အကို့မရီး ကျွန်မဇနီး Ep 12
မိုးပင်အလွန်ချုပ်နေပြီမို့အန်တီနှင့်မောင်တို့လဲ ဒေါ်လေးယုယအိပ်တွင်သာအိပ်လိုက်ကျသည် အခုလဲ ဒေါ်လေးယုယအခန်းထဲတွင်
" အန်တီ နှင်းပွင့်ကိုချစ်တယ်လို့ပြောပါအုံး နှင်းပွင့်ထပ်ကြားချင်လို့ " ကုတင်ပေါ်တွင်ထိုင်နေသောနှင်းပွင့်မှပြောကာ
အန်တီမှမှန်တင်ခုံရှေ့တွင်ဆံပင်ဖြီးနေကာ
" မခေါ်ပါဘူး တခါပဲရမယ် နှစ်ခါမရဘူး "
ဆိုကာ နှင်းပွင့်ကိုလှည့်ပြောနေလေသည်
" အန်တီကလဲ လုပ်ပါ ထပ်ကြားချင်လို့ပါ "
ဒေါ်လေးယုယကလဲ No ဟုသာပြောသည်
နှင်းပွင့်မှ ကုပင်ပေါ်လှဲချကာ
" အား ခေါင်းကိုက်လိုက်တာ "
ဆိုကာ ဒေါ်လေးယုယကိုတချက်တချက်ကြည့်ပြီးသည်းတော့ ဒေါ်လေးယုယမှ ကုတင်တွင်ဘေးစောင်းလေးထိုင်ကာနှင်းပွင့်နားသို့
" ဘယ်နားကကိုက်တာလဲ ကလေး အန်တီကိုပြပါအုံး" နှင်းပွင့်ဆီအပြေးအလွှားလာပြီး ခေါင်းကိုနှိပ်ပေးတော့
" ခေါင်းကိုက်တာက ထူးဆန်းတယ် အန်တီဆီကချစ်တယ်လို့ပြောမှ ခေါင်းကိုက်ပျောက်မှာတဲ့ " ဒေါ်လေးယုယမှ မျက်စောင်းထိုးပြီး နှိပ်ပေးနေသောလက်ကိုလွက်တော့ နှင်းပွင့်မှထိုလက်ကလေးကိုပြန်ဆွဲယူကာ သူ့ရင်ဘက်ပေါ်တင်ပြီး
" နှင်းပွင့်ကိုချစ်ပေးလို့ ကျေးဇူးတင်ပါတယ်နော် နှင်းပွင့်ကိုချစ်ရလို့ ဘယ်တော့မှနောင်တမရစေရဘူးနော် သဲယုလေး "
" ဟယ် လူကြီးကိုဘယ်လိုခေါ်နေတာလဲ "
နှင်းပွင့်ရင်ခွင်ထဲမှ လက်ကိုဆွဲယူပြီး တခြားဘက်လှည့်သွားသည်
" ဟုတ်တယ်လေ အန်တီနိုင်တို့တောင် မောင်နဲ့ချစ်နဲ့ဖြစ်နေကျတာ နှင်းပွင့်လဲခေါ်မှာပဲ ဘာဖြစ်လဲ " ဆိုကာ နှုတ်ခမ်ဆူပြီးပြောတော့
နှင်းပွင့်ပါးလေးနှစ်ဖက်ကိုဆွဲကာ
" ဒီကလဲ ဘေဘီလေးသဘောပါပဲတဲ့ရှင့် "
ဆိုကာ ထိုင်နေရာကနေ ထသွားမည်အလုပ် နှင်းပွင့်မှအန်တီလက်ကိုဆွဲယူကာ ကုတင်ပေါ်ဆွဲချတော့ ဒေါ်လေးယုယကအပေါ်ကနှင်းပွင့်ကအောက်မှနေပြီး
" ဘယ်လိုခေါ်လိုက်တာလဲ ပြန်ခေါ်ပါအုံး "
" ခေါ်ဘူး ခေါ်ဘူး " ဆိုကာ စကားကိုမပီတပီလေးပြောတော့ နှင်းပွင့်မှအသည်းယားကာ ဒေါ်လေးယုယနှုတ်ခမ်းကို ခနခနနမ်းနေလေသည်
