အကို့မရီး ကျွန်မဇနီး Ep 16
အန်တီကိုယ်ဝန်ကလဲနှစ်လကျော်ကျော်သုံးလဝန်းကျင်ထဲရောက်လာတော့ အန်တီကအရင်ကထက်လဲချွဲလာသလို အရင်ကထက်လဲဂျီကျလာသည် အားဆေးကိုလဲမောင်တိုက်မှသောက်သည် တခါတလေအစပ်တွေစားရင်မောင်ဆူတာခံရလေသည် အခုလဲမနက်မိုးလင်းလင်းခြင်းအန်တီမှ
" မောင် "
လကုန်ရက်မို့လို့ အလုပ်စားပွဲတွင်စာရင်းစစ်နေသောမောင့်နားသွားရပ်ကာခေါ်တော့
မောင်မှ " ဟင် " တလုံးသာထူးပြီး အန်တီကိုမကြည့်ပဲ စာရင်းစစ်နေလေသည်
အန်တီမှ သူကိုမကြည့်၍စိတ်ကောက်ကာ ကုတင်ပေါ်သွားထိုင်နေသည်
အခုထိလဲမောင်ကအန်တီစိတ်ကောက်မှန်းမသိသေး အန်တီမှအခန်းထဲကနေ အပြင်ထွက်သွားလေသည် အခန်းတံခါးကိုဆောင့်ပိတ်တော့မှ မောင်မှလှည့်ကြည့်ကာ လုပ်စရာရှိတဲ့အလုပ်ကိုပစ်ကာ အန်တီနောက်လိုက်ရချေသည်
အန်တီမှ အိမ်အောက်ရှိဒန်းပေါ်တွင်ထိုင်ကာ နှုတ်ခမ်းဆူနေလေသည် မောင်မှအန်တီဆီလာကာ မောင်ကိုမြင်ကိုတခြားဘက်လှည့်သွားသည်
" ချစ် ဘာဖြစ်တာလဲ "
အန်တီပုခုံးကိုဖက်ကာဒန်းပေါ်တွင်ထိုင်ချလိုက်သည် အန်တီမှလှည့်မကြည့်ချေ
" ချစ်လို့ မောင်လကုန်ရက်မို့ စာရင်းလုပ်နေရလို့ အာရုံများနေလို့ပါနော် "အန်တီမှဘာမှမပြော လက်ထဲရှိပန်းပွင့်ကိုသာလှည့်နေသည်
" မောင့်အချစ်ကဘာပြောချင်တာလဲ ဘာလုပ်ချင်တာလဲ ဘာစားချင်တာလဲပြော "
မောင်ကဒီလိုပြောတော့ အန်တီမှမောင့်ဘက်လှည့်ကာ
" တကယ်လား စားချင်တာကျွေးမှာလား "
" တည့်တာပဲစားနော် အစပ်တွေမစားရဘူးနော် လိမ်မာတယ် " အန်တီနှာခေါင်းလေးကိုတို့ကာပြောလေသည်
" ဟွန့် မောင်ကလဲ ချစ်လေ မောင်သုတ်ပေးတဲ့လက်ဖက်ထမင်းစားချင်လို့ ကြက်ဥကြော်နဲ့ "
" မောင်လုပ်ပေးမယ်နော် ငရုတ်သီးတော့မစားနဲ့နော် ချစ်ကအခုတလော ထမင်းလဲသိပ်စားတာမဟုတ်ဘူး ဒီတခါများများစားနော်"
မောင်မှအန်တီကိုဖက်ကာပြောလိုက်တော့ အန်တီမှခေါင်းငြိမ့်ပြသည်
" မောင် ချစ်ခေါ်တာဘာလို့မထူးတာလဲ "
အန်တီသိသော်လဲထပ်မေးလိုက်သည် မောင့်ဘယ်လောက်စိတ်ရှည်ရှည်နဲ့ရှင်းပြမလဲဆိုတာကိုအန်တီနားထောင်ချင်မိသည်
