Episode 4

5.4K 232 4
                                    

အကို့မရီး ကျွန်တော်ဇနီး Ep 4
နေမင်းသည်သူတာဝန်ကျတဲ့အချိန်နှင့်အညီထွက်ပေါ်လာပြီး နေရောင်ခြည်ဖြာကျသည့်နံနက်ခင်းတွင် လူတိုင်းကတာဝန်ကိုယ်စီနဲ့အလုပ်သွားသူကသွား စျေးရောင်းသူကရောင်းနှင့် တာဝန်ရှိသည်အလုပ်ကိုမလုပ်သူကတော့မောင်ပင်ဖြစ်သည် ဘာလို့ဆိုအန်တီကိုချစ်ရေးမဆိုလို့ပေါ့
လူနေထူထပ် ကားအရမ်းပိတ်သောရန်ကုန်မြို့ ပြည်လမ်းပေါ်သို့မောင်းလာသောကားတစီးပေါ်၌
"အန်တီ မောင်မနက်စာမစားရသေးလို့ My Gardenဝင်စားရအောင်နော်" အန်တီကိုမကြည့်ပဲ ကားမောင်းရင်းရှေ့ကိုသာကြည့်ပြီးပြောနေသောမောင် မောင်မနက်စာဝင်စားတာအကြံအစည်နဲ့ပါလေ
"မောင်သဘောလေ အန်တီကတော့စားခဲ့တယ်"
"စားခဲ့လဲအန်တီရယ် juiceတခုခုသောက်ပေါ့ မောင်ဗိုက်ဆာလို့ပါ နော် အန်တီ"
"ဟုတ်ပါပြီ ဝင် ဝင်"
My gardenထဲတွင်
"လာအန်တီ ဟိုဒေါင့်နားသွားရအောင် အာ့မှာကလူရှင်းတယ် စကားအေးဆေးပြောရတယ်"စကားအေးဆေးပြောချင်တာလို့မပြောပဲ ဗိုက်ဆာတာလို့ပြောပြီးညာခေါ်ခဲ့သောမောင် အန်တီကလဲမောင်သဘောဆိုသည်အကြည့်နှင့်
အန်တီနှင့်မောင် ခုံမှာထိုင်ပြီးWaiterလာပြီး Menuလာပေးတော့
"ရတယ် Menuမလိုဘူး အမကိုလေ ချိစ်ပလာတာနဲ့ ပုစွန်ဖက်ထုတ်ကြော်ပေးနော် ပြီးတော့Iced coffeeပေးပါ အန်တီဘာသောက်မလဲ"
"အန်တီကိုလဲ Iced coffee"ပဲပေးပါ
"အန်တီထပ်မှာလေ တခုခုစားပါအုံး"
"တော်ပြီ အန်တီဗိုက်မဆာလို့"
Waiterထွက်သွားတော့ မောင်မှစကားစလိုက်ကာ  "အန်တီမွေးနေ့ကဘယ်တော့လဲ"မောင်ဘာပြောရမှန်းမသိတာနဲ့စကားစလိုက်ခြင်းပင်
"အန်တီမွေးနေ့ကလိုပါသေးတယ် 9လပိုင်းထဲမှာလေ ဘာလို့လဲမောင်"
"ဘာမှမဟုတ်ပါဘူး မောင်ကဒီတိုင်းပဲမေးကြည့်တာပါ"
"အန်တီကိုမောင်ပြောစရာရှိတယ် ဒီစကားကလေ မောင်သေသေချာချာစဥ်းစားပြီးမှပြောတာပါ" မောင်မှအန်တီကိုမရဲတရဲကြည့်ကာဆိုလာသည်
"ပြောလေမောင် ဘာအကြောင်းအရာများလဲ"အန်တီကတော့မောင့်လိုမဟုတ် မောင့်မျက်နှာကိုစေ့စေ့ကြည့်ကာပြောလာသည်
မောင်လဲလက်ကလေး၂ဖက်ကိုကျစ်ကျစ်ဆုပ်ကာကိုယ်ကိုကိုယ်အားပေးပြီး အန်တီရဲ့မျက်နှာကိုသေချာကြည့်ပြီးပြောလာတော့သည်"မောင် အန်တီကိုချစ်တယ် ဒီစကားကလေ မောင်ဟိုးအရင်င်တည်းကပြောချင်တဲ့စကားပါ မောင်ကိုတော့မငြင်းပါနဲ့နော်"
