အကို့မရီး ကျွန်မဇနီး Ep 7
အန်တီနဲ့မောင်နဲ့ တွေ့မယ်နေ့ မနက်တွင်
" နိုင်ရေ နိုင် သွားကျမယ်လေ နေပူနေလိမ့်မယ် "
အန်တီတို့အိမ်ရှေ့ဆိုင်ကယ်ရပ်ပြီး အန်တီအားခေါ်လေသည်
" လာပါပြီ မိယုရဲ့ နင်ကလဲလောလိုက်တာ"
ပြေးလာပြီးဆိုင်ကယ်ဦးထုပ်ဆောင်းရင်းပြောသည်
" မလောဘူးလေ နင့့်ဟာလေးကလဲရောက်နေလောက်ပြီဟဲ့ အဘတို့ကရိပ်မိိပ်မိလား"
အန်တီနားကပ်မေးတော့
" ရှူး တိုး တိ မရိပ်မိလောက်ဘူးဟ လမ်းကျမှအခြေအနေအကုန်ပြောပြမယ် အခုတော့မောင်းတော့ နင်ညောင်းမှငါတလှည့်မောင်းမယ်ယ်"
ဆိုင်ကယ်ပေါ်တတ်ရင်းပြောသည်
* * * * * * * *
" ဟယ်လို မောင် အန်တီတို့လမ်းတဝက်ရောက်ပြီနော် မောင်ကရောရောက်ပြီလား"
" ဟို ဟိုလေအန်တီ မောင်ကToiletဝင်နေတယ် နှင်းပွင့်တို့အခုကကားဂိတ်မှာပဲရှိသေးတာ အန်တီ ခနနေမှနှင်းပွင့်အဒေါ်အိမ်သွားမှာ"
အန်တီမှမျက်နှာပျက်ကာ
" အာ့ဆို ဒါပဲလေ "စကားကိုခပ်ပြတ်ပြတ်ပြောကာ ဒေါသသံအနည်းငယ်ပါသည်
မောင်လဲပြန်ထွက်လာရော နှင်းပွင့်ကဖုန်းပေးရင်းပြောသည်
" မောင်ရေ ကိုယ့်ကိစ္စကိုယ်ရှင်း နင့့်အန်တီဆီကဖုန်းလာတယ် " မောင်မှနားမလည်သောအကြည့်နှင့်ကြည့်လိုက်သည်
" နင့့်အဒေါ်အိမ်ရောက်မှခေါ်တော့မယ် နှင်းပွင့်ရာ"
"ဟယ်လို အန်တီ မောင်နှင်းပွင့်အဒေါ်အိမ်ရောက်ပြီ "
" အာ့တာတို့ကဘာလုပ်ရမှာလဲ "
" ဟာ အန်တီကဘာဖြစ်နေတာလဲ အခုဘယ်ရောက်နေပြီလဲ "
" မင်းတောင် မုံရွာရောက်တာတို့ကိုပြောလို့လား"
" အော် အန်တီရယ် မောင်Toiletသွားချင်နေလို့ နှင်းပွင့်ကိုဖုန်းခနပေးပြီးသွားတာပါ စိတ်ဆိုးမနေပါနဲ့ တွေ့မှကျေနပ်တဲ့ထိချော့မယ်နော် အခုဘယ်ရောက်နေပြီလဲ "
" ပြီးရော ခနနေဆိုတို့ရွှေဂူနီဘုရားရောက်တော့မှာ"
" မင်းတို့လဲထွက်ရင်ထွက်လာခဲ့နော် အင်္ကျီလုံးဝမလဲခဲ့နဲ့ ဒါပဲ"
* * * * * * * * *
" ဟဲ့ ဟိုမှာ နှင်းပွင့်ငါ့အန်တီက"
အန်တီတို့ကဘုရားစောင်းတန်းဘက်ထိုင်ရင်းစကားပြောနေကျသည်
မောင်တို့မှအန်တီတို့ကိုလက်ညိုးထိုးကာပြောနေသည်
မောင်ကတော့အောက်ကတီရှုပ်အနီ အပေါ်ကကုတ်အင်္ကျီအတိုုဝတ်ကာ အောက်ကဂျင်းဘောင်းဘီအပွဝတ်လာပြီး Shoeဖိနပ်စီးလာသည်
