အကို့မရီး ကျွန်မဇနီး Ep17
အန်တီရဲ့ကိုယ်ဝန်ကလဲတဖြေးဖြေးနှင့် ၅လကျော်၆လထဲရောက်လာသည် အန်တီကဆိုင်ကိုတခါတလေမှသာလိုက်တော့သည် ကိုယ်ဝန်ရှိစကပိန်သော်လဲ မောင်ကဆေးကိုအချိန်မှန်မှန်တိုက်တာကြောင့် အရင်င်ကထက်တောင်ပိုပြီးပြည့်လာသေးသည် အန်တီကအစားဆိုလဲအရမ်းစားသည် အထဲကကလေးကတောင်းးတလို့နေမှာပါ
" မောင် စောစောပြန်ခဲ့နော် "
အလုပ်သွားရင်ပြင်နေသော မောင့်အင်္ကျီကြယ်သီးကိုတပ်ကာပြောနေသည်
" ဟုတ်ကဲ့ ဘာစားချင်လဲဘာဝယ်ခဲ့ရမလဲ "
" စားစရာတွေကရှိသေးတယ် မာမီကလဲချစ်အတွက်ဝယ်ပေးထားတယ် ခိုင်ကလဲကြုံရင်ကြုံသလိုဝယ်ခဲ့တယ် ချစ်ခွင့်တောင်းစရာရှိလို့ " ကြယ်သီးတပ်ပေးပြီး မောင့်ကိုမော့ကြည့်ကာပြောတော့ မောင်မှမေးငေါ့ပြကာ
" ဘာကိုလဲ ချစ်ရဲ့ "
" ချစ်လေ ဆံပင်ညှပ်ချင်တယ် ကလေးမွေးရင်ဒီထပ်ပိုကျွတ်မှာ ပြီးတော့လေ ကလေးရရင်အလုပ်ကရှုပ်တော့မှာမောင်ရဲ့ နော်"
မောင်အန်တီကို ကုတင်ပေါ်ထိုင်စေကာ
" အန်တီကလဲမောင်ဒီဆံပင်ကိုမြတ်နိုးတာသိရဲ့နဲ့ မညှပ်ပါနဲ့နော် ဆံပင်ကအရှည်ကြီးနှမြောပါတယ် မညှပ်နဲ့နော် " အန်တီဆံပင်လေးကိုင်ကာပြောတော့
" မောင်ပဲ ကလေးယူရင်ညှပ်ဆို ချစ်ညှပ်ချင်တယ်ကွာ နော် နော် " မောင့်ကိုအတင်းချွဲကာပြောနေသည်
" မညှပ်နဲ့ အဖျားပဲတိလိုက် "
" ဟာ မောင်ကလဲကွာ မောင်လိုချင်လို့ ချစ်ကလေးလဲယူပေးတယ်လေ ဒါတခုတော့ခွင့်ပြုပါနော် "
" အွန်း အွန်း မောင်လိုက်ညှပ်ပေးမယ် ကျောလယ်ထိတာ့ထားရမှာနော် အတိုုမညှပ်ရဘူး"
" မောင့်သဘော "ဆိုကာ မောင့်ပုခုံးပေါ်မှီချလိုက်သည် အကုန်ပြင်ပြီး မနက်စားဖို့အောက်သို့ဆင်းလာကျသည် မနက်စာလဲစားပြီးမောင့်ကိုကားဆီသို့လိုက်ပို့ကာချွဲပြန်သည်
" မောင်စောစောပြန်ခဲ့နော် မောင်အိမ်မှာမရှိရင်မနေတတ်ဘူးသိလား အခုကကိုယ်ဝန်ကရင့်နေပြီမို့ မောင်ကလဲမလိုက်ခိုင်းလို့မလိုက်တာ" မောင့်လက်မောင်းလေးကိုတွဲကာပြောတော့
" ပြန်ခဲ့မယ် နေ့လယ်စာစားထားနော် ညရောက်မှအတူတူစားမယ်နော် " အန်တီကိိုနမ်းကာ ထွက်သွားလေသည် အန်တီကတော့ခေါင်းငြိမ့်ကာ မောင့်ရဲ့ကားကိုမျက်စိတဆုံးကြည့်ပြီး အိမ်ထဲပြန်ဝင်ကာ ကြီးမြကိုဝိုင်းလုပ်ပေးနေသည် ကြီးမြကတားသော်လဲမရ
