အကို့မရီးကျွန်မဇနီး Ep 18 ( End )
အန်တီရဲ့ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ မောင်အရင်င်ကထက်ဂရုစိုက်ရသည်ည် ကိုယ်ဝန်ကလဲမွေးခါနီးနေပြီဆိုတော့ အခုဆို ရေချိုးရင်တောင်မောင်လိုက်စောင့်ပေးရသည်ည် ချော်လဲမှာစိုးလို့တဲ့လေ မောင်လဲဆိုင်ကိုမနီလာီလာနဲ့လွှဲထားသည်မှာအန်တီကိုယ်ဝန်၇လလောက်တည်းကပါ လကုန်မှသာ စာရင်းတွေလုပ်ပေးရသည်ည် ဒီလိုအချိန်မှာဆို အန်တီနားရှိနေသင့်သည်မဟုတ်လား အခုလဲမနက်စားပြီးအပေါ်တတ်ကာ
" မောင် ကလေးကတချက် ချက်လှုပ်လာတယ် "
အန်တီကကုတင်ပေါ်ကနေရင်းပြောတော့ လကုန်ရက်မို့စာရင်းစစ်နေသည့့်မောင့်မှာ အန်တီနားအပြေးလေးလာကာ ဗိုက်ကိုစမ်းကြည့်ကာပြုံးနေသည်
" အာ့တာကျန်းမာလို့နေမှာပေါ့ချစ်ရဲ့ မွေးရက်ကသိပ်မလိုတော့ဘူးနော် "
" ဟုတ်တယ် ချစ်လေ တခါတလေကြောက်စိတ်တွေဝင်လာတယ်သိလား "
" ဘာမှမကြောက်နဲ့နော် မောင်ရှိတယ်သိလား အခုဆိုမောင်လဲအင်္ဂုလိမာလသုတ်ကျက်ထားတယ်" အန်တီကိုဖက်ရင်းပြောလိုက်တော့
" ဟုတ်ကဲ့ " အန်တီလဲမောင့်ရင်ခွင်ထဲဝင်နေလိုက်သည်
" မောင် စာရင်းတွေလုပ်စရာရှိတာလုပ်လေ"
" ခနပဲနော် ချစ်ကအိပ်ရင်းစောင့်နေကြားလား" အန်တီမှခေါင်းငြိမ့်ပြသည်
မောင်လဲစာရင်းလုပ်နေတာတောင်အန်တီကိုစိတ်မချနိုင်ဘူး အန်တီကိုတလှည့်ကြည့်ကြည့်နှင့် ခနအကြာ မောင်လဲစာရင်းလုပ်ပြီးရောအန်တီကိုနောက်ကဖက်ကာအိပ်နေလိုက်သည် အန်တီဆီမှညည်းသံသဲ့သဲ့လေးကြားမှမောင်နိုးလာကာ
" ချစ် ဘာဖြစ်လို့လဲ "
" မောင် ဗိုက်ကတဆစ်ဆစ်နဲ့နာနေတာ "
" ဟုတ်လား မောင်ဆရာဝန်ဆီဖုန်းဆက်ခိုင်းလိုက်မယ်"ပြောပြီး မောင်ကချက်ခြင်းဖုန်းဆက်ကာ ဆရာဝန်လာသည်ကိုစောင့်နေပြီး ဆရာဝန်လဲလာရော အန်တီကိုစမ်းသပ်ကာ
" စိတ်ပူစရာမလိုပါဘူး မွေးမဲ့ရက်ကလဲလိုသေးတယ်မို့လား ကလေးကလှုပ်လို့ပါ ကလေးကထွားမဲ့ပုံပဲနော်"
" ဟုတ်ကဲ့ နောက်တပတ်ထဲပေးထားတာပါ"
" ဟုတ်လား အားဆေးပုံမှန်သောက်ပါ လမ်းများများလျှောက်ပေးပါနော် "
ပြောပြီး ဆရာဝန်မှာအန်တီတို့ကိုနှုတ်ဆက်ကာပြန်သွားသွားသည်ကို မောင်ကလိုက်ပို့ချေသည်