" ကဲ ဘေဘီရယ် တော်တော့ အိပ်ရအောင်နော် ဥဥ့်နက်နေပြီ သိလား "
" သဲယုသဘောပါနော် ဒီကဘေဘီက "
နှင်းပွင့်မှ ဒေါ်လေးယုယကိုဖက်ကာ ပင်ပန်းထားသမျှကို ချစ်ရသူလေးနဲ့အတူဖက်အိပ်ကာ အပန်းဖြေနေလေသည်
* * * * * * *
မောင်တို့လဲနေတာကြာပြီဆိုတော့ ရန်ကုန်ပြန်ဖို့စီစဥ်ရတော့သည် ဒေါ်လေးယုယနှင့်နှင်းပွင့်ကလဲ တခါတည်းလိုက်ခဲ့မယ်တဲ့လေ
အန်တီကတော့ နေလယ်ဘက်မပြန်ချင်ဘူးတဲ့ ပူလို့တဲ့လေ ညနေစောင်းလောက်မှပြန်မယ်တဲ့လေ မောင်ကလဲအန်တီသဘောပဲပေါ့
" မောင် ထတော့လေ "
" ချစ်ကလဲ ခနလေးပါ ငါးမိနစ်နော် "
" မောင်ကလဲ ထပါဆိုကွာ ပြောစကားဆိုတခွန်းမှ နားမထောင်ဘူး အာ့လိုတွေမကြိုက်တာ " မောင်မှအန်တီပြောတော့ အပြေးအလွှားလေးထကာ စိတ်ဆိုးနေသောအန်တီကိုဖက်ကာ
" ချစ် " အန်တီမှဘာမှပြန်မပြော
" ချစ်လို့ " ဒီတခါလဲအသံမကြားရပေ
" ချစ်လို့ မောင်ထပြီလေနော် စိတ်မကောက်နဲ့ "
အန်တီကိုဖက်ကာ မေးစေ့လေးကိုင်ပြီးပြောလေသည် အန်တီမှမောင့်လက်ကိုတွန်းဖယ်လိုက်သည် စကားတော့ပြန်မပြောချေ
မောင်မှ မျက်နှာအပြေးအလွှားသစ်ကာ
အန်တီမှ မီးဖိုချောင်ထဲတွင်ဟင်းချက်နေလေသည် မောင်ကလဲထုံးစံအတိုင်း နောက်မှခါးကိုဖက်လိုက်သည်
" ဖယ် ဒီမှာ ရေနွေးအိုးတည်နေတာ ပွက်နေပြီ အပူလောင်သွားမယ် " အသံခပ်မာမာဖြင့်ပြောလိုက်သည်
" အပူလောင်တာက မောင့်ရဲ့ချစ်စိတ်ဆိုးတာလောက် မခံစားရပါဘူး စိတ်ဆိုးပြေပါတော့နော် " အန်တီမှပြုံးကာ
" အွန်းပါ နောက်ကျစကားနာထောင်ရင်ပြီးရော "
" ချစ် မောင်တို့ညနေပြန်ကျမယ်မို့လား ပစ္စည်းတွေကထည့်ပြီးပြီလား "
" ချစ် နိုးတော့ ထည့်ထားတယ် မောင်ကသာအိပ်ပုတ်နေတာသိလား "
" မောင့် အမျိုးသမီးကလေ အရမ်းချစ်ဖို့ကောင်းတာပဲ သိလား " ဆိုကာ အန်တီလည်ပင်းကိုနမ်းမယ်အလုပ်