အန်တီကတော့ အားလုံးသိကျသည့်အတိုင်းပဲမဟုတ်ပါလားမိုးပြာရောင်ဝမ်းဆက်ဝတ်လာပြီး အောက်ကလုံချည်နဲ့ အပေါ်ကလက်စကရင်ဖုံးလေးဝတ်ပြီး ချည်သားအင်္ကျီအဖြူရောင်လက်ရှည်လေးဝတ်သားသည်
မောင်မှအန်တီကိုတွေ့တော့ ပြေးဖက်ကာ
" အန်တီ မောင်ကလွမ်းနေတာ "ဆိုကာ
အန်တီမှလူရှေ့မရှောင်သောမောင့်ကို
" ဘယ်လိုဖြစ်နေလဲ ဒီမှာယုယလဲရှိနေတာ မင်းသူငယ်ချင်းလဲရှိနေတာကို နည်းနည်းပါးပါးထိန်းအုံး" ဆိုကာဗိုက်ကြောက်ိုခပ်ဖွဖွလေးလ်ိမ်ဆွဲပစ်သည် ဗိုက်ကြောဆွဲလိမ်တာက မောင်ဆီကစူးရှရှအနံ့ရတာကတခု အနေအထိုင်မဆင်ခြင်တာကတခုမို့နာတယ်ဆိုရုံလေးဆွဲလိုက်သည်
အခြေအနေကြည့်၍ယုယနဲ့ နှင်းပွင့်လဲ ဘုရားထဲဝင်သွားကျသည် အန်တီနဲ့မောင်နဲ့ကစောင်တန်းမှာရပ်လျက်ကျီစယ်နေကျသည်
" နာတယ် အန်တီရဲ့ တကယ်တည်း ရောက်ရောက်ချင်း လုပ်တော့တာပဲနော် မယူခင်သေချာစဥ်းစားပေးအုံးတော့မောင်ရေ"
ကိုယ့်ကိုကိုယ်ပြောသလိုနဲ့ အော်တော့
ဒီတခါတော့အန်တီအလျော့မပေး ဗိုက်ကြောကိုအားရှိသလောက်လိမ်ဆွဲပစ်လိုက်သည်
" အား အန်တီ တကယ်နာတယ်လို့ "
" မင်းကတို့ကိုယူဖို့စဥ်းစားအုံးမယ်ဟုတ်လား တို့ရွာပြန်ပြီ အဘတို့ပေးစားတဲ့သူနဲ့ယူလိုက်ရမလားပြော "
အန်တီကတခြားဘက်လှည့်ကာပြောတော့
" အန်တီရယ် မောင်ကစတာပါ အာ့လူတော့မယူပါနဲ့ မောင့်ကိုပဲနော်"
အန်တီလှည့်တဲ့ဘက်ကိုမောင်ကလှည့်ပြီးမျက်နှာချင်းဆိုင်ပြောလေသည်
" မင်းပဲစဥ်းစားအုံးမယ်ဆို တို့ကိုယူမနေနဲ့ "
အန်တီမှနှုတ်ခမ်းဆူပြီး ရှေ့သို့လျှောက်သွားသည်
မောင်ကလဲအန်တီနောက်မှလိုက်၍
" အန်တီကလဲ မောင်ကမောင့်အမျိုးသမီးလေးကိုအာ့လိုတကယ်ပြောပါ့မလား စတာပေါ့လို့ အန်တီထပ်တွဲချင်သေးလား ဆွဲရတယ်"
ပြောပြီး အန်တီပုခုံးပေါ်သို့လက်တင်ကပြောလေသည်
အန်တီကလဲ ပုခုံးပေါ်ကလက်ကိုတွန်းချကာပြောလိုက်သည်
" မင်းမှာအပြစ်တခုတည်းရှိတာမဟုတ်ဘူးနော် ၃ခု၄ခုလောက်ရှိတယ် အာ့တာမင်းသိလား "
" အာ့လောက်တောင်များလားအန်တီ"ဆိုကာစောင်းတန်းကထိုင်ခုံပေါ်ထိုင်လိုက်သည်
" မင်းဆီကအနံရတယ် အာ့တာ ဘယ်သူ့ဆီကရတာလဲ မှန်မှန်ပြော "
" ဟား ဟား အန်တီရယ် ဘာများလဲလို့ "
