီနှင့်ယှဥ်ရပ်ကာပြောတော့
" ဒီမှာလေ မောင်ကြိုက်တဲ့ ပုဇွန်ထုပ်ဟင်းချက်နေတာ ခနနေရတော့မှာ "
" မွှေးနေတာပဲ အခုတောင်စားချင်လာပြီ "
အန်တီခါးကိုနေညက်ကနေ လက်နှစ်ဘက်ယှဖတ်ပြီး ပုခုံးပေါ်သို့မေးတင်ကာပြောလေသည်
" ဟာ မောင် ဘယ်လိုဖြစ်နေလဲ ကြီးမြဝင်လာအုံးမယ် အနေအထိုင်ဆင်ခြင်ပါအုံး"
ဖက်ထားသော လက်နှစ်ဖက်ကို ဖြေပြီးပြောလေသည်
" အန်တီကလဲ ကြီးမြစျေးသွားလို့ မောင်ကကြ္းမြအလစ်ဝင်လာတာလေ "
ပြန်တိုးဖက်ပြန်ပြီ
" ရှင့်အကြံ ဒါအကုန်ပဲလား " နောက်လှည့်ပြ ခါးထောက်ကာပြောလေသည်
" ဟင့့်အင်းမကုန်သေးဘူး ရှိသေးတယ် "
ဘာရှိသေးတာလဲဆိုသည့့်သဘောဖြင့် အန်တီမှမျက်ခုံးပင့့်ပြလေ
" ဒါလေ ဒါ "ဆိုပြီး သနပ်ခါးလိမ်းထားသော ပါးပြင်လေးနှစ်ဖက်ကို သနပ်ခါးတွေတကျန်အောင် အတင်းနမ်းလေသည်
" မောင်ရယ် တော်ပါတော့ ဒီမှာ သနပ်ခါးတွေပျက်ကုန်ပြီး " အန်တီမှတွန်းလွှတ်တော့
" ဘာလဲ အန်တီက ငြိုငြင်တာလား "
" မငြိုငြင်ရက်ပါဘူး ဆိုင်သွားချိန်နီးပြီမို့လား ပြင်တော့နော်လိမ္မာတယ် မွ"
ဆိုပြီးနမ်းပေးမှ မောင်လဲအန်တီကိုပြန်နမ်းကာအပေါ်သို့တတ်ပြီးဆိုင်သွားဖို့ပြင်ဆင်လေသည်
" အန်တီ မောင်ပြီးပြီ သွားကျမယ် "ပြောပြီး ကားပေါ်တွင်မောင်စောင့်နေလေသည်
အန်တီကဒီနေ့ထူးဆန်းနေသည် ခါတိုင်းအပြင်သွားလျှင် ထဘီဝတ်နေကျကို ဒီနေ့ကျ
ဂါဝန်ပန်းနုရောင်နှင့် မျက်မှန်အနက်ရောင်တပ်ပြီး ဖိနပ်ကအဖြူဒေါက်ဖိနပ်စီးပြီး ဆံပင်ကိုတဝက်စီးပြီး ဖဲကြီးလေးနှင့်ချည်ထားသည်
မောင်မှအန်တီဆီမှအကြည့်မခွာပဲ အန်တီကားပေါ်ရောက်သည်ထိကြည့်နေတုန်းပဲ
" အန်တီ လှလိုက်တာ ဒါကဘယ်သူ့ဝယ်ပေးတာလဲ "
" မောင့်မာမီပေါ့ ကိုယ့်ထက်ငယ်တဲ့သူနဲ့တွဲရင် နုပျိုအောင်နေရမယ်ဆိုလို့လေ "
မျက်မှန်ကိုချွတ်ပြီး ခေါင်းပေါ်တင်လျက်ပြောသည်
" မောင့်အန်တီကအမြဲနုပျိုနေတာကို ဒါတွေမဝတ်လဲ မောင့်အတွက် အန်တီကအလှဆုံးသိလား"
လက်နှစ်ဖက်ကိုဆန့့်ကာအန်တီကိုဖက်လိုက်သည်
" အန်တီဆံပင်ညှပ်ရင်ကောင်းမလားလို့ "
မောင်မကြိုက်မှန်းသိလို့ တမင်စလိုက်ခြင်းဖြစ်သည်
မောင်မှမျက်မှောင်ကြုတ်ကာကြည့်ပြီး
" ဒီဆံပင်သူ့ဟာသူနေတာ ဘာလို့ညှပ်ချင်နေရတာလဲ "
" မောင်မသိလို့ ဆံပင်ထိန်းသိမ်းရတာအရမ်းခက်တယ် ပြီးတော့ "
" ပြီးတော့ ဘာဖြစ်လဲပြောလေ "
မောင်ဒေါသ သံလေးအနည်းငယ်ပါလာပါပြီ
" ဆံပင်ကြောင့်အသက်ကြီးတဲ့ပုံပေါ်နေလားလို့လေ"
" ဟာ အန်တီရာမဆိုင်တာ အန်တီဘယ်လိုပဲဖြစ်ဖြစ် မောင်ချစ်တယ်လေ ဆံပင်တော့မညှပ်နဲ့နော် ညှပ်ချင်ရင် အန်တီမောင်နဲ့ယူပြီး ကလေးမွေးမှညှပ် "
ဟုတ်ပြောပြီး အန်တီဆံပင်ကိုသပ်ကာပြောလေသည်
အန်တီမှရှက်သွားကာ