မာမီကလဲအခန်းထဲလာကာ အန်တီနားဆ
နေပေးနေသည်
" နိုင် အရမ်းနာနေလား " မာမီမှအန်တီလက်ကိုကိုင်မေးတော့ အန်တီမှပြုံးကာ
" မနာာတော့ဘူး မာမီ ကလေးကအထဲမှာနေရခက်လို့ထင်တယ်နော် မာမီ "
"အွန်းပေါ့နေရခက်လို့ပေါ့ " မာမီနဲ့အန်တီနဲ့စကားကောင်းနေတုန်း မောင်ဝင်လာကာ
" ဘာတွေစကားကောင်းနေကျတာလဲ"
" ကလေးအကြောင်းပေါ့ ဒါနဲ့နေ့လယ်စာ စားပြီးကျပြီလား " မာမီမှမောင့်ကိူကြည့်ကာပြောတော့
" မစားားရသေးဘူး မာမီ "
" စားကျတော့လေ န်ိုင်လဲဆေးသောက်ရမယ်မို့လား "မောင်မှဟုတ်ဟုပြောကာ ထမင်းစားဖို့ အောက်ဆင်းကျသည်
" မောင် "
လှေကားဆင်းနေရင်း ခေါ်လိုက်သည်
" ပြောလေချစ် "
" ချစ်လေ ဟိုဟာစားချင်တယ် "
" ဘယ်ဟာစားချင်တာလဲ မောင်ဘာလုပ်ပေးရမလဲ "
" ခရမ်းချဥ်သီးပန်ထွေဖျော်နဲ့စားချင်တာ"
" ချစ်ကလဲ အစပ်တွေမစားားနဲ့ဆို "မီးဖိုခန်းထဲဝင်ရင်းပြောတော့
" မောင်ပြောတော့ တပတ်ကိုတရက်ကျွေးမယ်ဆို ဒီတပတ်မစားရသေးဘူးလေ" ထမင်းစားပွဲခုံတွင်ထိုင်ကာပြောလိုက်သည်
" ဒီတပတ်မစားနဲ့တော့လေနော် လိမ္မာတယ်"
မောင်မှအန်တီကိုထမင်းခူးပေးကာပြောလိုက်သည်
" အာ့ဆိုထမင်းမစားားဘူး ဆေးလဲမသောက်ဘူး"
" ချစ်ကလဲ တော်ကြာမွေးလာတဲ့ကလေးလေး ဆံပင်မပေါက်ရင်ဘယ်လိုလုပ်မလဲ"
မောင်မှပြောတော့ အန်တီမှမောင့်ကိုကြည့်ကာ
" ပေါက်ပါတယ်မောင်ကလဲ ချစ်ကလေမောင့်ကိုအရမ်းချစ်တော့ မောင်နဲ့တူလောက်မယ်ထင်တယ်နော် "
" မောင်ကလဲချစ်တာပဲလေ ဒါပေမဲ့ကလေးကသူ့အမေနဲ့တူရင်တော့မလွယ်ဘူး "
" ဘာလို့ "
" အားတိုင်းဂျစ်နေတာလေ စိတ်ကောက်လိုက်တာလဲလွန်ပါရော "
" မောင်ကမချော့ချင်လို့လား ငြိုငြင်တာလား"
" မငြိုငြင်ပါဘူးနော် မောင့်ကဟောဒီဇနီးလေးကိုအရမ်းချစ်တာ "အန်တီမေးစေ့ကိုကိုင်ကာပြောလေသည်
" ချစ်ရင်လုပ်ပေးတော့လို့ " အန်တီကပြောတော့ မောင်မှအန်တီနဖူးကိုတချက်နမ်းကာ ခရမ်းချဥ်သီးကိုရေနွေးထဲပြုနေသည်
" ခနစောင့်နော်ချစ် မီးသွေးမီးကမရှိတော့ မောင် ခရမ်းချဥ်ပြုတ်ထားတယ်နော် "
မောင်လဲခရမ်းချဥ်သီးပြုတ်ပြီး ခနနေတော့
