Episode 15

3.2K 137 0
                                    

အကို့မရီး ကျွန်မဇနီး Ep 15
နှင်းပွင့်တို့ပါတီအိမ်တွင်ပဲလုပ်ဖြစ်ကျသည် အန်တီနှင့်မောင်တို့လဲ ခနအကြာတွင်ပါတီပွဲသို့ရောက်ချေသည် မောင်ကတော့ သူ့အန်တီကို မိတ်ဆွေများနှင့်မိတ်ဆက်ပေးနေသည် အကုန်လုံးကလဲလိုက်ဖက်ကျသည်ဟု ပြောတော့ အန်တီမှရှက်နေလေရဲ့
မောင်တို့နှစ်ယောက်နှင့် ဝတ်ရည်က တဝိုင်းထဲထိုင်ဖြစ်ကျသည်
" ချစ် ဘာစားမလဲ မောင်သွားယူပေးမယ်လေ "
" မောင်စားတဲ့ဟာ အကုန်စားမယ် " ပြောတော့ ဝတ်ရည်မှ
" မောင် ငါလဲလိုက်မယ် ငါတို့သောက်ကျမလား " ဝတ်ရည်ပြောတော့ မောင်မှအန်တီကိုကြည့်ကာ အကြည့်များဖြင့် ခွင့်တောင်းလေသည်
" မောင် ဝိုင်ပဲသောက်ပါနော် အရက်တော့ မသောက်နဲ့ " မောင်ကိုကြည့်ကာပြောလေသည်
" မောင်ကဝိုင်မှမကြိုက်တာ အချစ်ရဲ့ အရက်သောက်ချင်တာမရဘူးလား " အန်တီမကြိုက်မှန်းသိနေတာမို့ တမင်သက်သက်စလိုက်ခြင်းဖြစ်သည်
" အာ့ဒါဆိုလဲ သောက်လေ ညကျတို့နဲ့လာမအိပ်နဲ့ တယောက်တည်းအိပ် "
" ညကျမအိပ်တော့ဘူးလေ ဒီကပြန်ရင် ချစ်နဲ့ ...... ." အန်တီမှမောင့်ပါးစပ်ကိုပိတ်ကာ
" မောင် ဘာတွေပြောနေတာလဲ သောက်မယ်ဆိုလဲနည်းနည်းပဲသောက်နော် " မောင်မှခေါင်းငြိမ့်ပြလိုက်သည် ဝတ်ရည်ကတော့ မောင်တို့Roသမျှကြည့်နေရတဲ့ဘဝပေါ့
မောင်တို့စားနေတုန်း နှင်းပွင့်တို့စုံတွဲကလဲ မောင်တို့စားပွဲဝိုင်းလာထိုင်ကျသည်
" ယု ရယ် လှလိုက်တာ " အန်တီမှပြောတော့ဒေါ်လေးယုယမှပြုံးပြပြီး
" နင်နော် နှင်းပွင့်တို့အိမ်ရောက်ကတည်းကပေါ်မလာတာ ဘာတွေအလုပ်ရှုပ်နေတာလဲ "
" အလုပ်ကတော့ အထွေအထူးမရှုပ်ပါဘူး သူပေါ့ လိုက်မှမပို့တာလေ ငါကလဲမလာတတ်ဘူးလေ နိုင်ရယ် " ပြောပြီး စကားကောင်းနေကျသည်
မောင်မှအန်တီကို
" ချစ် မောင် ဟိုဘက်မှာသွားသောက်မလို့နော် " အန်တီနားတိုးကာပြောလေသည်
" အွန်း ဒါကမဖြစ်မနေမို့ခွင့်ပြုတာနော် အရမ်းသောက်စေချင်တယ်ထင်မနေနဲ့"
မောင်ဗိုက်ကိုလိမ်ဆွဲကာပြောတော့
" ချစ်ရယ် မောင်ကိုအရမ်း အနိုင်ကျင့်တာပဲ" ပါးကိုနမ်းကာပြောတော့