" ဟေး တော်နော် မောင် ချစ်ကို ဟင်းကောင်းကောင်းပေးချက်ကွာနော် ဟင်းချက်ပြီးရင် လမ်းအတွက်လိုအပ်တာသွားဝယ်ရအောင်နော် " ဆိုကာ မောင့်ဘက်လှည့်ပြောတော့ မောင်မှအရအမိ အန်တီရဲ့ခေါင်းလေးကိုကိုင်ကာ နှုတ်ခမ်းကိုနမ်းတော့
" အွန့် .... မောင်ကကွာ အရမ်းဆိုးတာပဲ "
" Morning kiss မပေးရသေးလို့လေ မောင့်အမျိုးသမီးလေးကလဲ " ဆိုကာ ခုံပေါ်မှာ
ထိုင်ကာ အန်တီလုပ်သမျှကြည့်နေတော့သည် ခနကြာတော့ မောင်လဲပျင်းလာတာနဲ့
" အချစ် မောင်အခန်းထဲသွားပြီး ဂိမ်းဆော့အုံးမယ်နော် "
ဟင်းအိုးတည်နေသောအန်တီမှ ဇွန်းလေးကိုင်ကာ မောင့်ကိုလှည့်ကြည့်လာပြီး
" မောင် အကြာကြီးမဆော့နဲ့နော် ဟင်းချက်ပြီးလို့ ခနနေရင် အပြင်သွားပြီး လိုအပ်တာသွားဝယ်ရအောင်နော် " မောင်မှ
" ဟုတ်ကဲ့ "ဆိုပြီး အခန်းထဲဂိမ်းသွားဆော့နေတော့သည်
တအောင့်လောက်လဲကြာတော့ အန်တီကအခန်းထဲလိုက်လာလေသည် မောင်ကလဲဂိမ်းဆော့မပြီးသေးပေ
" မောင် " လို့ခေါ်ကာ
ထိုင်ခုံပေါ်တွင်ထိုင်ဆော့နေသော မောင်ပေါင်ပေါ်သို့ဝင်ထိုင်လိုက်သည် ထိုင်ရုံနဲ့မပြီးသေး ဘေးစောင်းလေးထိုင်ပြီး မောင့်လည်ပင်းကိုဖက်ထားသည် မောင့်မှဂိမ်းဆော့နေရင်းမှအန်တီကိုကြည့်ကာ
" ချစ် " လို့ခေါ်ကာ အန်တီလည်တိုင်ကျော့ကျော့ကိုနမ်းလိုက်တော့ လည်တိုင်ကနေတဆင့် နှုတ်ခမ်းသို့ပြောင်းကာ
"ချစ်ရဲ့ နှုတ်ခမ်းတွေကလေ အရမ်းချိုတာပဲသိလား " ဆိုကာ အန်တီနှုတ်ခမ်းလေးက်ုကိုင်းရင်းပြောပြီး ထပ်နမ်းလိုက်ပြန်သည်
အန်တီကလဲ ပြန်တုံ့ပြန်ရင်း နမ်းသည့်အချိန်ဘယ်လောက်တောင်ကြာသွားသလဲလို့ အန်တီမှ
" မောင် ချစ် အသက်ရှုကြပ်နေပြီ "
လို့မောင့်ရင်လက်ကိုတွန်းကာပြောမှနမ်းတာရပ်လိုက်သည့်မောင်
မောင်ကအန်တီကိုခနအနားပေးပြီး ထပ်နမ်းမည့်အလုပ်
" မောင် တော်တော့နော် ပစ္စည်းသွားဝယ်ကျရအောင်နော် ချစ်တို့ပြန်ဖို့စီစဥ်ရအုံးမယ်လေ"
" ခနလေးပဲနော် " ဆိုကာ မောင်ကထပ်နမ်းနေပြန်သည်
" မောင်တော်ပြီလေ ဟိုမှာ ဂိမ်းဆော့နေတာ ဖုန်းမပိတ်ပဲနဲ့ အသံတွေထွက်နေတာ "
" ဂိမ်းကမောင့်အမျိုးသမီးလောက်မှအရေးမကြီးတာကိုး " လို့ပြောကာ ပါးနှစ်ဖက်ကိုအတင်းနမ်းနေပြန်သည်