ခရမ်းချဥ်သီးကိုဆယ်ကာBlunderထဲထည့့်ကြိတ်ပြီး ငရုတ်သီးမှုန့်ထည့့်ကာအရသာမှုန်ထည့့်ပြီး ဇွန်းနဲ့နှယ်ကာ အန်တီဆီယူလာလေသည်
" မွှေးနေတာပဲ "
မောင်မှပန်းကန်ကိုအန်တီရှေ့ချကာ
" မောင်ငရုတ်သီးလျော့ထည့့်ထားတယ်နော် ချစ်ဗိုက်အောင့်မှာရော ကလေးကြောင့်ရောမို့"
" ဟုတ်ကဲ့ပါမောင့်ရဲ့ မောင့်ကိုအချစ်ဆုံးသိလား" ဆိုကာမောင်ကိုဖက်လိုကိသည်
" သူ့စားချင်တာစားရလို့ အချစ်ဆုံးဖြစ်နေတာ"
မောင်မှစကားနာထိုးတော့
" မောင်ကလဲ ချစ်လွန်းလို့မောင်ကလေးယူချင်တာမွေးပေးတယ်လေ "
" ဟုတ်ပြီ စားတော့နော် ထမင်းအေးကုန်မယ်" ထမင်းစားကျသည် ထမင်းစားနေတုန်းလဲ မောင်လုပ်ပေးသော ခရမ်းချဥ်သီးပန်ထွေဖျော်ကိုစားတိုင်း မောင်ကတော်လိုက်တာ ဆိုကာလက်မက်မလေးထောင်ပြီးပြုံး ပြုံးပြသေးသည် မောင်ကလဲ အာ့တာလေးကိုချစ်နေရတာ မောင်တို့စားပြီး ဆေးတ်ိုက်ကာ အိမ်အောက်ဆင်းကာ လမ်းလျှောက်ရသည်ည် အန်တီမှလမ်းလျှောက်ရင်လဲမောင်ကအန်တီပုခုံးကိုဖက်ထားသည် ခလုတ်တိုက်မိရင်လဲမည်စိုးသောကြောင့် မောင်ကပိုကိုပိုတယ်
လမ်းလျှောက်ပြီး ခနအကြာ ဒန်းပေါ်တွင်ထိုင်ကာ မောင်ကအန်တီဗိုက်ကလေးကိုကိုင်ကာ
" ပါးရဲ့ဘေဘီလေး ကျန်းကျန်းမာမာနဲ့ပါးတို့ဆီကိုရောက်လာပေးနော် " ပြောပြီး ငုံ့နမ်းပြန်သည်
" မောင် ကလေးနဲ့ချစ်နဲ့ ဘယ်သူ့ကိုပိုချစ်တာလဲ"
" အာ့တာလား ကလေးကို "ပဲရှိသေးတယ် အန်တီတခြားဘက်လှည့်သွားသည်
" စိတ်ကောက်တာလား စကားဆုံးအောင် နားမထောင်ပဲနဲ့ကွာ ကလေးကိုမွေးပေးတဲ့လူကြီးကိုပေါ့ "နောက်ကနေအန်တီခါးကိုဖက်လိုက်ကာပြောတော့
" ပြီးတာပဲ " မောင်ဘက်ပြန်လှည့်လာသည်
မောင်ကလဲအန်တီပုံစံလေးကိုအသည်းယားတာနဲ့ မျက်နှာရဲ့အစိတ်အပိုင်းတွေကို ခနခနနမ်းတော့သည် မောင်တို့တနေ့တာကတော့ဒီလိုပါပဲ စတဲ့သူကစစိတ်ကောက်တဲ့သူကစိတ်ကောက်နဲ့ ပျင်းတယ်လို့ကိုမရှိရဘူး နောက်ဆိုအိမ်ရဲ့ဆည်းလည်းလေးကပါရောက်လာတော့မည်မဟုတ်လား
* * * * * * * *
ညတညရဲ့ အိပ်လို့အကောင်းဆုံးအချိန် 12ကျော်လောက်ရောက်တော့ အန်တီမှဗိုက်ကနာလာလေသည် မောင့်ကလဲအိပ်နေတာ မနိုးလို့ကလဲမဖြစ်နဲ့ နိုးရလေသည်