" အော် ချစ်ရယ် စာရင်းတွေကတလစာလုပ်ရတာလေ မောင်အရင်ရက်ကချစ်ဆေးခန်းသွားတာနဲ့မစစ်ရလို့ အလုပ်တွေစုနေမိလို့ပါ နောက်မဖြစ်စေရဘူးနော် "
" ဟုတ်ကဲ့ ချစ်တို့ညနေကျလမ်းလျှောက်မယ်နော် " မောင့်ရင်ခွင်ထဲကနေပြောတော့
" ချစ်သဘောနော် အခုတော့ ချစ်စားဖို့သွားလုပ်အုံးမယ်နော် " အန်တီကိုနမ်းကာထသွားသည်
အန်တီကလဲ ခနကြာတော့မောင်နောက်လိုက်သွားသည် မောင်အိမ်မှာနေရတဲ့ရက်လေးပဲကပ်ရသည်မည်မဟုတ်လား
" မောင် " မီးဖိုထဲဝင်လာပြီ ထမင်းစားပွဲတွင်ဝင်ထိုင်နေသည်
" ဗျာ ချစ်ဗိုက်ဆာနေပြီလား မောင်သုတ်ပြီးပြီ ကြက်ဥကြော်နေတယ် " ကြက်ဥကိုဆီပူထဲထည့်ကာပြောနေသည်
" မဟုတ်ပါဘူး မောင့်နားနေချင်လို့ "
မောင့်မှကြက်ဥကြာ်ပြီးမီးခလုတ်ပိတ်ကာ အန်တီနားသွားကာ ကြမ်းပြင်ပေါ်ဒူးထောက်ပြီး အန်တီခါးအားဖက်လိုက်သည်
" မောင်ကိုအပျောက်မခံနိုင်ဘူးပါ့လေ" အန်တီခါးအား ခပ်တင်းတင်းလေးဖက်လိုက်သည် ဖက်တာလဲထိန်းဖက်ရသည် ကလေးရှိတယ်မဟုတ်လား
" အင်းပေါ့ မောင့်အိမ်မှာနေတုန်းလေး နေရတာလေ မောင်ကဆိုင်လဲခေါ်တာမှမဟုတ်တာ " မောင့်ရဲ့ဆံပင်လေးကိုဖွကာပြောနေသည်
" ချစ်ပင်ပန်းမှာစိုးလို့ပါ အာဟာရပြည့်အောင်စားနော် မောင့်ခေါ်မယ်နော် "
" တကယ်လား ချစ်ပိန်တာမောင့်ကြောင့်သိလား "မောင့်မှအန်တီကိုမော့ကြည့်တော့
" ဟုတ်တယ် ချစ်ပိန်တာမောင့်ကြောင့် ချစ်ကမောင်နဲ့ထမင်းစားမှများများစားတာသိရက်လျက် မခေါ်ပဲအိမ်မှာပဲနေခိုင်းတာကို "
မောင့်ခေါင်းလေးကိုတွန်းကာပြောတော့
" ကဲပါ မောင့်ချစ်မယားလေးရယ် နောက်ခေါ်မယ်ဟုတ်ပြီလား ဆေးတော့သောက်ရမယ်နော် "
" မောင်တ်ိုက်ရင်မသောက်ပဲနေလို့လား "
" ဟုတ်ပါပြီဗျာ လာစားမယ်လေ မောင်လဲဗိုက်ဆာနေပြီ" မောင့်မှအန်တီဗိုက်ကိုနမ်းကာထပြီး စားဖို့ပြင်နေလေသည်
" ချစ် စားပြီးပြီဆိုတော့တရေးအိပ်လိုက်နော်"
ထမင်းစားပြီး အပေါ်တတ်ကာပြောလေသည် အန်တီမှမောင်လက်ကိုတွဲကာ
" မောင်ကရော "
" မောင်စာရင်းလုပ်အုံးမယ်လေနော် " အန်တီကိုကြည့်ပြီးပါးလေးဆွဲကာပြောတော့