" ဟာ မောင်ကလဲ အများကြီးမသောက်နဲ့နော် အပြန်ကျမောင်ပဲမောင်းရမှာသိလား"
" ဟုတ်ပါပြီ အချစ်ကလေးရယ် နားထောင်မယ်နော် " ဆိုကာ နှာခေါင်းလေးကိုဆွဲကာပြောပြီး ထွက်သွားသည်
အန်တီကလဲဒေါ်လေးယုယနှင့်စကားသာပြောနေတာ မောင်ကိုအရိပ်တကြည့်ကြည့်နှင့် ကြည့်နေလေသည်
မောင်တို့နားကို ကောင်မလေးတယောက်ရောက်လာပြီး စကားပြောနေသည်ကို အန်တီမှဘဝင်မကျပေ ဒေါ်လေးယုယမှအန်တီကြည့်နေသည့် နေရာကို လိုက်ကြည့်ကာ
" ယု အာ့ကောင်မလေးကို သိလား "
ဒေါ်လေးယုယမှကြည့်တော့
" သိတယ် အာ့တာအရင်ကမောင်ရဲ့ရည်း......" ဒေါ်လေးယုယမှပါးစပ်ကိုဘရိတ်အုပ်လိုက်သည်
" ယု တကယ်လား "
" အင်း "ပြောပြီး ခေါင်းမငြိမ့်တငြိမ့်နဲ့ ငြိမ့်ပြကာ
" ယု ရာ နင်သိရင်ပြောစမ်းပါ ငါ့ကို"
" ပြောလက်စနဲ့မထူးတော့ပါဘူးနိုင်ရာ ဟိုတနေ့ကJunction Squareထဲသွားတော့ တွေ့တာနဲ့ နှင်းပွင့်ပြောတာ "
" တွေ့မယ် " အန်တီမှမောင့်ကိုကြိမ်းဝါးပစ်လိုက်သည်
မောင်ကတော့ မသိချေ စကားတွေပြောနေလိုက်တာများ ပြုံးလို့ရွှင်လို့
အန်တီနဲ့ဒေါ်လေးယုယကလဲ  စကားပြောလိုက် အစားစားလိုက်နှင့် အန်တီကတော့ မောင့်ကိုတောက်လျောက်ကြည့်နေသည်
ဟိုမိန်းကလေးကလဲ စကားပြောရင်မောင့်ကိုလာလာ ရိုက်နေတာ အန်တီဖြင့်ကြည့်လို့မရပေ
မောင်တို့လဲ အဖွဲ့ကွဲပြီး အန်တီဆီလာရော
ဒေါ်လေးယုယကနှင်းပွင့်ဆီသွားကာ တိုးတိုးလေးပြောလိုက်သည်
" ဘေဘီ သဲလေ ဟိုကောင်မလေးကမောင်ရဲ့ရည်းစားဆိုတာ ပြောမိသွားတယ် "
နှင်းပွင့်မှ ဒေါ်လေးယုယကိုကြည့်ကာ
" ဟုတ်လား ထားလိုက် ဒါမှမောင်မှတ်မှာ " ဒေါ်လေးယုယပုခုံးကိုဖက်၍ဧည့်ခံနေပြန်သည်
" မောင့်မိန်းကလေး " အန်တီပုခုံးပေါ်လက်တင်ရင်း ဘေးနားထိုင်ကာပြောလိုက်သည် အန်တီမှလက်ကိုဖယ်ထုတ်လိုက်သည်
" တော်တော်ပျော်နေတယ်မို့လား ရည်းစားဟောင်းနဲ့ပြန်တွေ့ရတော့ " အန်တီကပြောတော့ မောင်မှာအန်တီလက်ကိုကိုင်ကာ
" ချစ်ကဘယ်လိုလုပ်သိတာလဲ "
" ကျုပ်ဘယ်လိုသိလဲဆိုတာ အရေးမကြီးပါဘူး "မောင်လက်ကိုဖယ်ပြန်သည်