" မရီနဲ့တို့မေးတာဖြေ "
" အာ့တာကကားပေါ်ပါအန်တီရဲ့ ကားပေါ်ကစောင်ခြုံတော့ အနံစွဲတာနေမှာ နှင်းပွင့်နဲ့မောင်နဲ့ကတခုံစီထိုင်တာလေ "
အန်တီကိုရင်ခွင်ထဲထည့့်ပြီးပြောလေသည်
" ပြီးတော့ မင်းမုံရွာရောက်တာ ဘာလို့တို့ကိုဖုန်းအရင်မင်မဆက်တာလဲပြော "
" အာ့တာက မောင်အရမ်းToiletထဲဝင်ချင်နေလို့ပါအန်တီရယ် "
" တို့ကအာ့ဒီToiletလောက်အရေးမကြီးဘူးပေါ့လေ အာ့လိုဆိုလိုတာလား "
အန်တီမောင်ကိုအမြင်ကတ်ကတ်နဲ့ တမင်သက်သက်ရစ်နေခြင်းပင်ဖြစ်သည်
" အာ့ အန်တီရယ် မဟုတ်ပါဘူး ကိစ္စကထိပ်ဝရောက်နေလို့ပါ"
လို့မောင်ကရီီလျက်ပြောတော့ အန်တီကပါရီလျက်
" မောင် ညစ်ပတ် "ဆိုကာရင်ခွင်ထဲဝင်နေလိုက်သည်
" မောင် အန်တီတို့ ဘယ်လိုလုပ်ကျမလဲဟင် "
" အန်တီမောင့်ကိုယုံလား မောင့်နောက်လိုက်ရဲလား " အန်တီမှရင်ခွင်ထဲမှာနေပြီး ခေါင်းငြိမ့်ပြကာ
" အန်တီမရူးမိုက်ချင်ပေမဲ့ အန်တီအရမ်းချစ်တဲ့မောင့်အတွက်တော့ တခါလောက်ရူးမိုက်ချင်ပါရဲ့"
မောင်ရင်ခွင်ထဲခိုလှုံနေလိုက်သည်
မောင်တို့လဲဘုရားဖူးပြီး
" ဟဲ့ နိုင် နင်နဲ့နင့့်ကောင်မလေးနဲ့တစီးစီးလိုက် ငါနဲ့ဒီကလေးမလေးနဲ့တစီးစီးမယ် "ဆိုပြီးပြောတော့
"အန်တီမောင်းလိုက် မောင်နောက်လိုက်မယ်" ဟုတ် ပြောင်စပ်စပ်ပြောတော့
" တော်တော်အားကိုးရတယ်နော် ဦးထုပ်ဆောင်း တတ်"ဟုတ်ပြောပြီးအန်တီလဲဦးထုပ်ဆောင်းကာပြောလေသည်
နှင်းပွင့်နှင့်အန်တီယုယကတစီး မောင်နဲ့အန်တီနဲ့ကတစီး စီးကာထွက်လာခဲ့ကျသည်
" မောင် လက်ကငြိမ်ငြိမ်နေဆိုကွာ "
မောင်သည် အန်တီ၏ခါးအထက်ပိုင်းသို့ မထိတထိသွားသွားထိလေသည် "
မောင်မျက်နှာလဲအန်တီကျောနှင့်ကပ်ပြီး ခေါင်းရမ်းကာဘာမှတော့ပြန်မပြော
" မောင် အန်တီငြိမ်ငြိမ်နေဆို ဆိုင်ကယ်ကောင်းကောင်းပေးမောင်းနော် လိမ္မာတယ် "
အန်တီမှမျက်နှာဘေးစောင်းကမောင့်ကိုပြောတော့
" မောင်ကချစ်လို့လေ "
" မောင်ချစ်တာသိတယ်လေ မုံရွာလမ်းကရှုပ်ှုပ်တယ်မောင်ရဲ့ ငြိမ်ငြိမ်နေနော် "
" ဟုတ်ပါပြီ မောင့်အမျိုးသမီးရယ်" လို့ပြောကာ
အန်တီကျောပြင်ကို ခနခန နမ်းနေပြန်သည်
မောင်ကတော့တခုမဟုတ်တခုလုပ်နေသည်မဟုတ်ပါလား