" မရဘူး ချစ်ကမောင်ဖက်သိပ်မှအိပ်မှာ "
မောင့်လက်ကလေးအားလှုပ်ရမ်းကာပြောသည်
" ချစ်သဘောတိုင်းဖြစ်စေရမယ်နော် " အခန်းတံခါးဖွင့်ရင်းပြောလေသည်
မောင့်မှာ အန်တီကိုပေါင်ပေါ်တင်ကာ ကလေးလိုပွေ့ပြီးအိပ်စေပြီး မောင်မှာအလုပ် လုပ်ရသည် မောင်အလုပ်ပြီးတဲ့အထိအန်တီကမနိုးသေးတာကြောင့် ကုတင်ပေါ်ကိုချသိပ်ရလေသည် အန်တီမှနိုးကာ
" မောင် " ဆိုပြီးမောင့်ရဲ့လည်ပင်းအားသိုင်းဖက်ကာခေါ်လေသည်
" ချစ်နိုးပြီလား အိပ်ရေးဝလားး "
အန်တီမှခေါင်းငြိမ့်ပြတော့
" ချစ်ဝလဲမောင်အိပ်ရသေးဘူး လာမောင့်ကိုပြန်သိပ် "ဆိုကာ အန်တီကိုဖက်ပြီးပြောလိုက်သည်
" မောင်ဖြေးဖြေး ချစ်အသက်ရှုတောင်ကြပ်လာပြီ ကလေးလဲရှိနေတာကို " မောင်ရင်ခွင်ထဲအန်တီဝင်နေကာ မောင်မှအတင်းဖက်နေခြင်းကြောင့်ဖြစ်သည်
" အုံ့ဖွ အုံ့ဖွနော် ပါးဘေဘီလေး " အန်တီဗိုက်ကလေးကိုပွက်ကာပြောနေသည်
" ပိုကိုပိုတယ် " အန်တီမှပြောလေသည်
" မပိုပါဘူးချစ်တယ် လိုတောင်လိုနေသေးတယ် "
" မောင် အာ့ဆိုချစ်နဲ့ချစ်ဗိုက်ထဲက ကလေးနဲ့ဘယ်သူ့ကိုပိုချစ်မှာလဲပြော"
" ချစ်ရယ် ချစ်ကိုချစ်လို့ဘေဘီလေးဖြစ်လာတာလေ ကလေးနဲ့အူတိုမနေပါနဲ့ "
" တိုသင့်ရင်တိုရမှာပဲ"
" တို တို အခုတော့မောင်ခနအိပ်အုံးမယ်နော် ချစ်လဲထပ်အိပ် ညနေကျလမ်းလျှောက်ထွက်ကျမယ်နော် " မောင်ကလဲ အန်တီကိုဖက် အန်တီကလဲမောင်ရင်ခွင်ထဲဝင်ကာ ခေါင်းငြိမ်လိုက်ပြီး နှစ်ယောက်သားတယောက်ကကိုတယောက်ဖက်ဖက်ကာ အိပ်ပျော်သွားကျသည်
အန်တီအိပ်ထားတာကြောင့် ခနလေးနေတော့နိုးလာသည် နိုးတာတောင်မောင့်ရင်ခွင်ထဲကမထွက်ပဲ မောင်ရဲ့မျက်နှာတဝိုက်ကိုလက်နဲ့တို့ကာပြောနေသည်
" ဒီမျက်ခုံး ဒီမျက်လုံး တွေကအရမ်းစွဲတောင်မှုရှိတာတောင် စိတ်မချတာသိလား "
ဆိုကာ မျက်ခုံးလေးအားတို့ကာပြောတော့
" ချစ်ရယ် ချစ်စိတ်မချအောင် မောင်ကဘာလုပ်နေလို့လဲ " မောင်မှမျက်လုံမဖွင့်ပဲပြောနေသည်
" မောင် အိပ်နေတာမဟုတ်ဘူးလား "
မောင်ပါးကိုဆွဲကာပြောလေသည်