" ချစ်ရာ အခုဘယ်လိုမှမပတ်သတ်တော့ဘူးလေ သူငယ်ချင်းအနေနဲ့ စကားပြောတာပါ"
အန်တီမှမောင့်ကိုသေချာကြည့်ကာ
" သူငယ်ချင်းကပုခုံးကိုင် လက်ကိုင်စရာလိုလား "
" ချစ်ရာအမှုကြီးအောင်မလုပ်ပါနဲ့ ရိုက်ရုံပါ"
" ရှင့်ကိုလေ တော်တော်ကြည့်မရတော့ဘူး ဒီတိုင်းပြန်မလို့လုပ်သေးတယ် နိုင်တို့နှင်းပွင့်တို့မျက်နှာနဲ့မို့ မပြန်ပဲနေတာ "
မောင်မှအန်တီလက်က်ိုထပ်ကိုင်ကာ
" မောင့်အမျိုးသမီးလေးကအရမ်းချစ်ဖို့ကောင်းတာကို မောင်ကရည်းစားဟောင်းဆီပြန်သွာပါ့မလား "
" ဘာ! " အသံမှာသိပ်မကျယ်ပေ သီချင်းသံကြောင့်ဘေးဝိုင်းကလဲကြားဟန်မတူ
"ချစ်ရယ် ဖြေးဖြေးအော်ပါ "
" မင်းကပြန်သွားဖို့တောင်စဥ်းစားနေတာပေါ့လေ "
" မဟုတ်ပါဘူး သဘောပြောတာပါ မောင့်ဘဝမှာချစ်နဲ့နောက်လာမဲ့ရင်သွေးလေးနဲ့တင်ပြည့်စုံနေပြီ "
" မင်းကိုဘယ်သူကမွေးပေးမယ်ပြောလဲ "
" ချစ်ပဲပြောတာလေ "
" အာ့ဒီကိစ္စကို သေချာပြန်စဥ်းစားရမအုံးမယ် "
" စဥ်းမနေပါနဲ့ မွေးပေးနော် " ဆိုကာ အန်တီကိုလှမ်းဖက်ပြီး ဒီတခါရင်ခွင်ထဲဝင်နေသူကတော့မောင်ပင်ဖြစ်သည်
" ကဲ ကပ်သီးကပ်သပ်မလုပ်နဲ့ ပြန်မယ် မိုးတောင်နည်းနည်းချုပ်နေပြီ "
အန်တီကရှေ့ကနေထသွားပြီး ဒေါ်လေးယုယတို့ကို သွားနှုတ်ဆက်လေသည်
အခြေအနေဘယ်လိုလဲဆိုပြီး နှင်းပွင့်ကမောင့်ကိုမျက်စပစ်ပြောတော့ မောင်ကလက်ခါပြပြီး အန်တီနောက်လိုက်ရချေသည်
မောင်တို့လဲ အိမ်ရောက်လာပြီး အပေါ်ထပ်တတ်ခဲ့တော့ အန်တီမှ မောင့်ကို ခေါင်းအုံးတလုံးနှင့် စောင်ပေးကာ ဆိုဇာပေါ်အိပ်ခိုင်းလေသည်
" သွားဟိုပေါ်သွားအိပ် တို့နဲ့လာမအိပ်နဲ့ "
အန်တီမှစောင်နဲ့ခေါင်းအုံးကိုဆိုဖာပေါ်တင်ကာပြောလေသည် မောင်ကလဲအန်တီကိုဆိုဖာပေါ်ခေါ်ပြီး
" ချစ်ကလဲ မောင်ကချစ်မရှိရင်မအိပ်တတ်တာမသိဘူးလား "
" အို မသိဘူး စကားတောင်တို့မပါပဲပြောနိုင်သေးတာပဲ အိပ်နိုင်ရမှာပေါ့ " ဆိုဖာပေါ်ကထကာ ကုတင်ပေါ်သွားနေလေသည်