" မောင် မောင် ချစ်ဗိုက်နာနေလို့ "
မောင့်ရင်ခွင်ထဲအိပ်နေသောအန်တီမှ မောင်ရင်ဘတ်ကိုထုကာနိုးရလေသည် မောင်လဲနိုးလာကာ
" အရမ်းနာတာလား ခနနော် မောင်ပစ္စည်းတွေထည့်အုံးမယ်" အန်တီမှခေါင်းငြိမ့်ပြလေသည် မောင်မှပစ္စည်းထည့့်ပြီး ကားပေါ်အရင်င်သွားတင်ထားသည် မာမီတို့လဲနိုးလာပြီး အန်တီကိုတွဲခေါ်ကာ ဧည့်ခန်းထဲရှိခုံပေါ်တွင်ထိုင်စေသည် မာမီမှ
" မောင်ဆေးစာရွက်တွေကပါပြီလား"
" မပါသေးဘူး မာမီ "ဆိုကာ အပေါ်ပြန်ပြေးတတ်ပြန်သည်
" စာရွက်ထည့့်ထားတဲ့ အိတ်ကလေးဆွဲယူကာ "
ပစ္စည်းတွေနားထားပြီး အန်တီကိုဆွဲထူကာ
" မောင် ကားသော့ရော " အန်တီမှမေးတော့
" အာ့ အခန်းထဲမှာ မာမီ အန်တီကိုတွဲပေးပါအုံး မောင်သော့သွားယူအုံးမယ် "
မာမီမှမောင်ကိုကြည့်မရတော့ပေ သူကပြာယာခက်နေသည် စိတ်လှုပ်ရှားတာလဲပါမှာပါလေ မောင်မှကားသော့ဖွင့်ကာ အန်တီကိုထိုင်စေပြီး ကားမောင်းမည့်ည့်နေရာကိုမင်ထိုင်တော့
" မောင်မမောင်းနဲ့မာမီမောင်းမယ်ယ် မောင်ကစိတ်လှုပ်ရှားနေတာ " မာမီပြောတော့မောင်မှအန်တီနားသွားထိုင်ကာ အန်တီလက်ကိုဆုပ်ကိုင်ထားသည် အန်တီမှအံ့ကြိတ်ကာ နာနေတာကိုတောင့်ခံထားသည်ပုံ ချွေးတွေပါထွက်နေသည်
" နာနေလားဟင် "
" နာတယ် မောင်ရဲ့ မရောက်သေးဘူးလားဟင် "
" ခနစောင့်နော် ရောက်တော့မယ် "အန်တီလက်ကိုဆုပ်ကိုင်ထားသည် အန်တီကလဲမောင့်လက်ကိုကျစ်ကျစ်ပါအောင် ကိုင်ထားသည် သိပ်မကြာခင်မှာပဲ ဆေးရုံရောက်ကာEmerency ဘက်သွားရပ်ပြီး အန်တီကိုဆေးရုံထဲတွန်းလှည်းဖြင့်ခေါ်သွားသည် အန်တီကတော့ ဆရာဝန်ကြီးကိုရိုးရိုးမွေးဖို့သာပြောသည် အန်တီကိုအခန်းထဲခေါ်သွားသည် မောင်နဲ့မာမီနဲ့ကတော့အပြင်မှာစောင့်နေကျသည် မောင်ကတော့အင်္ဂုလိမာလသုတ်ရွတ်နေသည် မာမီကလဲဘုရားစာရွတ်နေလေသည် မောင်ကတော့မထိုင်နိုင်အခန်းရှေ့တွင်ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေလေသမောငလည် သူနာပြုတယောက်ထွက်လာကာ
" ဒေါ်ယဥ်လဲ့လဲ့နိုင်လူနာရှင်ရှိပါသလားရှင့်"
မောင့်မှအပြေးလေးသွားကာ
" ရှ်ိပါတယ်
" လကမှတ်လေးတချက်ထိုးပေးနော် ကလေးကရိုးရိုးမွေးမရဘူး ခွဲမှရမယ်ရှင့်"