" အိပ်နေတာကိုလေ အရမချွဲပြီးအရမ်းစိတ်ကောက်တတ်တဲ့အမျိုးသမီးလေးတယောက်က်က မျက်နှာကိုလာထိနေတာနဲ့ နိုးလာတာ ချစ်ရော အာ့အမျိုးသမီးလေးကိုတွေ့မိလား မောင့်မျက်နှာကိုလာကိုင်နေတာလေ "
" မောင် မစနဲ့ကွာ ဘာဖြစ်လဲ မောင်ကချစ်အပိုင်မို့ ကိုင်တယ် ဘာဖြစ်လဲ "
" ဘာမှမဖြစ်ပါဘူးဗျာ အရမ်းချစ်ချင်တာပဲဖြစ်နေတယ်သိလား "
" မောင်နော် ကလေးရှိတယ် အာ့တာတွေဆင်ခြင်နော် "
" မောင့်အမျိုးသမီးကအတွေးလွန်နေပြန်ပြီ မောင်သိပါတယ် လာနေအေးပြီ လမ်းလျောက်မယ်ဆို "
မောင်မှထကာပြောတော့ အန်တီမှလက်ကလေးနှစ်ဖက်ကိုတန်းကထူခိုင်းသည်
မောင်ကလဲ လက်နှစ်ဖက်တန်းတဲ့ထဲဝင်ကာ အန်တီကိုဖက်လိုက်သည် နည်းနည်းလဲကြာတော့
" မောင် တော်ပြီလေကွာ သူ့ကိုထူခိုင်းပါတယ် လာဖက်နေသေးတယ် လမ်းလျှောက်မယ်ဆို မိုးချုပ်နေလိမ့်မယ် သွားကျမယ်နော်"
မောင်မှထကာအန်တီကိုထူပြီး လမ်းထွက်လျှောက်ကျလေသည် လမ်းလျှောက်နေတုန်း လမ်းဘေးစျေးဆိုင်တွေ့တော့လဲ ပူဆာပြန်သည်
" မောင် "
အန်တီမှဝက်သားဒုတ်ထိုးဆိုင်ကိုကြည့်ကာခေါ်နေပြန်သည်
" ဘာလဲ စားချင်လို့လား "မောင်မှမေးတော့ခေါင်းငြိမ့်ပြကာ
" လာစားမယ်နော် မောင်လဲစားမယ် "
အန်တီကိုဖက်ကာဝက်သားဒုတ်ထိုးဆိုင်သို့
အန်တီမှရောက် ရောက်ခြင်း ၂ချောင်းလောက်ကိုတပြိုင်ထဲစားတော့
" ချစ်ရယ် ဖြေးဖြေးစားပါ နင်နေမယ် မောင်ကျွေးမယ် " ဝက်သားဒုတ်ထိုးအချောင်းလေးအား ချဥ်ရည်လေးတို့ကာအန်တီကိုခွံ့ကျွေးနေသည် မောင်မှာအန်တီကိုခွံ့ကျွေးနေတာနှင့်ပင် မစားရသေး
" မောင်ရောစားလေ " ဆိုပြီး အန်တီကလဲမောင့်ကိုခွံ့ကျွေးနေသည်
မောင်တို့ကဘေးပတ်ဝန်းကိုပင်မမြင်တော့ပေ ဆိုင်ရှင်ဦးလေးကြီးမှာ မောင်တို့ကိုကြည့်ကာပြုံးနေသည်
" သမီးတို့ဘာလိုသေးလဲ ပြောနော် " ဆိုင်ရှင်ကြီးကဟင်းရည်လှမ်းထည့်ပေးရင်းပြောနေသည်
" နိုင်ကိုလေ အူလေးညှပ်ပေးပါ့လား " အူကိုလက်ညိုးထိုးကာပြောလေသည်
" ချစ် တော်ပြီလေ အများကြီးမစားားနဲ့ ဝမ်းပျက်မယ်" အန်တီနားတိုးကာပြောတော့
" မောင်ကလဲ ချစ်ကအခုမှအားရပါးရစားရတာကို နော် "