" ချစ်ရယ် မောင်နဲ့အဆင်မပြေလို့လမ်းခွဲသွားတဲ့သူလေ မောင်ရည်းစားများတာဟုတ်ပါတယ် ဒါပေမဲ့ချစ်လောက်မောင့်ဘယ်သူ့ကိုမှမချစ်ခဲ့ဘူး ပြီးတော့ ချစ်ကိုစတွေ့တည်းကတဘဝလုံးအတွက်ရည်ရွယ်ပြီးသားလေ ချစ်လဲသိနေတာပဲ " ကုတင်ပေါ်ကအန်တီကိုဖက်ကာပြောလေသည် အန်တီကလဲ တခြားဘက်လှည့်ကာပြုံးပြီး ပြန်တည်ကာ
" သေချာလား "
" သေချာပါတယ်အချစ်ရဲ့ မောင့်ကြောင့်ချစ်စိတ်မညစ်စေရဘူးဟုတ်ပြီလား ဘေဘီလေးတော့မွေးပေးနော် "
" အွန်းပါ "
မောင်မှအန်တီကိုကုတင်ပေါ်လှဲချကာ နှုတ်ခမ်းကိုစုတ်ယူကာနမ်းတော့
" မောင် "
" ချစ်မငြင်းနဲ့နော် မောင်တို့မနေတာကြာနေပြီ ချစ်ဟိုရက်ကတည်းကကိုနော် " မောင်က​တော့ အန်တီမှခေါင်းငြိမ့်ပြကာ
မောင်မှနှုတ်ခမ်းကတဆက့် လည်တိုင်ကိုစုတ်ယူကာ တဖြေးဖြေးနှင့် အောက်သို့ရောက်လာကာ အစ်ုုင်အခဲနှစ်ခုရှိတာ တခုကိုစုတ်နှယ်ပေးပြီး တခုကိုတော့ အတင်းနမ်းနေကာ အန်တီသည်းသံလေးသည်လဲ အခန်းထဲဆူညံ့သွားတော့သည် ဒီလိုနဲ့မိုးလင်းသွားသည်ပေါ့🌚
မနက်ခင်း လဲရောက်ရော အန်တီမှအရင်နိုးကာ မီးဖိုချောင်ထဲဝင်ကာ ချက်ပြုတ်ပြင်ဆင်နေလေသည် မောင်ကတော့ အန်တီချက်ပြီးတဲ့ထိမနိုးချေ အန်တီမှမောင်မနိုးလာ၍အခန်းသို့တတ်ကာနိုးရလေသည်
" မောင် ထတော့လေ ချစ်တောင်အကုန်ပြင်ဆင်ပြီးပြီ " အန်တီကုတင်ပေါ်ဘေးစောင်းထိုင်ကာနိုးတော့ မောင်မှအန်တီပေါင်ပေါ်ခေါင်းအုံးကာ
" ကဲ မောင်ဇိမ်ယူမနေနဲ့ ထတော့ သွားမျက်နှာသွားသစ်တော့ "
မောင်မှထထိုင်ကာ အန်တီကိုနှုတ်ခမ်းဆူပြတော့ အန်တီတခြားဘက်သို့မျက်နှာလွှဲကာ
" ချစ်လို့ Morning Kiss ဆို "အန်တီနှင့််မျက်နှာချင်းဆိုင်နေရာယူပြီး နှုတ်ခမ်းထပ်ဆူပြန်သည်
" မောင် ညကအရမ်းကြမ်းလို့ ချစ်လေ Kissတောင်မပေးနိုင်တော့ဘူးသိလား "
" ချစ်ရာမညစ်နဲ့ မောင်ညကမကြမ်းပါဘူး ချစ်မပေးရင်မောင်လဲမထဘူး ဒါပဲ "
"မောင်ကတအားဂျစ်တာပဲ လာ လာ မွ မွ "ဆိုကာ နမ်းပေးမှ မောင်ကထကာမျက်နှာသွားသစ်ပြီး အောက်ဆင်းမနက်စာလာစားကျသည်
" အားလုံးလူစုံလို့ပါ့လား လူစုံတုန်း မောင်ပြောစရာရှိတယ် "
မောင်မှခုံတွင်ဝင်ထိုင်ကာပြောလိုက်တော့ အန်တီမှ မောင့်လက်ကိုစိတ် ဘာပြောမှာလဲလို့တိုးတိုးလေးပြောတော့