"မောင်သေချာစဥ်းစားပြီးပြီလား"
"မောင်သေသေချာစဥ်းစားပြီးပါပြီ စတွေ့ကတည်းကချစ်ခဲ့တာပါ ဒါပေမဲ့ဒီကြားထဲမောင်အကြိမ်ကြိမ်ကိုယ့်ကိုကိုယ်မေးခဲ့ပါတယ်အ​ဖြေကတော့အန်တီကိုချစ်တယ်ဆိုတာပါပဲ"
Waiterမှာ မှာထားသည်များလာချတော့ စကားရပ်သွားကာ Waiterပြန်ထွက်သွားမှာ
"မောင်ကချစ်တယ်သာပြောတာ အန်တီမှာချစ်ရမဲ့သူရှိတယ်ကွဲ့ "အန်တီကတော့ပြုံးပြုံးလေးနှင့်ပြောပေမဲ့ မောင့်ရင်ဘက်ကိုမီးစနှင့်ထိုးလိုက်သလိုပါပဲအန်တီရယ်
"ဟုတ်လို့လား မောင်မကြားမိပါဘူး"
မောင်မှာအောက်ကိုငုံ့ကာနေပြီးမျက်ဝန်းထဲမှမျက်ရည်စများမကျမိအောင်ထိန်းလျက်မေးလိုက်သည်
"ဟုတ်တယ် အာ့တယောက်က်ကိုမောင်သိမှာပါ သူကဒီကပဲလေ"
"ဟင် ဘယ်သူလဲအန်တီ"
မောင်မှအံ့သြသွားကာ ငုံ့နေသောခေါင်းလေးမှအန်တီမျက်နှာသို့တဖန်ကြည့်ကာ ဘာစကားမှတော့မောင်ပြန်မပြောနိုင်ခဲ့
"အန်တီ မင်းကိုပုံပို့ပေးမယ် Telegranဖွင့်လိုက်"ဟုတ်ပြောကာ
မောင်ကတော့ဖွင့်သာကြည့်ရမှာစိတ်ကတော့မပါတော့ချေ
"ဟာ အန်တီမကောင်းဘူးကွာ"
ပုံကတော့ မောင်ဆိုင်မှာ ဝယ်သူတွေကိုရောင်းပြီး မောလို့ ရေသောက်နေတဲ့ပုံလေးပဲဖြစ်ပါတယ်
မောင်ပြောလဲပြော အန်တီနားသွားထိုင်ပြီး အန်တီလက်ကလေးကြင်နာယုယစွာကိုင်ပြီး သူ့ရင်ဘတ်နားသို့လက်ကလေးကိုတွဲယူကာ
"အန်တီပြောပါအုံး မောင်ကိုချစ်တယ်လို့"
"တို့ကချစ်တယ်ပြောမိလို့လား ကလေးမ"
"အန်တီပဲ ချစ်ရမဲ့သူကမောင်ဆို"
"အင်းလေ ချစ်ရတဲ့သူပဲပြောတာလေ ချစ်တယ်လို့မပြောမိပေါင်ဘူး"ဟုပြောကာ မောင့်ရင်ဘတ်နားကအန်တီကသူ့လက်ကလေးကိုပြန်ဆွဲယူလိုက်ပြီး
"အန်တီရာ မောင့်အသည်းယားလာပြီနော်"ပြောလဲပြော အန်တီကိုရင်ခွင်ထဲမြှပ်နေအောင်ဆွဲဖက်လိုက်သည်
"ဟိတ် ဖယ်နော် ဖယ် လူမြင်ကွင်းကြီးမှာ သူများတွေကြည့်နေတယ် ရှင်ဘယ်လိုဖြစ်နေလဲ"ဖက်ထားသောမောင်လက်များကို ဖယ်ထုတ်လိုက်သည်
"အာ့ဆိုပြောလေ ချစ်တယ်လို့"စားပွဲခုံပေါ်မေးထောက်ကာ အန်တီကိုငေးကြည့်ရင်းမေးတော့  "ချစ်တယ် ချစ်တယ် အများကြီးချစ်တယ် မောင်နော် အန်တီကသဝန်တိုမှာ ဒါကိုနားလည်န်ိုင်မှာမို့လား"
"မောင်ကလဲအများကြီးချစ်တယ် နော် နားလည်တယ် အများကြီးနားလည်ပေးမှာ"
"ဟုတ်လို့လား ဒါကချစ်စကြိုက်စမို့ပြောတဲ့စကားလား တသက်လုံးတည်မြဲမဲ့စကားလား"အန်တီကမယုံသင်္ကာအကြည့်ဖြင့်မေးလေသည် " တသက်လုံးတည်မြဲမဲ့အချစ်တွေပါ အန်တီရယ် " ဟုပြောပြီး ရင်ခွင်အပိုင်သိမ်းပစ်လိုက်သည်
