Episode 2

5.9K 298 2
                                    

အကို့မရီး ကျွန်မဇနီး Ep 2
အခုဆိုရန်ကုန်ရောက်လာသည်မှာ တလကျော်ကျော်ရှိပြီး အကုန်နေသားကျနေပြီးနိုင်မှာတော့
ဒေါက်  ဒေါက် ( တံခါးခေါက်သံ )
မောင်လဲစောစောစီးစီး လာနိုးတော့ "ဘယ်သူမှန်းမသိဘူး စောစောစီးစီး"လို့ပြောရင်းတံခါးဖွင့်လိုက်တော့ ပါးစပ်ကလေးကိုလက်ဖြင့်ပိတ်ကာ
"အန်တီ ဘာဖြစ်လို့လဲ မျက်နှာလဲမကောင်းဘူး" နိုင်ကလဲ ဗိုက်ကိုလက်ကလေးဖိပြီး မျက်နှာကဖြူဖက်ဖြူရော်နဲ့ရပ်နေတော့ မောင်ချက်ခြင်းသိလိုက်ပါပြီ
"အန်တီ ဟိုဟာမပါလို့လား"
နိုင်မှာဘာမှပြန်မပြော ခေါင်းသာညိမ့်ပြလိုက်သည်
"ကုန်နေတာအန်တီဝယ်ဖို့မေ့နေတာ"
"အော် ဒါလေးများ ခနလေးစောင့်​"ပြောပြ
အဝတ်ဗီဒိုထဲမှာ လစဥ်သုံးလေးယူပြီးပေးလိုက်တော့ "ကျေးဇူးပဲနော် မောင်"လို့ပြောပြီး အခန်းထဲပြန်ကာ လုပ်စရာရှိတာများလူပ်နေတော့သည်
"အန်တီငါ့ကို မောင်လို့ခေါ်လိုက်တာလား တခြားသူတွေမောင်လိုခေါ်​ပေမဲ့ အန်တီခေါ်တာလေးက သဘောကျနေမိပြီအန်တီရေ"ဟုတ်ပြောပြီး အခန်းထဲပြန်ဝင်သွားတော့သည်
မီးဖိုချောင်ထဲသို့ ရှေ့ဆင့် နောက်ဆင့် ဝင်လာသောမောင်နဲ့ အန်တီ
အန်တီက ကြီးမြကိုစားပွဲတွင်ထိုင်ကာအရွက်တွေဝိုင်းကူပြီး"ခိုင်နဲ့မောင်သက်လွင်တို့ကိုမတွေ့မိဘူး ကြီးမြ ဘယ်သွားကျတာလဲ"
"ခိုင်နဲ့ မောင်သင်လွင်နဲ့က သူတို့အတွက်ဆိုင်ခွဲဖွင့်ပေးမဲ့နေရာကိုသွားကြည့်ကျတယ် အဆောက်အဦးကပြီးသွားပြီတဲ့ ဝန်ထမ်းခေါ်ဖို့အတွက် အင်တာဗျူးဆိုလား ဘာဆိုလားသွားလုပ်တယ် နိုင်ရဲ့"
နိုင့်စိတ်ထဲကြည်နူးနေပြီး စိတ်ထဲ၌
"ငါ့ညီမလေးကံကောင်းလိုက်တာ သူ့အတွက်တော့စိတ်ချမ်းသာသွားပါပြီ"ပြောရင်း
နိုင်ရဲ့အနောက်မှာရပ်နေတဲ့ မောင်က
"အန်တီရော ကံမကောင်းချင်ဘူးလား"ဟုတ်ပြောပြီး နိုင်ချွေနေတဲ့အရွက်တွေလာချွေရင်းပြောလေသည်
"တို့အရွယ်က အာ့ဘက်တွေ စိတ်ကူးယဥ်ရမဲ့အရွယ်မဟုတ်တော့ဘူးကွ"