အန်တီလက်ကိုကိုင်ကာ ပြုံးလိုက်သည်
" အန်တီနဲ့မောင်နဲ့နောက်တပတ်ထဲ ဘန်ကောက်သွားမလို့ "
ဒယ်ဒီမှ မောင်ကိုကြည့်ကာ
" ဘာလုပ်လဲ "
" အန်တီက မောင့်ကိုကလေးမွေးပေးမလို့တဲ့"
မောင်ကိုလက်ဖက်ရည်ထည့့်နေရင်း အန်တီမှအလျင်အမြန်ထိုင်ကာ ခါးကိုဆွဲရသည်ည်
" အာ့ ဘာလို့လဲ အန်တီရဲ့ ရှက်မနေပါနဲ့ နောက်လဲသိရမဲ့အတူတူမို့လေ"
မောင်မှအန်တီကိုပြောတော့ မာမီမှ
" ဟုတ်ပါတယ် နိုင်ရဲ့ ရှက်မနေနဲ့ ဒါနဲ့မောင်ကစီစဥ်ပြီးပြီလား "
" ဟုတ်ကဲ့မာမီ မောင်စီစဥ်ပြီးပါပြီ လက်မှတ်လဲဖြတ်ပြီးပြီ ဟိုမှာဝတ်ရည်ရဲ့အသိရှိတော့ သူနဲ့ချ်ိတ်ထားတယ်မာမီ " မာမီမှခေါင်းငြိမ့်ပြလိုက်သည်
" မမ ဘယ်သူနဲ့တူတဲ့ကလေးမွေးပေးမှာလဲ "
အန်တီမှရှက်ကာ ဆံပင်ကိုနားကြားညှပ်လျက် လက်ဖက်ရည်သောက်နေသည်
" မောင်နဲ့တူတဲ့ကလေးမွေးမှာပေါ့ မမခိုင်ရဲ့ "
" ခိုင်နဲ့လဲတူအောင်မွေးပေးရမှာနော်မမ "
အန်တီမှ
" တော်ပါတော့ ဟိုမှာမာမီတို့လဲရှိနေတာကို"
အန်တီပြောမှ တိတ်ကာ မနက်စာစားနေကျသည်
" ကိုကို မောင်ဘန်ကောက်သွားနေတုန်း ဆိုင်ကို သွားကြည့်ပေးထားပါအုံး မောင်ပြန်ရောက်မဲ့အချ်ိ်ိန်လောက်ဆို ဆိုင်ကပြီးပြီ မောင်ပြန်ရောက်မှပြန်စီစဥ်မယ်နော်"
ကိုကိုမှလက်ဖက်ရည်သောက်နေခြင်းကြောင့်ဘာမှမပြောခေါင်းသာငြိမ့်ပြသည်
* * * * * * * * * * * * *
မောင်တို့လဲဘန်ကောက်ကိုသွားကာ ဆရာဝန်နဲ့တ်ိုင်ပင်ပြီး ဘန်ကောက်မှာပင်တလလောက်နားနေလေသည် ချက်ခြင်းပြန်လျင်ခရီးပန်းပြီး တခုခုမှာစိုးသောကြောင့်ပင်
" မောင် ချစ်သင်္ဘောသီးထောင်းစားချင်တယ် "
ဟိုတယ်ထဲရှိ ကုတင်ပေါ်တွင်အလုပ် လုပ်သောမောင့်လက်မောင်းအား မှီကာပြောလိုက်တော့
" ချစ်ရယ် အစပ်တွေမစားပါနဲ့ရှောင်တော့နော် မောင်လဲမစားဘူး ချစ်စားသလိုပဲစားမယ်နော် "
" မောင်ကလဲ စားချင်တယ်ဆို "
" စားမရတာကိုမစားပါနဲ့ လိမ်မာပါတယ်ကွာနော် " အန်တီဆံပင်ကိုသပ်ကာ နမ်းလိုက်သည်
" မနက်ဖြန်ပြန်မှာမို့လား ပစ္စည်းထည့့်အုံးမယ် " ဆိုကာ ပစ္စည်းများအကုန်သိမ်းဆဲနေသောအန်တီ