စားသောက်ပြီးလို့ဆိုင်မှထွက်လာပြီး မာမီဆိုင်ကိုအမြန်​မောင်းရသည် နောက်ကျလျှင်မာမီပွားမည်မဟုတ်လား
ထင်သည့်အတိုင်းပါပဲ ဆိုင်ထဲမဝင်ရသေးဘူးဆိုင်အပေါက်ဝနားရောက်တာနဲ့မာမီပွားနေပါပြီ "ဘယ်လိုဖြစ်လို့နေကျနေတာလဲ"ပြောပြီး မာမီမှနှစ်ယောက်စလုံးကိုအကဲခက်နေသည် အရင်င်ကအန်တီကအရင်ဝင်နေကျမဟုတ်လား မောင်ကကားပါကင်ထိုးပြီးနောက်ကျမှသာဝင်လာသည် အခုတော့နှစ်ယောက်စလုံး ယှဥ်ပြီးဝင်လာတော့ မာမီမသင်္ကာတာလဲမဟုတ်ဘူး မဟုတ်ပါဘူးလေ
"ဒီလိုမာမီရဲ့ အန်တီကိုချစ်ရေးဆိုလာလို့လေ"မာမီနား နားလေးသို့တိုးတိုးလေးကပ်ပြောကာ "မာမီမှ သဘောကျသလို​ပြုံးကာ အန်တီကိုလေ့လာနေပုံရသည် အန်တီလဲသူ့ကိုကြည့်နေတာသိတော့ ဆိုင်အတွင်းထဲသို့သာ ခပ်သုတ်သုတ်ဝင်သွားသည်
" ဟိုမှာရှက်သွားပြီ မောင်အဖြေရောတခါတည်းရဲ့လား"
မောင်ကအောင်နိုင်သူအပြုံးနဲ့"မောင်ပဲလေ ဘယ်သူမှတ်လို့လဲ ရခဲ့တာပေါ့" ကော်လံစလေးကိုလှုပ်ကာ ဆရာကြီးပုံစံလုပ်နေသောမောင့်ကို " မေးမိတဲ့ငါ့ကိုကမှားတာပါဟယ်"ဟု ကိုယ်ကိုကိုယ်အပြစ်တင်တော့
"မမှားပါဘူး မာမီရယ် မောင်တို့ကိုသဘောတူပေးလို့ကျေးဇူးတင်ပါတယ်"ပြောလဲပြောမာမီခါးကိုဖက်ပြီး ချွဲနေလေရဲ့
" တူပါတယ်တော် မတူလို့လဲမရဘူးလေ နင်ကဇွတ်မို့လို့ ဒါနဲ့ခိုင်ရောသိလား" မာမီကစိုးရိမ်ကြီးစွာပြောလေသည်
" မသိသေးဘူး မာမီမောင်တို့ဒီနေ့မှချစ်သူဖြစ်ကျတာလေ "
" မာမီတို့ဘက်ကသဘောတူပေမဲ့ ခိုင်တို့ဘက်ကသဘောမတူတာစိုးတာပါ" မောင်ဖက်ထားသောလက်ကလေးကိုကိုင်ကာပြောလေသည် " ကြိုးစားရမှာပေါ့ မာမီရဲ့  သမီးဆိုင်ထဲသွားအုံးမယ်နော်မာမီ မွ"ပြောပြီး မာမီပါးနမ်းကပြေးလာတော့သည် ဒီနေ့မောင်အူမြူးနေသည်မဟုတ်ပါလား
********
ဆိုင်ထဲတွင်မောင်တယောက်က် ဆွဲကြိုးလာဝယ်သောမိန်းကလေးတဦးကိုServiceကောင်းကောင်းပေးနေသည့့်ကို ဒေါ်ယဥ်လဲ့လဲ့နိုင်တယောက်က်မျက်မှောင်ကြုတ်ပြီးကြည့်နေလေသည်
မောင်ရဲ့serviceကတော့ ကောင်မလေးကို ဆွဲကြိုးကိုပြုံးပျော်ရွှင်စွာကိုယ်တိုင်တပ်ပေးပြီး မှန်ပြပေးလိုက် ဆွဲကြိုးတွင်ပါသောဆွဲသီးလေးကရွေ့နေတော့ပြန်လုပ်ပေးလိုက်နှင့် မောင်တယောက်က်အလုပ်ရှုပ်နေလေသည်
တဖက်တွင်သူရဲ့အန်တီကြည့်နေတာတော့မသိချေ