" ချစ်ကလဲ ဗိုက်ထဲမှာကလေးကရှိှိသေးတယ်လေ ဆင်ခြင်နော် နောက်ကျစားချင်ရင်လာထပ်ကျွေးမှာနော် "
" ထကယ်လား " မောင်မှခေါငိးငြိမ့်ပြတော့
" ပြီးရော အာ့တာဆိုလဲ ဦးလေးရတယ်မညှပ်နဲ့တော့ နိုင်ဝပြီ" ဟုတ်ပြောကာ ဟင်းရည်သောက်ပြန်သည် မောင်ကလဲကျသလောက်ရှင်းကာပြန်ထွက်လာသည် အိမ်ကိုပဲပြန်ကျရမည်မဟုတ်ဘူး မောင်ကအန်တီပုခုံးကိုဖက်ကာ စကားတပြောပြောနှင့် အိမ်ပြန်လာခဲ့ကျသည် မောင်နဲ့အန်တီတို့အတွက်ကတော့ ပြောစရာစကားတွေကမကုန်ပေ
* * * * * * * * * * *
" ချစ်ရေ ချစ် မပြီးသေးဘူးလား "
" ပြီးပြီမောင် လာပြီ " လှေကားမှဆင်းလာလေသည် ဒီတခါတော့အန်တီကအပေါ်ကအင်္ကျီပွပွလေးဝတ်လေသည် ဗိုက်ဖုံးအင်္ကျီဝတ်ရမှာရှက်လို့တဲ့လေ အပေါ်ကအင်္ကျီပန်းရောင်လေးနှင့်အောက်ကပါတိတ်ဝတ်ကာဆင်းလာသည် မောင်ကတော့ အပေါ်ကအင်္ကျီအဖြူနှင့်Style pantအနက်ကိုဝတ်လေသည်
" ချစ်ဗိုက်ဖုံးအင်္ကျီတွေရှိတာဘာလို့မဝတ်တာလဲ " အန်တီဆီသွားကာ ဗိုက်ကိုကိုင်ရင်းပြောလေသည်
" ရှက်လို့လေ ပြီးတော့ ဝယ်ထားတဲ့ဟာတွေကိုချစ်မကြိုက်တော့ဘူး "
" ချသ်မကြိုက်ရင်မောင်အသစ်ထပ်ဝယ်ပေးမှာပေါ့ ဗိုက်ဖုအင်္ကျီ ဝတ်ပါနော် လွတ်လွတ်လပ်လပ်ဖြစ်အောင်လေနော် "
" အွန်းပါ အသစ်ဝယ်ပေးရင်ဝတ်မယ် "
စကားတပြောပြောနဲ့ကားဆီလာကျလေသည် ဆိုင်သို့ဦးတည်မောင်းကာ ရောက်လဲရောက်ရော အန်တီကိုတံခါးသွားဖွင့်ပေးသောမောင် အန်တီတို့လဲဆိုင်ထဲဝင်လာကိသည် မောင်ကတော့ကောင်တာမှာ မနီလာီလာကိုအလုပ်ကိစ္စတွေပြောနေတာကြောင့် အန်တီကအရင်င်ဆုံး နားနေခန်းထဲသို့သွားသည် နားနေခန်းတံခါးက်ုဖွင့်နေတုန်း ပန်းကန်ပြားကျသံကြားတာကြောင့် နောက်လှည့်ကြည့်တော့ မောင် သူ့ပေါ့ ဝိတ်တာမလေးအောက်မကျအောင်ျအောင်ထိန်းထားသည် တော်တော် အကြည်စိုက်နေကျသည်
" မောင် လာလေ " အန်တီခေါ်မှ မောင်ကောင်မလေးကိုထားခဲ့လိုက်သည် မောင်မှအန်တီဆီအပြေးအလွှားသွားပြီး မျက်နှာချိုသွေးရသည်ည်
" ချစ် ဘာသောက်မလဲ မောင်ဘာယူပေးရမလဲ "
" အစပ်တွေအများကြီးစားချင်တာယူပေး "
ဆိုဖာပေါ်ထိုင်ကာပြောလေသည်