မုံရွာမြို့ စားသောက်ဆိုင်ထဲတွင်
" အန်တီထမင်းစားမယ်မို့လား ဘာဟင်းနဲ့စားမှာလဲ " menuကို၂ယောက်ကြားထားကြည့်ပြီးပြောလေသည်
" နှင်းပွင့်နဲ့ အန်တီယုယရော ဘာစားမလဲမှာလေ "
အန်တီမှမသိမသာမောင်ကိုဆိတ်တော့
" ဘာလဲ အန်တီရဲ့ "
" တို့ကလွှဲလို့ဘယ်သူမှ အန်တီလို့မခေါ်နဲ့" လို့မောင့်နားကပ်ခပ်တိုးတိုးပြောလေသည်
မောင်မှပြုံးလျက် အန်တီခေါင်းလေးကိုပွက်ကာ ခေါင်းငြိမ့်ပြသည်
" ဟဲ့ အိန္ဒြာမောင် နင်တို့ဒေါ်လေးအိမ်လိုက်ခဲ့မယ်မဟုတ်လား ဒေါ်လေးတို့ကလင်မယား၂ယောက်တည်းနေတာ အခုတော့တရားစခန်းဝင်နေကျတယ် အာ့မှာပဲနေလိုက်လေ ငါလဲမနက်ဖြန်ပြန်မယ် "
နှင်းပွင့်မှစားလက်စ ဇွန်းကိုချကာပြောလေသည်
" အန်တီသဘောကရော" အန်တီပန်းကန်ထဲဟင်းထည့့်ပေးလျက်ပြောသည်
" အန်တီသဘောက မောင့်သဘောပါနော်"
မောင်ကိုချိုသာသောအပြုံးတို့နှင့်ပြောလေသည်
" အမလးဟဲ့ မိနိုင်တို့များ ဘယ်ကဘယ်လိုဒီလိုစကားတွေတတ်လာလဲမသိဘူး ရွာမှာဆိုဘယ်ကာလသားမှအကပ်မခံ အထိမခံပြန်ပြောတဲ့ သူကဒီလိုတွေပြောတတ်တာ အံ့သြဘ" ဟု
ဒေါ်လေးယုယမှမျက်စောငိးလေးချီကာပြောလေသည်
" ဒါအချစ်ရဲ့စွမ်းအားတွေလေ မိယုရဲ့"
မောင့်ကိုကြည့်ရင်းပြောလေသည်
" ဒေါ်လေးယုယလဲဒီညဒီမှာအိပ်မှာမို့လား"
" ဟုတ်တယ် အဒေါ်မနက်မှပြန်တော့မယ်"
" ကဲ အာ့ဆိုလဲစားကျ မောင်နားချင်နေပြီ ခရီးပန်းလာတော့ ခေါင်းကနောက်နေလို့"
" ဟဲ့ ငါလဲနင်နဲ့အတူတူလာတာလေ သူကပိုဖြစ်ပြနေတယ် မသိရင်ခက်မယ်နငိ့အကြောင်း"
" ဟိတ် မတူဘူးလေ နင်ကကားပေါ်မှာအိပ်နေတာ ငါကကားပေါ်မှာအိပ်မှမအိပ်တတ်တာ ဘယ်တူမလဲ"
သူငယ်ချင်းနှစ်ယောက်အခြေအတင်စကားပြောနေကျပြန်သည်
#ကျော့
နည်းနည်းတိုသွားတယ် ခရီးပန်းလာတော့ အိပ်ပျော်သွားလို့ပါ
ညကျတပိုင်းလောက်ရေးဖြစ်ရင်တင်ပေးပါ့မယ်နော်🥰😚

JE LEEST
အကို့မရီး ကျွန်မဇနီး
Romantiekညီမဖြစ်သူရန်ကုန်သားနဲ့အိမ်ထောင်ကျလို့ ရန်ကုန်သို့လိုက်ခဲ့ရာ မတ်ရဲ့ညီမနဲ့ကြိုက်တဲ့Ficလေးပါ Sweet ဖြစ်နေမှာအာမခံမှာပါ😍 ဒေါ်ယဥ်လဲ့လဲ့နိုင်နဲ့ အိန္ဒြာမောင်လွင်တို့ ဘယ်လ်ိုတွေRoကျမလဲဆို ဖတ်ပေးကျပါအုံးနော်🤭