မောင်တို့လဲမြန်မာန်ိုင်ငံသို့ပြန်ရောက်ကာ ဆိုင်အတွက်မောင်အလုပ်ရှုပ်နေလေသည် အန်တီကိုတော့အိမ်မှာပဲ နားနားနေနေ နေခိုင်းင်းတော့ ကလေးဆိုးကြီးက
" မောင် ချစ်လဲလိုက်ချင်တယ်ဆို "
အပြင်သွားဖို့အင်္ကျီဝတ်နေသော မောင့်လက်မောင်းအားလှုပ်ရမ်းကာဂျီကျနေလေသည်
" ချစ်ရယ် ပင်ပန်းလို့ပါ ဒီနေ့ဆိုင်အတွက် လိုအပ်တဲ့ဝန်းထမ်းတွေအတွက်အင်တာဗျူးရှိလို့ပါချစ်ရဲ့ ချစ်ပင်ပန်းမှာစိုးလို့ပါ "
" မပင်ပန်းဘူးလေ ဟောဒီကမောင့်မျက်နှာလေးမြင်နေရတာကို " မောင်မျက်နှာလေးအားလက်ညိုးနှင့်ထိကာပြောတော့
" ဟုတ်ပြီ ပြောမရလဲ လိုက်ခဲ့တော့ ပြင်တော့နော် ခနနေသွားကျမယ် " အန်တီမှာပျော်ကာ မောင့်အားနမ်းပြီး ပြင်နေလေသည်
အန်တီမှာ ချည်လုံချည်ခရမ်းရောင်ဝမ်းဆက်လေးဝတ်လာပြီး မိတ်ကပ်ပါးပါးလေးခြယ်ပြီး နှုတ်ခမ်းမှာပန်းနုရောင်လေးအရောင်တင်ထားသည် မောင်မှာအန်တီကိုပြုံးကာကြည့်ပြီး
" ချစ် နောက်ဆို ဒီလိုဝမ်းဆက်တွေဝတ်မရတော့ဘူးနော် ဗိုက်ဖုံးအင်္ကျီလေးနဲ့ မောင့်အပိုင်ဖြစ်ကြောင်းတလောကလုံးကိုသက်သေပြရတော့မှာ "
အန်တီရဲ့ ပါးပေါ်ကမှဲ့လေးလား တို့ကာ တို့ကာပြောနေသည်
" သိပ်ပျော်နေတယ်ပေါ့လေ မောင့်ကသာအပြင်သွားရင်အရမ်းမပြင်နဲ့ မောင့်ကိုလဲချစ်ပိုင်ကြောင်းသက်သေနေ့တိုင်းပေးမှာသိလား"
နှာခေါင်းလေးအားဆွဲကာပြောတော့
" ဘယ်လိုပေးမှာလဲချစ်ရဲ့ "
အန်တီမှမောင့်လည်ပင်းအားမျက်နှာအပ်ကာ စုတ်ယူကာ အရာများထင်အောင်လုပ်လိုက်သောအန်တီ
" ဒါလား ချစ်ပိုင်ကြောင်းသက်သေပြမယ်ဆိုတာ " အန်တီမှ အင်းသာပြောသည်
" ဒီလိုပေးလို့ကတော့ မောင်တို့ကတော့တေ့တိုင်း ခံချင်ပါဘိ " အန်တီအားဖက်ကာအောက်ဆင်းလာတော့ မောင်တို့လာသည်ကိုမြင်တော့မာမီမှ
" ဘယ်သွားကျမလို့လဲ "
" ဆိုင်အတွက်အင်တာဗျူးရှိလို့ပါမာမီ "
" နိုင်ကအိမ်မှာမနားားဘူးလား " အန်တီမှမောင့်ကိုကြည့်ကာ
" အပြန်ကျ အန်တီအတွက်လိုအပ်တာလေးလဲဝယ်ချင်သေးလို့ပါ မာမီ "
" အေး ဂရုစိုက်သွားကျနော် "
အန်တီမှမောင့်ကိုပြုံးပြကာ ထွက်လာခဲ့ကျသည်