" မောင် တော်တော့လို့ ! " အန်တီအသံကအနည်းငယ်ကျယ်တော့ မောင်မှ နမ်းနေသည်ကိုလွက်ကာ ဂိမ်းဆော့နေလေသည်
မောင်ကသူ့ကိုအော်လို့စိတ်ကောက်သွားတာပါလေ
" မောင်လို့ " အန်တီမှ မောင့်ပေါင်ပေါ်ထပ်ထိုင်လိုက်ပြန်သည် မောင့်ဆီမှဘာသံမကြားတော့ အန်တီမှ လည်ပင်းကိုသိုင်းဖက်ပြီး မောင့်လည်ပင်းနားကိုနှုတ်ခမ်းကပ်ကာတဖွဖွနမ်းပြီး မောင်ဆော့နေသည်ကိုကြည့်နေသည်
" မောင်လို့ အန်တီဗိုက်ဆာနေပြီ "
မောင်မှဘာမှပြန်မပြောပေ
" မောင်လို့ အန်တီကအော်တာမဟုတ်ဘူးလေနော် အသံကနည်းနည်းကျယ်သွားတာပါနော်လို့ မောင် နော်လို့ " မောင်မှဘာမှပြန်မပြောတော့
" မောင်ကလဲ စိတ်ကောက်မနေပါနဲ့နော် အန်တီဗိုက်ဆာလို့သွားကျရအောင်နော် "
မောင်မှဂိမ်းဆော့နေသောဖုန်းကိုချကာ အန်တီကိုချီပြီး ကုတင်ပေါ်ချကာ အန်တီခန္ဓာကိုယ်တခုလုံး နေရာလပ်မရှိအောင်နမ်းနေလေသည်
" မောင် တော်တော့ကွာ အန်တီဗိုက်ဆာနေပြီဆို " တလုံးချင်းပြောနေလေသည် အန်တီပြောမှမောင်ရပ်ကာ
" နောက်မောင့်ကိုအော်ရင် ဒီထက်ပိုဆိုးမှာနော်"
" ဟွန်း သူအသားယူချင်တိုင်း "
" ကိုယ့်မိန်းမကိုယူတာဘာဖြစ်လဲ " ဆိုကာအန်တီကိုချီပြီး မီးဖိုခန်းထဲခေါ်သွားသည်
" မောင်ကလဲ ချပါဆို သူများတွေမြင်ကုန်မယ်"
မောင်မှအန်တီကို ချကာ ပုခုံးပေါ်လက်တင်ပြီး မီးဖိုခန်းထဲဝင်သွားပြီး ထမင်းစားကျသည်
ထမင်းစားပြီးအန်တီစီစဥ်ထာသည့်အတိုင်းလိုအပ်တာသွားဝယ်ရသည် မသွားလို့ကလဲမရ မသွားလျှင် အန်တီစိတ်ကောက်အုံးမယ်မဟုတ်လား သူ့ကိုဂရုမစိုက်ရကောင်းလားဆိုပြီးတော့ပေါ့
မောင်တို့လဲပြင်စရာရှိတာပြင်ပြီး် ညနေစောင်းလောက်ကျ ရန်ကုန်ပြန်ကျလေသည် ကားကတော့မောင်မောင်းရတာပေါ့အလွန်ပင်မှောင်နေသော အဝေးပြေးလမ်းမကြီးပေါ်တွင်
" မောင် အိပ်ချင်နေလား ချစ်ဘာလုပ်ပေးရမလဲ "
မောင်မှကားမောင်းနေရင်း အန်တီကိုကြည့်ကာ