" သမီးရယ် နေပါ ကြီးမြလုပ်ပါ့မယ် ကြီးမြတယောက်တည်းလဲနိုင်တယ် " ပန်းကန်ဆေးနေသော အန်တီနားသွားကာ လက်ထဲကပန်းကန်ကိုအတင်းယူလိုက်သောကြီးမြ
" နိုင်ပျင်းလို့ပါကြီးမြရဲ့ လုပ်ပါရစေနော် "
" မလုပ်ပါနဲ့နိုင်ရယ် မောင်သိရင်ကြီးမြကိုပဲဆူမှာပေါ့ နိုင်ကကြီးမြလုပ်တာကြည့်နေနော် ပျင်းနေရင် "
အန်တီမှခုံပေါ်ထိုင်ကာ မှေးထောက်နေတော့တော့ မာမီဝင်လာပြီး
" မမမြ နိုင်ကဘာတွေဂျီကျနေတာလဲ အပြင်ကကိုကြားနေရတယ် "
ကြီးမြမှပန်းကန်ဆေးရင်မောင့်မာမီကိုလှမ်းကြည့်ကာ
" ပန်းကန်ဆေးနေလို့ မဆေးပါနဲ့လို့ပြောတာမရဘူး" ကြီးမြကမာမီကိုတိုင်လေသည်
" နိုင် ကိုယ်ဝန်ကတဖြေးဖြေးကိုယ်ဝန်ကရင့့်လာပြီ လျှောက်မလုပ်ပါနဲ့ ပျင်းရင်တရားနာနေနော် စာဖတ် မာမီစာအုပ်တွေဝယ်လာပေးတယ် စားပွဲခုံပေါ်မှာ "
" ဟုတ်ကဲ့မာမီ " လို့ပြောပြီး ဧည့်ခန်းဆီသွားကာ မာမီဝယ်လာသောစာအုပ်ကိုဖတ်နေသည် စာအုပ်ဖတ်နေရင်း မောင့်ဆီမှ ဖုန်းလာသည်
" ဟဲလို အမိန့်ရှိပါ "အန်တီမှလေသံခပ်မာမာပြောလိုက်သည်
" ချစ် ဘာဖြစ်နေတာလဲ ထမင်းရောစားပြီးပြီလား "
" မစားရသေးဘူး "
" စားလိုက်အုံးလေနော် "
" မစားဘူး တို့လေမောင်မရှိရင်မနေတတ်တာသိလျက်နဲ့ တို့ကိုအိမ်မှာထားခဲ့တယ် ဘာမှလဲမစားဘူး ဘာမှလဲမသောက်ဘူး " စာအုပ်ထဲစာရွက်တချို့ကိုခေါက်ကာပြောနေသည်
" ချစ်ရယ် ခနစောင့်နော် မောင်ပြန်လာခဲ့မယ်"
" တကယ်လား "
" အွန်း တကယ်ပေါ့ စောင့်နေနော် "
အန်တီမှချစ်တယ်လို့ပြောပြီးတာနဲ့ မောင်မှာအန်တီဆီအမြန်ပြေးလာရသည်
အန်တီကလဲ မောင်လာမည်ဆိုကတည်းက မီးဖိုထဲဝင်ပြီး ထမင်းစားဖို့ပြင်နေသည် ပြင်နေတုန်း ကားသံကားတော့ အန်တီမှမောင့်ဆီပြေးလာကာ
" ချစ်ရယ် ဖြေးဖြေးလာပါ "
ကာပေါ်ကဆင်းဆင်းချင်းအန်တီကိုဖက်ကာပြောတော့
" မောင့်ကိုလွမ်းနေတာ " မောင့်လက်မောင်းကိုချိတ်ကာပြောလေသည်
" လွမ်းတာလွမ်းတာပေါ့ ပြေးမလာနဲ့နော် ခြေလဲနေမယ် မောင့်ကိုစိတ်မချအောင်လုပ်နေတာ "