"အန်တီကလဲဘာဆိုင်လို့လဲ အသက်နဲ့မဆိုင်ပါဘူး လူတိုင်းကအချစ်နဲ့ထိတွေ့ရင်ဆယ်ကျော်သက်တဲ့ ကြားဖူးဘူးလား"
"မကြားဖူးပါဘူး ဘယ်သူပြောတာလဲ"
"မောင်ပြောတာလေ"
မောင်တို့စကားကောင်းနေတုန်း ကြီးမြရောက်လာပြီး "အမလေး ဒါလေးကဘယ်သူ့ပါလိမ့် စောစောစီးစီးထလို့"ကြီးမြမှာမောင့်အားနောက်လိုက်သည်
"မောင် မနက်စားပြီးရင် မာမီကလာခဲ့တဲ့ နိုင်ကိုပါခေါ်လာဖို့မှာသွားတယ်"
"ဟုတ်ကဲ့ကြီးမြ အန်တီBreakefastစားပြီးပြီလား "
အန်တီမှာ" အင်း "တလုံးသာပြောပြီးခေါင်းညိမ့်ပြသည်
"အာ့ဆိုသွားဖို့ပြင်ကျမယ်လေအန်တီ"
ပြောရင်းဆိုးရင်းအပေါ်တတ်ပြီး ပြင်ကျတော့ မောင်ကတော့ ပုံမှန်ဝတ်နေကျ အပေါ်က T shirtကိုပွပွဝတ်ပြီး အောက်ကStyle pantနဲ့တွဲဝတ်ပြီး ပုခုံးလောက်ရှိသောဆံပင်ကိုချပြီး အောက်မှာစောင့်နေသည်
ခဏအကြာမှာ အန်တီဆင်းလာသည်
ဝင်းဝါနေသာ အသားအရေပေါ် ပါတိတ် သခွားရောင်ဝမ်းဆက်လေးကိုဝတ်ဆင်ပြ ဆံပင်ကိုကျစ်ကာရှေ့တဖက်သို့ချလာတာ အမြဲတမ်းသနပ်ခါးနှင့် တွေ့နေရသောအေးချမ်းသောမျက်နှာလေးမှာ မိတ်ကပ်ပါးပါးလေးလိမ်းလာပြီး ပန်းနုရောက်ရှိသောနှုတ်ခမ်းလေးပေါ်သို့ လိမ္မော်နုရောင်ထပ်ဆိုးထားလေသည်  ခန္ဓာကိုယ်အချိုးအစားမှာလဲ သူ့နေရာနှင့့်သူကြည့်ကောင်းနေလေသည်
မောင်မှာစိူက်ကြည့်နေသည်ကိုအန်တီကတော့မသိချင်ယောင်ဆောင်ကာ
"ဟိတ် သွားကျမယ်လေ"
မောင်မှာကြောင်အအဖြင့် "ဟုတ်"ပြောပြ ကားရှိရာစီသို့ဦးတည်လျက်
"ဘာလို့များဒီလောက်လှအောင်ဝတ်ခဲ့တာပါလိမ့်"ဟုတ်စိတ်ထဲပြောနေပြီး စိတ်ထဲဲတွင်သဝန်တိုနေမိသည်
"မောင်နဲ့ရည်းစားဖြစ်ရင်တော့အန်တီကတော့မလွယ်ဘူး"ဟု စိတ်ထဲကပြောလိုက်သည်ထင်သော်လဲ အန်တီမှနားစွန်ဖျားကြားကာ"မောင် ဘာပြောလိုက်တာလဲ"
"ဘာမှမဟုတ်ဘူး အန်တီ ခါးပတ် ပတ်အုံးလို့ပြောတာပါ"မောင်မှရှက်ရမ်း ရမ်းကာ ဂုတ်ကိုပွက်ပြီး ကားမောင်တော့သည်
ရတနာလှိုင်း ဆိုတော့ ရွှေဆိုင်ထဲတွင်
"နိုင်တို့ရောက်လာပြီလား အမက နိုင်ပျင်းနေမှာစိုးလို့ လိုက်ခဲ့ဖို့မှာလိုက်တာ"