မောင်လဲ"အလျင်အမြန်လက်မှတ်ထိုးလိုက်သည် တစ်နာရီကျော်လောက်ကြာမှ ဆရာဝန်တွေပြန်ထွက်
" သမီးလေး မွေးပါတယ် လူကြီးရော ကလေးရော ကျန်းမာပါတယ် ကလေးက၇
ပေါင်ခွဲပါ အခန်းမှာစောင့်နေလို့ရပါပြီ ခနနေထွက်လာပါလိမ့်မယ် " ဆရာဝန်ပြောမှ မောင်လဲပျော်နိုင်တော့သည် မောင်နဲ့မာမီနဲ့ကအခန်းထဲစောင့်ပြီးမကြာဘူး အန်တီရောက်လာပြီးကုတင်ပေါ်ရွှေ့ရသည်
မောင်လဲအန်တီနားထိုင်ကာ အန်တီလက်ကိုကိုင်ကာ
" ကျေးဇူးတင်ပါတယ်ချစ်ရယ် ကျန်းကျန်းမာမာနဲ့မွေးလာပေးလို့ "ဖတ်လိုက်သည်
" အာ့တာမောင့်ကြောင့်လဲပါတယ်လေ မောင်ကချစ်ကိုသေချာဂရုစိုက်ပေးလို့ "
မောင်ရင်ခွင်ထဲဝင်မည်အလုပ် အခန်းတံခါးခေါက်ကာ မာမီနဲ့ ကလေးလေးကိုချီလာသောသူနာပြုလေးဝင်လာသည် မောင်ကလဲကလေးကိုပွေ့ချီကာ အန်တီနားခေါ်ပြီး သူနာပြုလေးကတော့ပြန်ထွက်သွားသည်
" ဒီမှာကြည့် ကလေးလေးကအရမ်းချစ်ဖို့ကောင်း" အန်တီနားထိုင်ကာအန်တီကိုကလေးလေးပြသည် မာမီကလဲအနားရောက်လာကာ
" ပေးပါအုံး မာမီမြေးလေးကို "
အန်တီကလဲမောင့်ကိုပေးလိုက်ဆိုသည့့်သဘောနှင့်မေးငေါ့ပြတော့ မောင်လဲပေးလိုက်သည်
" ငါမြေးကအချောလေးပဲ "
" မာမီကလဲ သူ့အမေနှစ်ယောက်ကချောတာလဲ ထည့့်ပြောအုံးလေ " မောင်မှပြောတော့ မာမီမှမျက်စောင်းထိုးသည်
" မောင် အောက်မှာခိုင်တို့ရောက်နေတယ် သွားခေါ်လိုက်အုံး " မောင်မှမာမီပြောပြ အန်တီကိုကြည့်ကာအောက်ဆင်းပြီး မမခိုင်နှင့် ကိုကိုတို့ကိုခေါ်လာခဲ့သည် မောင်လဲအခန်းထဲရောက်ရော ဆရာဝန်ကမှာစရာရှိတာ မာမီကိုမှာကြားနေသည် ဆရာဝန်ပြန်ထွက်သွားမှ မောင်ကမာမီကိုမေးသည် ကိုကိုနှင့်မမခိုင်ကတော့ ကလေးကိုသာတယောက်က်တလှည့်စီချီနေကျသည်
" မာမီ ဘာပြောသွားလဲဆရာဝန်က"
" နိုင်ကခွဲထားရတော့ ညှော်တွေရှောင်ရမယ်တဲ့ ကလေးတောင်ကောက်မချီရဘူး အလေးတွေလဲမ မရဘူးတဲ့ "
" ကလေးမချီလို့ဘယ်လိုနို့တိုက်မလဲမာမီရဲ့"
" အော် ကဲ ကလေးကိုနိုင်ဘာသာမချီရဘူး နို့တိုင်ရင် မောင်က ကလေးကိုနိုင်ရင်ခွင်ထဲထည့့်ပေးလိုက်ပေါ့ "မောင်မှ ဟုတ် တလုံးသာပြောပြီး အန်တီနားသွားသည်