" ဆူနေတာလား " မောင့်လက်မောင်းအားလွတ်ကာကောက်ချေသည်
" ဆူတာမဟုတ်ဘူးလေ ချစ်တခုခုဖြစ်မှာစိုးလို့ ပြောနေတာပါ "
" အာ့ဆို ဘာလို့အော်လဲ "
" မအော်ရပါဘူး မောင့်မိန်းမရယ် ထမင်းစားကျမယ်နော် " မီးဖိုချောင်ထဲစကားတပြောပြောနှင့်သွားကာ ထမင်းစားပြီး အန်တီကိုဆေးတိုက်ဖို့အပေါ်တတ်ရလေသည်
" ချစ် ဆေးသောက်ပြီးပြီဆိုတော့ ခနအိပ်အုံးနော် မောင်စောင့်နေမယ် "
" မောင် " ဆိုကာလှဲနေရာကနေ လက်ကလေးကားကာ ဖက်သိပ်ခိုင်းသည် မောင်ကလဲ အန်တီကိုရင်ခွင်ထဲထည့်ကာ ဂိမ်းဆော့နေလိုက်သည် အန်တီအိပ်တာ၁နာရီကျော်လောက်ကအိပ်တာ အခု၃နာရီပင်ပေကျာ်နေပြီဖြစ်သောကြောင့် နိုးရပေသည် အိပ်ရာထလျှင်ခေါင်းမကြည်မည်စိုးေသာကြောင့် အန်တီနဖူးလေးအားနမ်းကာနိုးတော့ အွန်း ဆိုပြီး အပျင်းကြောလေးဆန့့်ကာထလာတော့သည်
" နိုးပြီလား " အန်တီမှမျက်လုံးလေးကိုပွက်ကာ ခေါင်းငြိမ့်ပြသည်
" ချစ်ကို ခွင့်တောင်းစရာရှိလို့ " မောင်မှအန်တီလက်ကိုကိုင်တော့ အန်တီမှမောင်ကိုကြည့်လာတော့
" နှင်းပွင့်တို့နဲ့ကလပ်သွားချင်တာ ခွင့်ပြုပေးပါလို့နော် "
" ဟာ မောင့်ကလဲ ဘာလုပ်သွားမှာလဲ ချစ်စိတ်မချဘူးနော် " ထထိုင်ကာ ဆံပင်ကိုဖြီးရင်ပြောနေသည်
" ချစ်ကလဲ စိတ်မချစရာဘာရှိလို့လဲ မောင်ကိုစိတ်ချနော်" အန်တီနောက်လိုက်ကာပြောရပြန်သည်
" အင်းပါ မောင်ကသွားချင်နေမှတော့သွားပေါ့ ပြောထားမယ်နော် ကောင်မလေးတွေနဲ့မတွဲနဲ့ အရက်အများကြီးမသောက်နဲ့ အိမ်ကိုစောစောပြန်လာခဲ့ ဒါပဲ "
" အိုခေနော် ချစ်စကားနားထောင်မယ် ချစ်ကလဲမောင့်စကားနားထောင်နော် ဆေးသောက်ထားနော် "
" အာ့တာတော့ တို့သဘောပေါ့ " အန်တီကမောင့်ကိုခွင့်သာပြုရသာာ စိတ်ထဲတွင်ဘဝင်တော့မကျျပေ
" ချစ်နဲ့ညနေစာစားပြီးမှသွားတော့မယ် "
" အခုတော့လန်းသွားအောင် ရေချိုးတော့နော် ဒါမှမဟုတ် အတူတူချိုးမလား"
" ချိုးစရာလား ချစ်အရင်င်ချိုးမှာ ပြီးမှမောင်ချိုး" မောင်မှခေါင်းငြိမ့်ပြတော့ အန်တီကရေချိုးခန်းထဲဝင်သွားလေသည်