" ဟာ ဘာတွေပြောမှန်းလဲမသိဘူး မညှပ်ဘူး မွေးလဲမမွေးပေးဘူး "
ကားပေါ်ကနေ လမ်းဘေးရှုခင်းကိုကြည့်ရင်းပြောလေသည်
" မရဘူး မောင့်အတွက်မွေးပေးရမှာ"
" မမွေးဘူး"
တယောက်က်နဲ့တယောက်က်အပြန်အလှန်ငြင်းခုန်နေပြန်သည်
သေချာပါသည် သူတို့ဘယ်လောက်ထိချစ်ကြောင်းပြောရင်လဲ ငြင်းခုန်ကျမယ်ဆိုတာ
*********
" မမ " အနည်းငယ်ဒေါသသံပါလျက် တံခခေါက်ကာခေါ်တော့
" ဝင်ခဲ့လေ ခိုင် " အန်တီမှ ဆံပင်ကိုဖြေချပြီး ဖြီးနေရင်းပြန်ဖြေလိုက်သည်
" မမနဲ့မောင်နဲ့ တွဲနေကျတယ်ဆို "
အန်တီမှခေါင်းဖြီးနေရာမှရပ်ကာ ခိုင်ကိုကြည့်လိုက်ပြီး ဖြည်းညင်းစွာခေါင်းကိုအသာအယာညိမ့်လိုက်သည်
" ခိုင် လုံးဝသဘောမတူနိုင်ဘူးနော်မမ"
အန်တီမှ ခေါင်းကိုငုံ့ထားရာမှ မျက်လုံးတွင် မျက်ရည်စများတွဲလဲခိုကာ ကြည့်တော့
" ဘာဖြစ်လို့လဲ မမတို့ကိုဘာကြောင့်သဘောမတူတာလဲ"
ဟုတ် ငိုသံပါနှင့်မေးလိုက်သည်
ခိုင်မှ အန်တီကုတင်ပေါ်သို့ ထိုင်ကာ
" မမက မသိတာလား သူအရင်င်ကရည်းစားည်းစားတွေအများကြီးထားခဲ့တာလေ ပြီးတော့မမတို့ကအသက်အများကြီးကွာတယ်ယ်လေ မမအသက်ကြီးသွားရင် မမကအပြင်တွေလဲသူနဲ့အတူတူလိုက်နိုင်အုံးမှာလား သူ့လုပ်တာမှန်သမျှ မမသိရမှာတဲ့လား ခိုင်မိန်းကလေးမို့သဘောမတူတာမဟုတ်ဘူး အသက်ကွာလို့ မမအတွက်စိတ်ပူလို့သဘောမတူတာပါ"
ခိုင်မှ အန်တီပုခုံးကိုကိုင်၍ပြောသည်
" ပြီးတော့ ရွာကအဘဘိုးကျော်နေသိပ်ကောင်းဘူးတဲ့ မမ ခနပြန်မှဖြစ်မယ်ထင်တယ် ဌေးဌေးနဲ့ အရီးကလဲ ယာအလုပ်နဲ့အဘနားမပြုစုနိုင်လို့တဲ့ "
ခိုင် အန်တီဆီမှကုတင်ပေါ်သိ့ပြန်ထိုင်ရင်းပြောလိုက်သည်
" တကယ်နေမကောင်းတာဟုတ်လို့လား မောင်နဲ့ မပတ်သတ်စေချင်လို့တော့ မဟုတ်ဘူးမို့လား " အန်တီမှစိုးရိမ်ကြီးစွာခိုင်အားမေးလေသည်
" မဟုတ်ပါဘူး အဘနေကောင်းရင်မမပြန်လာလို့ရတယ်လေ ခိုင် မနက်ဖြန်ကားလက်မှတ်ဖြတ်ထားတယ် မနက်ဖြန်ခိုင်လိုက်ပို့မယ်နော် "ဟုတ်ပြောပြီး ထွက်သွားသည်
အန်တီကတော့ ကုတင်ပေါ်သို့လှဲချပြီး ခိုင်ပြောခဲ့သောစကာများကိုသာ ပြန်ကြားပြီး ငိုနေတော့သည် ခေါင်းအုံးလေးကတော့ အန်တီရဲ့အဖော်ပေါ့
#ကျော့
နောက်တပိုင်းနည်းနည်းစပ်မယ်ထင်တယ်နော်🤭
ဂရုစိုက်ကျပါရှင် ကျော့တို့ဘက်တော့ မိုးတွေကတနေကုန်ရွာနေတာ❤️
ပုံလေးကတော့ အန်တီထူးထူးဆန်းဆန်းဂါဝန်လေးနဲ့ပေါ့ကွယ် ဆံပင်ကတော့ဒေါ်ယဥ်လဲ့လဲ့နိုင်ကပိုရှည်တယ်နော်😍😚
YOU ARE READING
အကို့မရီး ကျွန်မဇနီး
Romanceညီမဖြစ်သူရန်ကုန်သားနဲ့အိမ်ထောင်ကျလို့ ရန်ကုန်သို့လိုက်ခဲ့ရာ မတ်ရဲ့ညီမနဲ့ကြိုက်တဲ့Ficလေးပါ Sweet ဖြစ်နေမှာအာမခံမှာပါ😍 ဒေါ်ယဥ်လဲ့လဲ့နိုင်နဲ့ အိန္ဒြာမောင်လွင်တို့ ဘယ်လ်ိုတွေRoကျမလဲဆို ဖတ်ပေးကျပါအုံးနော်🤭