" မာမီအိမ်ပြန်နားပါအုံး နိုင်လဲမွေးပြီးပြီ မာမီပြန်နားလိုက်ပါအုံး " အန်တီမှမာမီကိုပြောတော့
" အာ့ဆို မာမီပြန်အုံးမယ်နော် နေ့လယ်လောက်မှပြန်လာမယ် နိုင်ဘာစားချင်လဲ"
" ရပါတယ် အဆင်ပြေတာယူခဲ့ပါ ဂရုစိူက်ပြန်နော်မာမီ " မာမီကတော့အိမ်ပြန်သွားသည် ကိုကိုနှင့်မမခိုင်ကတော့ ကလေးကိုသာချီနေကျသည်
" မမ တူမလေးကချောလိုက်တာနော် ခိုင်တို့နဲ့တူလို့နေမယ် "
" ကလေးက ကိုတို့နဲ့တူတာပါခိုင်ရယ် "
ဒီလင်မယားနှစ်ယောက်ဆေးရုံထဲလာပြီး စကားနိုင်လုနေကျသည်
" ကဲတော်ပါ ကလေးကနှစ်ဖက်စလုံးနဲ့တူလို့ ချောနေတာ " လို့အန်တီပြောမှသာတိတ်သွားကျသည်
" မမခိုင်တို့ပြန်အုံးမယ် မာမီကနေ့လယ်လာရင် ခိုင်ကညနေဘက်လာခဲ့မယ်နော် "
အန်တီမှလှဲနေရာကနေ ထထိုင်ကာ
" ရတယ် မအားရင်မလာနဲ့ မောင်လဲရှိနေတာပဲ ဂရုစိုက်ပြန်ကျနော် "ဆိုကာ ကိုကိုတို့လဲတံခါးနားပဲရှိသေးတယ် မောင်ကအန်တီနားထိုင်ကာ
" ချစ် မောင်တို့ကလေးကိုဘာနာမည်ပေးကျမလဲ "
" မောင့်သဘော "
" သမီးလေးကဗုဒ္ဓဟူးသမီးလေးဆိုတော့ ရွှန်းလဲ့မောင်လို့ပေးရမလား "
" မောင်သဘောဆို အခုတော့အိပ်ချင်တယ် မောင့်ရင်ခွင်ထဲမှာ "ဆိုကာ မောင်လဲလူနာကုတင်ပေါ်တွင်ဖက်ကာအိပ်နေသောအန်တီနှင့် ကုတင်ဘေးတွင်အိပ်နေသောကလေးအားတလှည့်စီကြည့်ကာ ပြုံးနေသည်
ဆေးရုံက၂ရက်လောက်တတ်ပြီးတော့ မောင်တို့လဲအိမ်ကိုပြန်လာကျသည် အိမ်တွင်လဲ မောင်ကအန်တီကို အောက်ဆင်းမခံပေ အောက်ဆင်းလျှင်ညှော်မိမှာစိုးသောကြောင့်ဖြစ်သည် အန်တီရေချိုးလျှင်လဲမောင်ကလိုက်ုက်ချိုးပေးသေးသည် မောင်ကအဖြစ်ကိုသည်းလွန်းသည်
" မောင် လိုက်မချိုးပေးနဲ့တော့ ကလေးနားပဲနေ ချစ်ကရတယ်"
" မရ ရပါဘူး တော်ကြာဟိုဟာမ ဒီဟာမနဲ့ဲ့ ချုပ်ရိုးကြီးကွဲထွက်လာရင်ဘယ်လိုလုပ်မလဲ" အန်တီကိုဖက်ကာပြောတော့
" ဘာမှမဖြစ်ဘူးဆို ကလေးကိုဘယ်သူကြည့်မှာလဲ"
" ချစ်ကလဲကလေးကသူဟာသူအိပ်နေတာလေ ခနပဲချိုးမှာကို လာပါပြောနေကြာတယ် ချိုးတော့" အန်တီကိုရေချိုးခန်းထဲပွေ့ချီသွားသည် အန်တီတို့လဲရေချိုးပြီး ကလေးကိုနို့တိုက်လေသည်