နှစ်ယောက်စလုံး ရေချိုးပြီး အန်တီနဲ့အတူလမ်းထွက်လျှောက်ရပြန်သည် လမ်းလျှောက်ရင်လဲ စားချင်တာတွေ့ရင်ဂျီကျပြီး တောင်းတတ်သေးသည်
လမ်းလျှောက်ပြန်လာပြီး ခနနားပြီးတော့ အန်တီကိုထမင်းကျွေးရသည်ည် မောင်ကတော့မစားားပေ အရက်သောက်ရအုံးမည်မဟုတ်လား အန်တီကိုထမင်းကျွေးပြီး ဆေးတိုက်ပြီးမှမောင်ကလပ်သို့လာခဲ့သည် မလာခါနီးကိုအန်တီကတဖွဖွမှာနေတော့သည်
* * * * * * * *
မောင်လဲကလပ်သို့ရောက်သော် နှင်းပွင့်တို့ဝိုင်းသွားထိုင်နေသည်
" မောင် နင်အန်တီကလွှတ်တယ်ပေါ့ " နှင်းပွင့်မှမေးတော့
" မလွှတ် လွှတ်ရအောင်ပြောရတာပေါ့ " မောင်ပြောတော့ အားလုံးဝိုင်းရီလေသည်
မောင်တို့သောက်နေတုန်း ဆိုင်ကဝန်ထမ်းကောင်မလေးတယောက်က်ကမောင့်ကိုစကားလာပြောသည်
" အစ်မ ဘာလုပ်တာလဲ အန်တီရောမပါဘူးလား " မောင်မှနောက်လှည့်ကြည့်ကာ
" မပါဘူး ညီမလေးရောဘယ်သူနဲ့လာတာလဲ"
" သူငယ်ချင်းတွေနဲ့လာတာပါ အစ်မကိုတွေ့လို့လာနှုတ်ဆက်တာ "မောင့်မှခေါင်းငြိမ့်ပြတော့ ကောင်မလေးမှာသူ့သူငယ်ချင်းတွေဆီပြန်သွားလေသည်
" မောင် အာ့တာဘယ်သူလဲ " ဝတ်ရည်မှမေးတော့
" ဆိုင်ကဝန်ထမ်းကောင်မလေးပါ " ပြောပြီးထပ်သောက်နေလေသည်
မောင်ဘယ်လောက်သောက်လိုက်မသိ လမ်းပင်မနည်းလျှောက်ရသည်ည် အိမ်ပြန်ဖို့ကိုလဲ နှင်းပွင့်မှလိုက်ပို့ရသည်ည်
ကလပ်မှပြန်လာနေတုန်း ဝိတ်တာကောင်မလေးနဲ့ တိုက်မိပြီး မောင့်ရင်ဘက်ကအင်္ကျီမှာ နှုတ်ခမ်းနီအနည်းငယ်ပေသွားလေသည် မောင်နေသိနေပုံမပေါ်မူးနေသည်မဟုတ်လား နှင်းပွင့်လဲမောင်ကားကိုမောင်းကာ ပြန်လိုက်ပို့လေသည်
အန်တီကတော့ ဧည့်ခန်းတွင်စာအုပ်ဖက်ကာစောင့်နေသည် ကားသံကြားမှအပြင်ထွက်ကြည့်တော့ မောင့်ကိုနှင်းပွင့်ကထိန်းးထားရသည်ည် အန်တီတချက်မျက်မှောင်ကြုံ့ကာ မောင်ကိုတွဲခေါ်ရသည်ည် နှင်းပွင့်မှအထဲမဝင်တော့ပေ အခြေအနေသိပ်ကောင်းမဲ့ပုံမပေါ်သောကြောင့်ဖြစ်သည်
" နှင်းပွင့် အထဲဝင်အုံးလေ ကားယူသွားနောက်မှပြန်လာယူမယ် "
" ရတယ် မဝင်တော့ဘူးနောက်မှဝတ်ရည်တို့ပါတဟ် အန်တီ"