"နိုင်မပျင်းပါဘူးအမရယ် ရပါတယ်"
"နိုင် လျှောက်ကြည့်ချင်ကြည့်လေ"
"ဟုတ်ကဲ့ အမ"
နိုင်ရတနာပစ္စည်းများကိုကြည့်နေစဥ် ပစ္စဘ်းလာဝယ်သူအမျိုးသားတယောက်က်က အန်တီကိုကြည့်နေလိုက်တာများ မျက်လုံးကျွတ်မတတ် မောင်ကကားပါကင်ထိုးပြီး ဆိုင်ထဲအဝင်အန်တီကိုကြည့်နေသည်ကိုတွေ့တာနဲ့
အန်တီနားကိုသွားကာ"အန်တီဘာတွေကြည့်နေတာလဲ"
"ဘာရယ်လို့တော့အတိအကျမရှိပါဘူး ဒီတိုင်းကြည့်နေတာ"
နိုင်မှာ ဟိုလူကိုကြည့်လိုက် အန်တီကိုကြည့်လိုက်နဲ့ "အန်တီလာ ဟိုဘက်ကိုလာခဲ့ နိုင်ပြစရာရှိတယ်"ဆိုပြီး အန်တီလက်ကို ဆွဲပြီး ဟိုလူရဲ့အကြည့်တွေအောက်မှဆွဲခေါ်ခဲ့ပြီး
"လာ အန်တီဒီမှာထိုင်"
"မောင်ကလဲ အန်တီဟိုမှာကြည့်နေတယ်လေကွာ"
"အန်တီကလဲနောက်မှကြည့်လဲရနေတာကို"
"ကဲ ပြစရာရှိတယ်ဆို ဘာလဲ"
"ဘာမှ မရှိဘ အန်တီကိုဟိုလူကြည့်နေလို့ ခေါ်လာခဲ့တာ ဟီး"
"ဒါများ မျက်လုံးပါလို့ကြည့်တာပဲ ဘာဖြစ်လဲ"အန်တီမှာမောင်သဝန်တိုနေမှန်းသိသိနဲ့ တမင်စလိုက်ခြင်းဖြစ်သည်
အန်တီမင်းစိတ်ကိုသိပါတယ်ကွာ စရောက်လာတဲ့နေကတည်းက အန်တီမင်းအကြည့်တွေကိုရိပ်မိခဲ့ပါတယ် ဒါပေမဲ့မောင်ရယ် ဘယ်မိဘကကိုယ့်သားသမီးကိုကိုယ့်ထက်၃နှစ်လောက်ငယ်ယ်တဲ့သူနဲ့သဘောတူမှာလဲကွ စိတ်ထဲတွင်သာတွေးနေတော့သည်
"အန်တီကသာ ဘာမှမဖြစ်တာ မောင်ကတော့ရင်ထဲမှာပူလို့"
"ဘာဖြစ်လို့"မျက်ခုံးလေးပင့့်ကာပြောပြီး
"ဘာ ဘာမှမဖြစ်ပါဘူး မောင် ဟိုဘက်သွားအုံးမယ်နော်" အန်တီမှာပြုံးပြုံးလေးသာကျန်နေခဲ့တော့သည်
#ကျော့
ဒီနေ့နေမကောင်းလို့နည်းနည်းတိုသွားတယ်
Readerလေးတွေမျှော်နေကျမယ်ထင်လို့
အားလုံးလဲဂရုစိုက်ကျပါနော်🥰
အခုမှစရေးတာဆိုတော့လိုအပ်တာရှိလဲလာပြောပေးကျပါအုံးနော် အစစအရာရာလိုမပ်နေတဲ့Ficလေးကိုဖတ်ပေးကျတဲ့သူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင့်❤️

အကို့မရီး ကျွန်မဇနီးWhere stories live. Discover now