" ချစ် မောင့်ကိုရော "
" ဟာ ဘာတွေလာပြောနေတာလဲ မောင်နော် ကလေးရှိနေတာကို "
" မောင်ကဘာပြောလို့လဲ မောင်တို့ရော ဘယ်ချိန်ထမင်းစားမလို့ပြောတာပါ" ကလေးနို့တိုက်နေသောအန်တီနားကိုလာကာဖက်ပြီးပြောလေသည်
" မောင်နော် အကြောင်းမသိရင်ခက်မယ်ယ် ကလေးအိပ်ရင် စားမယ်လေ ဒီတခါတော့အောက်ဆင်းစားပါရစေနော် ချစ်အပေါ်မှာပဲနေရတာ ညောင်းနေပြီ "
" အွန်းပါ မောင် ပောက်ဆင်းပြီး ညှော်နံ့မရသွားကြည့်အုံးမယ်နော် " အန်တီနဖူးကိုနမ်းကာအောက်ဆင်းသွားသည်
" ချစ် သမီးလေးအိပ်ပြီလား "
အန်တီမှ တိုးတိုးလို့ပြောကာ သမီးလေးနားကအသာလေးထလာလိုက်သည်
" မောင်ဘာဟင်းချက်တာလဲဟင် "
" ကြက်သာကြော် ငါးခြောက်ဖုတ်တဲ့ "
" ဟွန်း ဒါပဲလား "
" အွန်းပေါ့ ချစ်ရဲ့ အခုကအာ့တာပဲတည့့်တယ်တဲ့ နောက်မှချစ်စားချင်တာမောင်အကုန်လုပ်ကျွေးမယ်နော် "
" အွန်းပါ အာ့တာမောင်ကြောင့် မောင်ရောချစ်စားသလိုပဲစားရမှာဒါပဲ "
" စားမှာပေါ့ချစ်ရဲ့ ဆူပုတ်မနေနဲ့နော် "
မောင့်မှာအန်တီကိုချော့ပြီးထမင်းကျွေးရသည်ည် အန်တီကလဲမောင့်ကိုအတင်းချွဲသည် အခုသာချွဲရမှာ နောက်ကျရွှန်းလဲ့မောင်လေးချွဲတော့မှာအန်တီရေ
* * * * * * * * * * * *
အခုဆို ကလေးကလဲ၄နှစ်တည်းရောက်လာတော့သည် အန်တီနှင့်ရွှန်းလဲ့လေးမှာ မောင့်ကိုလူကျရသည်မှာည်မှာအမြဲပင်
အခုလဲ ညစာစားပြီးအခန်းထဲတွင်စာရင်းလုပ်နေသောမောင်
" မောင် ဒီမှာမောင်သောက်ဖို့" ဆိုကာ နွားနိုကြိုမောင့့်စားပွဲပေါ်တင်ကာ အန်တီကတော့ မောင်ပေါင်ပေါ်ထိုင်လိုက်သည်
" ဘာလုပ်ချင်လို့လဲချစ်ရဲ့ မောင်စာရင်းလုပ်အုံးမယ် ခနနော် "ဆိုကာ ပေါင်ပေါ်ကအန်တီနှုတ်ခမ်းကိုနမ်းပြီးစာရင်းလုပ်နေသည်
" မောင် သောက်လို့ မောင်အတွက်ယူလာတာပါဆို"
အန်တီပြောတော့ မောင့်လဲနွားနို့ကိုတငုံ့သောက်လိုက်သည်
" မောင် မပြီးသေးဘူးလား ချစ် အိပ်ချင်နေပြီ"
" ပြီးပြီချစ် ကုတင်ပေါ်စောင့်နေနော် မောင် ကိုယ်လက်သန့့်စင်ပြီး လာခဲ့မယ် "
ဆိုကာအန်တီကိုချီကိုကုတင်ပေါ်ချကာ မောင်ကရေချိုးခန်းထဲဝင်သွားသည်
