Episode 10❗️❗️

8.6K 206 1
                                        

အကို့မရီး ကျွန်မဇနီး Ep 10
မောင်တို့လဲ ထမင်းစားပြီး ဒေါ်လေးယုယတို့အိမ်ဘက်ထွက်လာခဲ့လိုက်သည် မောင်နှင့် အန်တီနဲ့ကတော့ တယောက်လက်ကိုတယောက်ချိတ်ကာလမ်းလျှောက်ထွက်လာခဲ့လိုက်သည် နှင်းပွင့်ကတော့ ဖုန်းဆော့ရင်းသာလမ်းလျှောက်လာသည်
" အန်တီ "
" ရှင့့် " အန်တီမှမောင့်ကိုတချက်ကြည့်ကာထူးလိုက်သည်
" အန်တီလို့  "
" ဘာလဲလို့ "
" အန်တီလို့ဆို "
" ဟာ ဘာဖြစ်တာလဲမောင်ရယ် ပြောစရာရှိတာမပြောဘူး "
မောင့်ကိုခပ်စောင်းစောင်းလေးကြည့်လိုက်တော့
" မောင်လေ အန်တီကိုအန်တီလို့မခေါ်ချင်တော့ဘူး သိလား"
" အန်တီလို့မခေါ်လို့ဘယ်လိုခေါ်ချင်တာလဲ "
" မိန်းမလို့ခေါ်  ...."  ပဲရှိသေးတယ် အန်တီမှမောင့်ပါးစပ်ကိုအပြေးအလွှားပိတ်ရသည်
" အဟွတ် အဟွတ် "
နှင်းပွင့်မှဖုန်းကြည့်ရင်းမောင့်ကိုမျက်စောင်းလှမ်းထိုးလိုက်သည်
" မောင်ရယ် ငါတယောက်လုံးရှိသေးတယ် ခေါ်ချင်ရင် အခန်းထဲရောက်မှခေါ် "
" ငါကလူတွေရှေ့ရော ခေါ်ချင်တာလေ "
အန်တီမောင့်ပါးစပ်ကိုလက်နဲ့ပိတ်လဲမရတာနဲ့ ဗိုက်ခေါက်ကိုလိမ်ဆွဲတော့
" အား ..... နာတယ်အန်တီနဲ့ အားလားလား"
ဆိုကာဗိုက်လေးကိုပွက်တော့
" စကားအပြောအဆိုကမဆင်ခြင်ဘူး နောက်ဒီထက်နာတယ် "
" မှတ်ပြီလား ကောင်းတယ် အန်တီရေ နာနာလေးသာလုပ်လိုက် " ဟုတ်ပြောကာ နှင်းပွင့်ကမောင့်ကိုပြောင်ရင်းထွက်ပြေးသွားသည်
ဒေါ်လေးယုယကိုမမြင်ပဲ နှင်းပွင့်ကအရှိန်နှင့်တိုက်မိတော့ ဒေါ်လေးယုယနောက်ပြန်ကျသည်ကို နှင်းပွင့်က အပြေးလေးဖမ်းတော့ နှင်းပွင့်ရင်ခွင်ထဲကိုရောက်နေသောဒေါ်လေးယုယ မောင်နှင့်အန်တီမှပါးစပ်အဟောင်းသား အကြည့်စိုက်နေလိုက်တာများ ဘယ်လောက်ကြာသည်မသိ အန်တီအသံပေးမှ
" အဟမ်း အဟမ်း " အန်တီမှပြုံးစိစိနှင့်အသံပေးတော့
" မင်းကလေ နမော်နမဲ့နဲ့ လူတယောက်လုံးရပ်နေတာကိုမမြင်ဘူးလား "
နှင်းပွင့်ရင်ခွင်ထဲမှအပြေးအလွှားထွက်က
" အာ အန်တီကလဲ နှင်းပွင့်ကပြေးလာလို့ပါ အန်တီလဲမသွားအောင်လဲ ထိန်းပေးရသေးတယ် " နှင်းပွင့်မှ နှုတ်ခမ်းဆူကာပြောလိုက်တော့