" ကျေးဇူးပါနော် ဒီငမူးသမားကိုလိုက်ဖို့ပေးလို့ "ပြောကာ အထဲသို့တွဲခေါ်လာသည်
အန်တီမှမောင့်ကိုဧည့်ခန်းကဆိုဖာပေါ်တွင်ထိုင်စေကာ
" ဒါကဘယ်လိုဖြစ်တာလဲ တို့သေချာမှာလို့ သေချာမူးအောင်သောက်ခဲ့တာလား "
" မဟုတ်ပါဘူးအန်တီရာ " မောင့်မှာခေါင်းကုတ်နေလေသည်
" မင်းကမင်းလဲမှားသေးတယ် တို့ကိုလဲအော်တယ်ပေါ့လေ "
" မအော်ပါဘူး အန်တီရယ် မောင်မှားပါတယ် သောက်နေရင်းနဲ့မထိန်းနိုင်ဖြစ်သွားလို့ပါ"
" တို့ကတောင်းပန်းပန်တာမလိုချင်ဘူး တို့စကားနားထောင်စေချင်တာ ဘာလဲ တို့ကိုဂရုမစိုက်ိုက်တာလား "
" မဟုတ်ရပါဘူး အန်တီရယ် မောင်ပြောပြီးပြီလေ မောင်အရှိန်လွန်သွားပါတယ်လို့ "
" အမှားလုပ်ပြီးလို့တောင်းပန်ရင် ရလား အာ့ဒါဆို တို့လဲလုပ်မယ်လေ " အန်တီမှမီးဖိုထဲဝင်သွားသည် မောင်အလျင်အမြန်လိုက်ရမည် အန်တီကမောင့်ကိုရွဲ့လုပ်တော့မည်မဟုတ်လား
မောင် အန်တီနဲ့တယောက်က်တခွန်းပြောနေတော့ မူးနေတာတွေတောင်ပျောက်သွားတယ်
အန်တီမှရေခဲသေတ္တာထဲရှိဒယ်ဒီသောက်နေကျအရက်ပုလုံးကိုဖွင့်ပြီးမော့မလို့လုပ်နေတုန်း မောင့်မှာအရက်ပုလင်းကိုပုတ်ချလိုက်တော့ ကျကွဲသွားသည်
" ချစ်ရာ ကလေးရှိသေးတယ်လေ ဘာတွေလျှောက်လုပ်နေတာလဲ "
" မင်းတောင် တို့နဲ့ကလေးအတွက်ကြည့်ပေးလား အရက်ကိုမူးအောင်သောက်လာတယ်လေ တို့လဲ ဘယ်သူ့ကိုမှကြည့်စရာမလိုဘူး"
ပြောကာ ထမင်းစားပွဲကခုံတွင်ထိုင်လိုက်သည်
" ပြီးတော့ တို့စကားနားမထောင်တဲ့သူနဲ့လဲ အတူတူမနေနိုင်ဘူး"
" ဘယ်သွားမလို့လဲ မောင့်နဲ့ပဲနေရမယ် ဒီတခါနောက်ဆုံးပါပဲနော် "
" တော်ပြီ မတည်နိုင်ပဲကတိတွေမပေးပါနဲ့ အရင်င်တခါတုန်းကလဲ မင်းဒီလိုပဲပြောခဲ့တယ် တို့အာ့တုန်းကခွင့်လွှတ်ပေးခဲ့တယ်နော် "
ဒယ်ဒီနှင့် မာမီတို့ရောက်လာပြီး
" ဘာဖြစ်ကျတာလဲ အပေါ်ကတောင်ကြားရတယ် ဧည့်ခန်းထဲလာခဲ့ကျ "
မာမီကလှမ်းပြောမှ အန်တီကရှေ့ကသွားပြီး မောင်ကနောက်ကသွားသည်
" မောင် အရက်သောက်လာတာလား"
" ဟုတ်ကဲ့မာမီ "ဆိုဖာပေါ်ထိုင်ကာပြောသည်
အန်တီနားထိုင်တော့ အန်တီမှမောင်နဲ့မလှမ်းမကမ်းကိုရွှေ့သွားသည်