နေ့လယ်စာစားရန် ထမင်းစားခန်းထဲသို့ဝင်လာသောမောင် ခုံပေါ်တွင်မောင်ဝင်လာသည်ကိုမျက်စောင်းတချက်ထိုးကာတခြားဘက်လှည့်သွားသောအန်တီ မောင်ကဘာဖြစ်တာလဲဆိုသည့်အကြည့်နှင့် အန်တီနားထိုင်ကာ ပုခုံးပေါ်လက်တင်လိုက်ပြီး " ဒီနေ့ဘာဟင်းချက်တာလဲ မောင့်အမျိုးသမီးလေးရေ " အန်တီမှဘာမှပြန်မပြော ပုခုံးပေါ်လက်ကိုတော့ တွန်းချလိုက်သည် "ဘာဖြစ်တာလဲ အန်တီရဲ့ မောင်ဘာလုပ်မိလို့လဲ " မောင်လဲအန်တီမျက်နှာနှင့်နီးကပ်စွာတိုးပြီးမေးလိုက်သည်
" ကိုယ်လုပ်တာကိုယ်မသိဘူးလား " အန်တီမှမောင့်ကိုမျက်နှာခြင်းမဆိုင်တခြားဘက်လွှဲသွားပြန်သည် " မောင်တောင်းပန်ပါတယ် အန်တီရယ် ဗိုက်ဆာပြီထမင်းစားကျရအောင်နော်"
" တို့ထက်အာ့ထမင်းကအရေးကြီးတယ်မို့လား အာ့မှာတယောက်တည်းစား"ဟုတ်ပြောကာ အပြင်ထွက်သွားသည် မောင်ဘယ်လောက်ဗိုက်ဆာဆာ အန်တီနောက်လိုက်ရအုံးမည်မဟုတ်လား
" အန်တီဘယ်သွားမလို့လဲ လာပါ အခန်းထဲပဲသွားရအောင်နော်" အန်တီမှမလိုက်ချင်ပေမဲ့လဲဝန်ထမ်းတွေကြည့်နေသည်မဟုတ်ပါလား
" အန်တီ ဘာဖြစ်တာလဲလို့ မောင်ရင်တွေပူလာပြီ" အန်တီလက်ဖဝါးလေးကိုရင်ဘတ်နားဆွဲယူပြီးပြောတော့ " မင်းကအခုမှရင်ပူတာ တို့ကမင်းနေ့လယ်ကကောင်မလေးကိုဆွဲကြိုးဝတ်ပေးကတည်းကရင်ပူနေတာ မင်းမသိတာလား မသိချင်ယောင်ဆောင်နေတာလား "ပြောလဲပြော မောင်ရင်ဘတ်လဲထုရင်းပြောလေသည် အန်တီထုနေသောလက်ကလေးကို ဆွဲယူပြီး
"အန်တီရယ် အလုပ်လေ နားလည်ပေးလေနော်" အန်တီရဲ့မေးစေ့လေးကိုမော့စေပြီးပြောလေသည် " အလုပ်ကအာ့လောက်ပြုံးစရာလိုလား " မောင်းပါးစပ်နားကိုခပ်စပ်စပ်လေးဆွဲပေးတော့
" အာ့နာတယ် အန်တီရဲ့ နောက်အာ့လိုမပြုံးတော့ဘူးနော် အန်တီရှေ့မှာပဲပြုံးမယ်နော်" ပါးစပ်ကိုလက်ကလေးနှစ်ဖက်နှင့်ဆွဲကာSmileပုံစံလုပ်ပြတော့
" ဟုတ်ရင် ဟုတ်နော် မဟုတ်ရင်ဒီမှာတွေ့လား"ဆိုပြီး လက်သီးလေးဆုပ်ပြလိုက်သည်
" အန်တီရယ် အခုတောင်ပါးစပ်ကအန်တီဆွဲစိတ်ကမပျောက်သေးဘူး လက်သီးနဲ့ပါထိုးချင်နေတာလား" ပါးစပ်လေးကိုင်ကာပြောတော့
" အရမ်းနာသွားလားဟင် " ဆွဲစိတ်သောနားလေးကိုလက်ကလေးနှင့်ကိုင်ကာ
" အွန်း နာတာပေါ့ အာဘွားပေးမှပျောက်မှာ"ဆိုပြီး နှုတ်ခမ်းလေးထော်ပေးသည်
" လူလည်မကျနဲ့နော် နောက်တခါကျတို့ကလွှဲရင်ကျန်တဲ့သူစိမ်းတယောက်က်မှ အရမ်းမပြုံးပြနဲ့နော်"