မောင်လဲပြန်ထွက်လာပြီး အန်တီကိုရင်ခွင်ထဲထည့့်ကာ နှုတ်ခမ်းကိုနမ်းမည့့်ကြံနေတုန်း
ရွှန်းလဲ့လေးမှာတံခါးခေါက်ကာ မောင်ဆီလာသည်
" ပါး မီးကိုချော့သိပ် မီးအိပ်မပျော်လို့ "
အန်တီမျက်နှာမှာဆူပုတ်နေလေသည် မောင်ကတော့ သမီးကိုပုခုံးပေါ်တင်ကာလမ်းလျှောက်မ်းလျှောက်သိပ်သည် ခနနေတော့ သမီးလေးအိပ်သွားပြီး သူ့အခန်းသူသွားသိပ်ပြီး ပြန်ဝင်လာသောမောင် အန်တီမှာအိပ်ချင်ယောင်ဆောင်နေလိုက်သည်
" ချစ်မအိပ်သေးတာမောင်သိတယ်နော် "
ဆိုကာအန်တီကိုခုန်ပြီးဖက်လိုက်သည်
" ဖယ် လာမဖက်နဲ့ ရှင့်သမီးနဲ့သွားအိပ် "
" ဟော ကလေးနဲ့ကိုပြိုင်ပြီးစိတ်ကောက်နေပါတယ် ဘယ်သူ့လဲမသိဘူး " အန်တီမှဘာပြန်မပြောပေ
" မောင့် အသည်းတုန်းလေးက စိတ်ကောက်နေတာလား ကောက်နေရင်လဲ အိပ်တော့မယ်ကွာ" အန်တီကိုတမင်စလိုက်ခြင်းဖြစ်သည်
အန်တီမှမောင့်ဗိုက်ကိုလိမ်ဆွဲလိုက်သည်
" ကျမစိတ်ကောက်ိတ်ကောက်နေရင်ချော့ရမယ်ဆိုတာရှင့်မသိဘူလား"
" သိတယ်လေချစ်ရဲ့ အာ့ကြောင့်လဲအထူးစပါယ်ရှယ်ချော့မလို့လေ "
အန်တီနှုတ်ခမ်းကိုနမ်းလိုက်သည် အန်တီကလဲအနမ်းတွေပြန်တုံ့ပြန်ရင်း မနက်ခင်းစီသို့
မောင်ကိုအန်တီနဲ့ ရွှန်းလဲ့နဲ့ကအမြဲလုရသည် အန်တီကလဲအစကသူ့တယောက်တည်းပိုင်သည့်မောင့်ကို သမီးကိုတဝက်ပေးလိုက်ရသည် မောင်ကတော့ကြားထဲကနေဟိုဘက်ချော့ဒီဘက်ချော့ပေါ့ သမီးနဲ့လုရလို့ သမီးကိုမချစ်တာလားဆိုတော့လဲမဟုတ်ပေ အန်တီကသူ့သမီးကိုအရမ်းချစ်တာပါလေ
မောင်ကတော့ ဒီလိုသာယာတဲ့ဘဝလေးကိုမက်မောတယ် အမြဲတမ်းလဲသာယာအောင်မောင်ကြိုးစားပါ့မယ်လို့ကတိပေးရင်း.....
#ကျော့
ဇာတ်သိမ်းပါပြီနော် ဇာတ်သိမ်းကသိပ်မကောင်းဘူးဖြစ်သွားတယ် အမှားပါရင်ဖြည့်ဖက်ပေးကျပါနော် နောက်Ficကတီချယ်နဲ့ကျောင်းသူFicလာမယ်ရှင့် ဖတ်ပေးကျပါအုံးနော်

YOU ARE READING
အကို့မရီး ကျွန်မဇနီး
Romanceညီမဖြစ်သူရန်ကုန်သားနဲ့အိမ်ထောင်ကျလို့ ရန်ကုန်သို့လိုက်ခဲ့ရာ မတ်ရဲ့ညီမနဲ့ကြိုက်တဲ့Ficလေးပါ Sweet ဖြစ်နေမှာအာမခံမှာပါ😍 ဒေါ်ယဥ်လဲ့လဲ့နိုင်နဲ့ အိန္ဒြာမောင်လွင်တို့ ဘယ်လ်ိုတွေRoကျမလဲဆို ဖတ်ပေးကျပါအုံးနော်🤭