" ဟော မတည့်ပါဘူးဆို လူကြီးဆိုးကြီးကတော့လေ " အန်တီနားသွားထိုင်ကာပြောလိုက်သည်
" တော်တော်ရင်ခုန်နေတယ်မို့လား ခုနကကောင်မလေးကိုဖက်လိုက်ရတော့လေ "
" အချစ်ရယ် မောင်ကထိန်းးပေးတာပါ သူကမောင်နဲ့တ်ိုက်ပြီး လဲကျမလို့ဖြစ်လို့ပါ"
ထိုင်နေရာကနေ အန်တီရှေ့မှာဒူးထောက်ကာ ပေါင်လေးပေါ်ခေါင်းအုံးရင်းပြောလိုက်သည်
" ရှင်ကရှေ့ကြည့်မလျှောက်ဘူးလား ဘယ်ကတည်းကတိုက်ချင်လို့ဂွင်ဆင်မှန်းမသိဘူး"
မောင်ခေါင်းကိုတွန်းကာပြောတော့ မောင်မှအန်တီလက်ကိုကိုင်ကာ
" မောင်ကမနီလာကို အနောက်ကြည့်ပြီးအလုပ်ကိစ္စလှမ်းပြောနေတာမို့ပါ မောင့်အမျိုးသမီးနားကပ်ချင်လွန်းလို့လေ" မောင်မှအန်တီရင်ခွင်ထဲတိုးဝင်ကပြောတော့
" ပြီးတာပဲနော် နောက်မှဘာသံညာသံမကြားချင်ဘူး "
" ချစ်ကလဲ မောင်သူ့ကိုအလုပ်ထုတ်လိုက်ရမလား"
" တော်ပါ သူ့မှာလဲ သူ့အခက်အခဲနှင့်သူရှိမှာပေါ့ အလုပ်တော့မထုတ်ပါနဲ့ ကျမကမိန်းမကြမ်းကြီးဖြစ်သွားလိမ့်မယ် " မောင့်အားပြောတော့
" မောင့်ရဲ့မိန်းမကမောင့်အတွက်တော့ မင်းသမီးလေးပဲသိလား " အန်တီမှပြုံးကာ မောင့်ခေါင်းလေးအားထိုးဖွနေသည် မောင်ကလဲအန်တီဗိုက်အားမျက်နှာအက်ကာ ခနခနနမ်းနေမိသည်
" မောင် " ဖုန်းကြည့်နေသောမောင့်အားခေါ်ကာ
" ဗျ ပြောလေအချစ် "
" Shooping ထွက်ရအောင်လို့ မောင်နဲ့မသွားရတာကြာနေပြီ "
" ဟုတ်ပြီ သွားကျမယ်နော် ခနနဆိုင်လဲသိမ်းတော့မှာဆိုတော့ မောင့်မနီလာီလာကိုအပ်လိုက်မယ် "
မောင်တို့လဲမနီလာီလာကိုလိုအပ်သည်များကိုပြောကာ ထွက်လာခဲ့ကျသည် Shooping Centerရောက်တော့လဲ အန်တီကမုန့်စားချင်လို့ဂျီကျသည် မုန့့်ကလဲမတည့်တဲ့မုန့်မှစားချင်တာ
" မောင် ဟိုဟာ စားချင်တယ် "
သင်္ဘောသီးထောင်းသည်ကိုလက်ညိုးထိုးပြကာ မောင်မှအန်တီကိုမျက်စောင်းထိုးကြည့်တော့ အန်တီမှမျက်လွှာချကာ မျက်လုံးထဲ၌မျက်ရည်ဥများတွဲခိုနေလေသည်
" ချစ်နဲ့မတည့်ဘူးလေနော် ဗိုက်အောင့်လိမ့်မယ်ချစ်ရဲ့ ဟိုတခါလက်ဖက်ထမင်းတုန်းကလဲဗိုက်အောင့်တာလေနော် "