" ဟုတ်ကဲ့ပါ အမျိုးသမီးလေးရဲ့ အခုတော့အာဘွားနော်"မောင်အန်တီပုခုံးကိုလက်တဖက်နှင့်ဆွဲယူကာမျက်နှာခြင်းဆိုင်အနေအထားဖြင့်ဇွဲမလျော့ပဲထပ်တောင်းတော့
"ဒါဆိုလဲ မျက်လုံးမှိတ်ထား" မောင်မျက်လုံးမှိတ်တော့ အန်တီမှနီးကပ်လာသည် နီကပ်လာသောအန်တီနှုတ်ခမ်းလေးမှ မောင့်နှုတ်ခမ်းကိုလေနှင့်မှုတ်ထုတ်လေသည်
" မှတ်ပြီလား ချီးထုတ် တို့ကိုချက်ခြင်းလာမချော့ပဲပစ်ထားလို့အပြစ်ပေးတာ"လို့ပြောပြီး စားပွဲကိုအလယ်မှာထားကာထွက်ပြေးလေသည် " ဟာ အန်တီမညစ်နဲ့လေ ပြေးထားမိရင်မလွယ်ဘူးမှတ်"
" ကရော် ကရော် မိလဲမိပဲနဲ့ "လျှာလေးထုတ်ပြီး လက်ညိုးကလေးကွေးလိုက်ဆန့်လိုက်နဲ့မောင်အားပြောင်နေသည်
မကြာပါဘူး အန်တီအားမိတော့ အန်တီကိုရင်ခွင်ထဲဆွဲသွင်းကာ "ဘယ်ပြေးမလဲ မိချိုသဲ လာထား " ဟုဆိုကာ
ဒေါက် ဒေါက်
မောင်မှ " ဟာကွာ ဘာကိစ္စရှိ "
" မာမီဘာက်ိစ္စရှိလို့လဲ" မာမီမှနားမလည်သည့်အကြည့်ဖြင့် အန်တီကြည့်လိုက်မောင့်ကိုကြည့်လိုက်နဲ့" မာမီကထမင်းစားပြီးပြီလားလို့လာမေးတာလေ အခုထိမစားားရသေးဘူးလား ဘာလုပ်နေလို့လဲ" မာမီမှစားပွဲပေါ်က မလျော့သောထမင်းပန်းကန် ဟင်းပန်းကန်များကိုကြည့်၍
" ဘာ ဘာမှမလုပ်ပါဘူးမာမီ မောင်တို့စားပြီး ထွက်ခဲ့မယ်နော်" မာမီကိုတံခါးနားထိလိုက်ပြီး ပြန်လာသောမောင် အန်တီကတော့ ထမင်းစားဖို့ပြင်နေလေရဲ့
"လာထိုင် စားမယ် ဗိုက်ဆာနေတယ်ဆို"
မောင်မှနှုတ်ခမ်းဆူကာ တခြားဘက်လှည့်သွားပြန်သည် လိုချစ်တာမရ၍ဂျီကျနေခြင်းဖြစ်သည် " လာပါ ဒီဘက်လှည့်"ဟုတ်ချော့ကာဆွဲလှည့်ပြီး
" ပြွက် ပြွက် ကဲရပြီလား စားတော့ မသိတာကျလို့ ဟွန်း " ပြောလဲပြော မောင့်ပန်းကန်ထဲဟင်းထည့်ပေးလေသည် မောင်မှလိုချင်တာရလို့ပျော်ရွှင်နေတဲ့ကလေးသဖွယ်
" အန်တီသည်သာ အကောင်းဆုံး "လို့ပြောကာ ဖက်လိုက်သည်
" ကဲ ဖယ်ပါ ထမင်းကောင်းကောင်းစား နောက်မှမကောင်းဘူးပြောလို့ကတော့ တုတ်ကြီးကြီးနဲ့ရိုက်ပစ်မယ် " လက်ကလေးနဲ့ဟန်လုပ်ပြကာပြောတော့
" ရိုက် ရိုက် " မောင်မှပါးစပ်ထဲထမင်းလုတ်ရှိနေတော့ ရီပြီးမပီတပီပြောလေသည်
#ကျော့
ဒီနေ့တော့ နှစ်ပိုင်းတင်ပေးလိုက်တယ်နော်
အရမ်းချိုနေလို့ ဆီးချိုဖြစ်မှာတောင်စိုးရိမ်ရတယ် အားလုံးပဲGood nightပါရှင့်❤️

အကို့မရီး ကျွန်မဇနီးDonde viven las historias. Descúbrelo ahora