" အာဘွား လိုချင်တာ အာဘွားပေး " ဆိုကာပါးလေးဖောင်းပေးတော့ ကားနောက်ခန်းမှ ဒေါ်လေးယုယမှ
" အဟမ်း အဟမ်း" ဆိုကာ ဒေါ်လေးယုယမှပါးစပ်ကလေးအုပ်ကာပြောတော့ အန်တီမှမောင့်ဗိုက်ကို လိမ်ဆွဲကာ
" မောင်နော် မဆင်ခြင်ဘူး "
" ချစ်ကလဲ သူတို့တောင်နောက်ခန်းထဲမှ တယောက်ရင်ခွင်တယောက်ဝင်အိပ်နေကျပြီးတော့ မောင်တို့ကျ ဘာမှမလုပ်ရဘူးလေ "
" ကဲပါ မောင်ရယ် အန်တီလက်ကိုကိုင်ထားကြားလား " မောင်လက်တဖက်ကို ကိုင်ထားတော့မှ
" နင်ကပိုကိုပိုတာသိလား ငါကခေါင်းမူးလို့သဲလေးရင်ခွင်ထဲ ခနမှီနေတာကို " နှင်းပွင့်မှ နှာခေါင်းရှုံ့ကာပြောတော့
" နင်ကလဲ ငါ့ရဲ့ချစ်နဲ့ အချိန်တိုင်းပူးကပ်နေချင်တာ " အန်တီမှမောင့်လက်ကိုအသာစိတ်လိုက်သည် အန်တီသတိပေးတော့မှ မောင်ကငြိမ်သွားသည်
" မောင် အိပ်ချင်ရင် ဟိုတယ်မှာ နားကျရအောင်လေ မနက်ကျမှထမောင်မယ်လေနော် "
" ဟုတ်တယ် ဟိုတယ်မှာ တညနားလိုက် မနက်မှစောစောလေးထွက်ကျမယ်လေ"
နှင်းပွင့်မှဝင်ပြောတော့ ရှေ့နားရှိ ဟိုတယ်တခုမှ ဝင်နားလိုက်သည် ဟိုတယ်ထဲဝင်တော့ တယောက်ခန်းကမအားတော့ နှစ်ယောက်ခန်းသာယူလိုက်သည် နှစ်ယောက်ခန်းဆိုတော့ တတွဲကိုတကုတင်တည်းပေါ့🤭
* * * * * * *မောင်တို့လဲတညတာအိပ်ပြီး မနက်စာကိုဟိုတယ်မှာစားခဲ့ပြီး ရန်ကုန်သို့မောင်းလိုက်တော့သည်
" နှင်းပွင့် နင့်အန်တီကနင်တို့ဆီနေမှာလား"
"အေး ဟုတ်တယ် ငါ့အိမ်ကိုနားဖောက်ပြီးသွားပြီလေ"
ရင်ခွင့်ထဲရှိအန်တီကိုတချက်ကြည့်ကာပြောလိုက်တော့ ဒေါ်လေးယုယမှနှင်းပွင့်ပေါင်ကိုတချက်ရိုက်တော့သည် ဒေါ်လေးယုယရှက်နေသည်မဟုတ်လား
#ကျော့
စာရေးရတာသိပ်စိတ်မပါလို့ပါရှင့် နောက်ဒီထပ်ရှည်ရှည်လေးရေးပေးပါ့မယ်နော်🥺
YOU ARE READING
အကို့မရီး ကျွန်မဇနီး
Romanceညီမဖြစ်သူရန်ကုန်သားနဲ့အိမ်ထောင်ကျလို့ ရန်ကုန်သို့လိုက်ခဲ့ရာ မတ်ရဲ့ညီမနဲ့ကြိုက်တဲ့Ficလေးပါ Sweet ဖြစ်နေမှာအာမခံမှာပါ😍 ဒေါ်ယဥ်လဲ့လဲ့နိုင်နဲ့ အိန္ဒြာမောင်လွင်တို့ ဘယ်လ်ိုတွေRoကျမလဲဆို ဖတ်ပေးကျပါအုံးနော်🤭