" မောင်မှားတာပါမာမီ အန်တီကမသောက်နဲ့ပြောတာ မောင်သောက်ခဲ့မိတာပါ "
" ကိုယ့့်အမှားကိုယ်သိရင်တောင်းပန်လိုက်လေ"
"မောင် တောင်းပန်ပါတယ် အန်တီကလက်မခံလို့ " မျက်လွှာချကာပြောလေသည်
" ဟုတ်တယ် နိုင်လက်မခံဘူး အရင်င်တခါကလဲနိုင်ခွင့်လွှတ်ပေးတယ် သူကဒီတခါနောက်ဆုံးပါလို့ နိုင်ခွင့်လွှတ်ပေးတာပါ"
မာမီကိုကြည့်ကာပြောတော့
" ခုနကအသံကြားတယ် "
" အာ့တာနိုင် အရက်သောက်လို့ မောင်ကပုတ်ချလိုက်တာပါ "
" နိုင်ကဘာလို့သောက်တာလဲ "
" မောင်ကိုရွဲ့သောက်တာပါ "
" ကလေးထိမှာပေါ့နိုင်ရဲ့ ဒီတခါတော့ မာမီတို့ကပါတောင်းပန်တယ် ခွင့်လွှတ်ပေးလိုက်ပါနော် နောက်မောင်သောက်ရွမာမီတို့ကပါ အပြစ်ပေးမယ် ဒီတခါတော့ ခွင့်လွှတ်ပေးလိုက်ပါ" အန်တီမှခေါင်းကိုမငြိမ့်ချင်ငြိမ့်ချင်နဲ့ငြိမ့်လိုက်ရသည်ည်
မာမီတို့လဲအပေါ်တတ်သွားပြီး အန်တီလဲအပေါ်တတ်ကာ မောင်ကတော့ အန်တီနောက်ကိုလိုက်ရသည်
မောင်အခန်းထဲဝင်လာတော့ အန်တီမှမောင့်အင်္ကျီချွတ်ပေးမလို့လာကိုင်နေရာကနေ နှုတ်ခမ်းနီတချို့ကိုမြင်ကာ
" ဒါဘာဖြစ်လာတာလဲ "
" အာ့ ဟို ဟိုလေ ဝိတ်တာမလေးနဲ့ဝင်တိုက်မိတာ"
" ရှင်နော် ကျမ မပါရင်ဖြစ်ပျက်နေတာ မကျေနပ်ဘူး သွား ဆိုဇာပေါ်အိပ် ကျမနားားလာမအိပ်နဲ့ " ဗိုက်ခေါက်ဆွဲလိမ်ကာပြောတော့
" မိန်းမကလဲ မောင့်ဘေဘီကမောင်နဲ့အိပ်ချင်တာတဲ့ မတော်တဆပါအချစ်ရယ်နော် "
" ရှင့် ကလေးနဲ့အိပ်မှာဆိုလဲပြီးရော " အန်တီမှအိပ်ရာပေါ်လှဲအိပ်ကာပြောလိုက်တော့ မောင်မှာ အန်တီဗိုက်ကိုမျက်နှာအပ်ကာ နမ်းလိုက်ပြီး ခါးကိုဖက်ကာ အိပ်လိုက်သည်
#ကျော့
ဇာတ်သိမ်းတော့မှာပါ🤭
ကျော့လေ နောက်ကျသင်တန်းတွေနဲ့ အလုပ်ရှုပ်တော့မှာမို့ မြန်မြန်လေးUpပေးပါ့မယ်နော်🥺

VOUS LISEZ
အကို့မရီး ကျွန်မဇနီး
Roman d'amourညီမဖြစ်သူရန်ကုန်သားနဲ့အိမ်ထောင်ကျလို့ ရန်ကုန်သို့လိုက်ခဲ့ရာ မတ်ရဲ့ညီမနဲ့ကြိုက်တဲ့Ficလေးပါ Sweet ဖြစ်နေမှာအာမခံမှာပါ😍 ဒေါ်ယဥ်လဲ့လဲ့နိုင်နဲ့ အိန္ဒြာမောင်လွင်တို့ ဘယ်လ်ိုတွေRoကျမလဲဆို ဖတ်ပေးကျပါအုံးနော်🤭