ဆိုင်လဲရောက်ရော မောင့်ကလုပ်စရာရှိတာလုပ်ပြီး အန်တီကတော့မောင့်ဘေးနားထိုင်ကာ ဖုန်းပဲကြည့်နေလေသည်
" ချစ် ဖုန်းပဲကြည့်မနေနဲ့ မျက်လုံးထိမယ် " ဆိုကာအန်တီဖုန်းကိုလှမ်းယူပစ်လိုက်သည်
" မောင်ကလဲ ပြီးတော့မှာ ခနပဲလေ" ဖုန်းတောင်းတော့မပေးချေ ဖုန်းမပေးတော့ စိတ်ကောက်ကာ ရုံးခန်းထဲရှိဆိုဖာပေါ်သွားထိုင်နေလေသည် မောင်ကအန်တီအကြောင်းသိနေတာကြောင့် ဆိုင်နဲ့တွဲလျက် အခန်းလေးဆောက်ကာ ရုံးခန်းလိုဆောက်ထားသည် အန်တီကမောင့်နောက်တကောက်ကောက်လိုက်မဲ့သူမဟုတ်လား ရုံးခန်းထဲတွင်လဲ အန်တီနဲ့မောင့်ပုံကို
" မနီီလာ အင်တာဗျူးဖို့လူရှိသေးလား " မောင့်ဘေးနားမှာစာအုပ်ကိုင်ရပ်နေသောမနီလာအားမေးလိုက်သည်
" မကျန်ရင် သွားလို့ရပြီနော် အမ အိမ်ပြန်လိုက်တော့ " မောင်ပြောပြီးတော့ မောင်မှအန်တီဆီသွားကာ
" အား ညောင်းလိုက်တာကွာ "
ဆိုဖာပေါ်ထိုင်ပြီး အန်တီပုခုံးအားဖက်လိုက်သည် အန်တီမှမောင့်လက်ကိုဖယ်ချကာ လက်ပိုက်နေလေသည်
" ချစ်ရယ် မျက်လုံးထိမှာစိုးလို့ပါ မျက်မှန်နဲ့နေချင်လို့လား " အန်တီက်ုချော့ရပြန်သည်
" လာပြန်မယ် လိုတာလေးလဲဝယ်ရအောင်နော် "
" မုန့်လဲစားမှာနော် " အန်တီမှပြောတော့
" စားစား အစပ်ကလွှဲရင်ကျန်တာစား ဗိုက်ထဲက်ိုကလေးရောက်တာ တပတ်လောက်ပဲရှိသေးတယ် ကလေးဆန်နေပြီ " အန်တီဗိုက်ကလေးအားက်ိုင်ကာပြောတော့
" မဆန်ရဘူးလား မောင့်ငိုချစ်လို့မွေးပေးတာနော် မောင်ကအလိုလိုက်ရမှာ ဒါပဲ "
" အမိန့်တော်အတိုင်းပါ မောင့်အချစ်ရယ် " ဆိုကာ စကားတပြောပြောနှင့် ထွက်လာခဲ့ကျတော့သည် မောင်တို့လဲလိုအက်သည်များဝယ်ကည အိမ်ပြန်ခဲ့ကျသည် မောင်နှင့်အန်တီတို့ကလဲ အမြဲလိုလိုကျီစားနေကျတော့သည် အန်တီကနောက်ဆို ဒီထက်ကလေးဆန်လာတော့မည်မဟုတ်လား ဗိုက်ထဲမှာရင်သွေးလေးရောက်နေတာကြောင့်လေ
#ကျော့
ဇာတ်သိမ်းဖို့ကသိပ်မလိုတော့ဘူးနော် ကျော့သင်တန်းကတဖက် ထိုင်းစာကတဖက်နဲ့မို့ မတင်ပေးဖြစ်တာပါ ဖတ်ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်🥰

အကို့မရီး ကျွန်မဇနီးWhere stories live. Discover now