" အာ့တာဘယ်သူကြောင့် လဲမလိုဖြစ်တာလဲ"
ဆိုကာပြောတော့ ကြားထဲမှအန်တီက
" တော်ပါတော့ ယုယရယ် သူနဲ့မောင်နဲ့ စနောက်ရင်းပြေးသွားတာပါ နင်ကလဲ စိတ်ချည်းပဲ "
" နင်ကနော် သူ့မောင်ဘက်လိုက်ပြီး သူ့မောင်သူငယ်ချင်းကိုကာကွယ်ပေးနေလိုက်တာများ "
မဆိုင်တဲ့မောင့်အန်တီကိုပါ ရန်လုပ်နေသောဒေါ်လေးယုယ
" ငါနဲ့မဆိုင်ဘူးလေ နင်ကကိုယ့်ထက်အငယ်လိုအလျော့မပေးပဲ အနိုင်ယူနေလို့လေ "
" ရပါတယ် အန်တီနိုင်ရယ် နှင့်ပွင့်ကလေ အန်တီယုယအတွက်ဆို အမြဲတမ်းအရှုံးပေးပြီးသားပါ "
ပြောတော့ ဒေါ်လေးယုယမှ " ဘာတွေပြောမှန်းမသိဘူး "ဆိုကာ ရှက်သွားပြီး ထိုစကားဝိုင်းမှထွက်ကာ အိမ်ထဲဝင်သွားပြီး လက်ဖက်သုတ်ယူပြီး အန်တီနဲ့ဒေါ်လေးယုယကတော့စကားပြောနေသည်
" နိုင် ဘယ်တော့ပြန်ဖြစ်လောက်မလဲ "
" မောင့် မာမီတို့ကတော့ မနက်ဖြန်ညနေလောက်ပြန်မယ်တဲ့ ငါတို့ကတော့ မောင့်သဘောပေါ့ " မောင့်ကိုတချက်ကြည့်ကာ လက်ဖက်သုတ်ကိုစားရင်းပြောလေသည်
" ခိုင်တို့ကရော "
" ခိုင်တို့ကလဲ မနက်ဖြန်ပြန််မယ်တဲ့ သူ့အမျိုးသားအလုပ်တွေရှိသေးလို့တဲ့  ဒါနဲ့ ယုရောရန်ကုန်လိုက်မယ်မို့လား "
" လိုက်ဖြစ်မယ်ထင်တာပဲ "
နှင်းပွင့်ကိုတချက်ကြည့်ကာ တချက်ပြုံးပြီးပြောလေသည် နှင်းပွင့်မှအန်တီယုယဆီကအဖြေကို သိချင်နေလေသည်
" အန်တီအဖြေကလဲဘယ်လိုကြီးလဲ" ဟုနှင်းပွင့်မှမေးလေသည်
" တို့အဖြေက75% သေချာနေပါပြီ "
ဟုဖြေလိုက်တော့ နှင်းပွင့်မျက်နှာမှာအပြုံးပန်တွေဝေဆာနေလေသည် ဒေါ်လေးယုယမှာ လိုက်မှာကို တည့်မပြောပဲလူကိုအသည်းယားအောင်လာလုပ်နေတယ် ဟု စိတ်ထဲတွင်သာနှင်းပွင့်ပြောလေသည်
အန်တီမှ နှင်းပွင့်နှင့်ဒေါ်လေးတို့ကိုကြည့်ကာ လက်ဖက်စားနေတော့ မောင်မှ အန်တီလက်ဖက်သုတ်စားမလို့ ဇွန်းကိုင်တာကို အန်တီလက်ပေါ်သို့ လက်ကိုင်ကာ အန်တီလက်ကို နောက်ကိုပို့လိုက်ပြီး
" အန်တီ များနေပြီနော် တည့်တာလဲမဟုတ်ဘူး ဗိုက်အောင့်လိမ့်မယ် တော်တော့ "
ဆိုကာ ခပ်ဆူဆူလေးပြောလိုက်တော့