အန်တီမှရှေ့ကအမြန်သွားသည်
" ချစ်ရယ် ဖြေးဖြေးလျှောက်ပါ ဘေဘီလေးရှိနေတာကို " အန်တီပုခုံးကိုဖက်ကာပြောသည် အန်တီမှဘာမှပြန်မပြော
" ချစ်နဲ့မတည့်လို့ဝယ်မကျွေးတာပါ ချစ်နာကျင်နေတာကိုမောင်မမြင်ချင်ဘူးလေ ဟိုတနေ့ကဆိုချစ်အရမ်းဗိုက်အောင့်နေတာလေ မောင့်ကိုစိတ်မကောင်းဖြစ်အောင်မလုပ်ပါနဲ့နော် " အန်တီမှအင်္ကျီရွေးနေကာ မောင့်မှတကောက်ကောက်လိုက်ချော့ရသည်ည်
" ရော့ ဒါတွေယူခဲ့ " မောင့်ကို အန်တီရွေးထားသောအင်္ကျီများယူခိုင်းပြီး အန်တီကတော့ ကောင်တာမှာ စောင့်နေသည် မောင့်ကယူလာသော အင်္ကျီများကို အင်္ကျီနားကပ်ကာ လိုက်မလိုက်ကြည့်ပြီးမှ ကောင်တာပေါ်တင်ပေးသည်
" ချစ်ကအရွေးတော်လိုက်တည အကုန်လုံးနဲ့လိုက်နေရော " အန်တီကိုဖက်ကာပြောတော့
" ဘယ်လိုဖြစ်နေလဲ အရမ်းပဲနော် "
" အရမ်းပဲ ဘာဖြစ်လဲ "
" အရမ်းပဲ အနားကပ်ချင်နေတာလေ"
" အာ့ ဘာဖြစ်လဲ ကိုယ့်မိန်းမနားကိုယ်ကပ်တာလေ " မောင်မှပြောတော့ ဝန်ထမ်းလေးတွေကတယောက်ကိုတယောက်မျက်စပစ်ကာပြုံးနေကျသည်
" မောင်နော် ဘယ်လိုတွေပြောမှန်းမသိဘူး "
" မဟုတ်လို့လား "
" တော်ပြီ မောင်နဲ့စကားပြိုင်မလုနိုင်ဘူး ညီမတွက်ပြီပြီလား" အန်တီမှစကားလမ်းကြောင်းလွှဲကာမေးလိုက်သည်
" ဟုတ်ကဲ့ ပြီးပါပြီရှင့် ဒါကတော့ကျသင့်ငွေပါ" မောင့်အားစာရွက်လေးထုတ်ပေးသည်
မောင်မှကဒ်နဲ့ရှင်းပြီး လမ်းတွင်ရွှေပုဇွန်ဝင်ကာ လူကြီးဆိုးကြီးကိုရေခဲမုန့်ဝင်ကျွေးရသည် အန်တီကအမြဲလိုလိုချွဲနေသည် အမြဲလဲစိတ်ကောက်နေတတ်သည် မောင်ကလဲအန်တီကိုဆိုအမြဲအလျော့ပေး အမြဲချော့နေရတာလေ မောင့်နဲ့အန်တီမှတရက်မှမပျင်းရပေ
#ကျော့
စောင့်ရတာကြာသွားလား ကျော့လဲအကျင့်တွေပျက်နေတာနဲ့မတင်ဖြစ်တာပါ😁
ŞİMDİ OKUDUĞUN
အကို့မရီး ကျွန်မဇနီး
Romantizmညီမဖြစ်သူရန်ကုန်သားနဲ့အိမ်ထောင်ကျလို့ ရန်ကုန်သို့လိုက်ခဲ့ရာ မတ်ရဲ့ညီမနဲ့ကြိုက်တဲ့Ficလေးပါ Sweet ဖြစ်နေမှာအာမခံမှာပါ😍 ဒေါ်ယဥ်လဲ့လဲ့နိုင်နဲ့ အိန္ဒြာမောင်လွင်တို့ ဘယ်လ်ိုတွေRoကျမလဲဆို ဖတ်ပေးကျပါအုံးနော်🤭