" မောင်ကလဲ ယုလက်ရာမစားရတာကြာနေပြီမို့ပါ ဒီတဇွန်းပဲလေနော် "
မောင်မှအန်တီကိုစိုက်ကြည့်ကာ ဘာမှပြန်မပြော
" နော် လို့ အန်တီမစားရတာကြာနေပြီမို့ မောင်နော် နော်လို့ " ​ တနော်နော်နဲ့ ခပ်ချွဲချွဲလေးပြောကာ လက်မောင်းလေးကိုလှုပ်ရမ်းရင်းပြောတော့ မောင်ခံနိုင်ပါတော့မလား ပြုံးကာ
" ဒီတဇွန်းပဲနော် နောက်ရက်မှထပ်စားနော် တခုခုဖြစ်မှာစိုးလို့ မောင့်ကပြောနေရတာ "
ဆိုကာ လက်ဖက်တဇွန်းအန်တီကိုခွံ့ကျွေးလိုက်သည် အန်တီကလဲပြုံးကာ ခေါင်းတချက်ငြိမ့်ပြပြီး မောင့်ရင်ခွင်ထဲတိုးဝင်သွားသည်
ဒေါ်လေးယုယနှင့် နှင်းပွင့်ကတော့ မောင့်တို့ခပ်စောင်းစောင်းကြည့်ပြီး မကြည့်ချင်ယောင်ဆောင်နေလိုက်သည်
အန်တီနှင့့်ဒေါ်လေးယုယကတော့ စကားပြောနေကျတုန်း
" အန်တီ " လို့ခပ်ချွဲချွဲခေါ်ကာ အန်တီပုခုံးပေါ်သို့မှီလိုက်သည်
" မောင် အိပ်ချင်ပြီလား "
မောင်ဆံပင်လေးကိုသပ်တင်ကမေးတော့ မောင်ကခေါင်းငြိမ့်ပြလိုက်သည်
" ကဲ အာ့ဆို တို့လဲအိပ်တော့မယ် မင်းတို့လဲအိပ်ကျတော့လေ ယုယ " ဟု အန်တီကစလိုက်တော့
" သူနဲ့ငါနဲ့ကအတူတူမအိပ်ပါဘူးနော် သူကအောက်မှာအိပ်မှာ "ဟုဒေါ်လေးယုယမှ နှင်းပွင့်ကိုကြည့်ကာပြောတော့ အန်တီမှ
" အင်းလေ တို့ကဘာပြောလို့လဲ အိပ်ကျတော့လို့ပြောတာလေ သူ့ဟာသူမလုံပဲနဲ့ "
အန်တီကပြောပြီး ၃ယောက်သားရီတော့ ဒေါ်လေးယုယမှရှက်ပြီး အခန်းထဲပြေးဝင်သွားတော့သည်
" မောင်  "
မောင့်ရင်ခွင်ထဲမှာနေရင်းခေါ်လိုက်သည်
" ပြောပါ မောင့်အမျိုးသမီးလေး "
" အန်တီတို့ ဘယ်တော့ ရန်ကုန်ပြန်မှာလဲ အန်တီကတော့ နေချင်သေးတယ် "
" အန်တီသဘော မောင်ကရတယ် ဒီကြားထဲနှင်းပွင့်တို့ကို အောင်သွယ်ပေးကျရအောင် "
အန်တီမှမောင့်ကို မျက်စောင်းထိုးလျက်
" မင်းနှင်းပွင့်အကြောင်းမပါရင် မပြီးဘူးလား "
မောင်မှပြုံးကာ အန်တီခန္ဓာကိုယ်ကိုသိမ်းကျုံးဖက်ကာ
" မဟုတ်ပါဘူး မိန်းမရဲ့ နှင်းပွင့်ကိုလဲ မောင့်တို့လိုဖြစ်စေချင်လို့ပါ ဒေါ်လေးယုယကလဲ နှင်းပွင့်ကို သဘောကျနေပုံရတယ် "
" အန်တီလဲအာ့လိုပဲထင်တယ် ယုယနဲ့ အန်တီနဲ့ကငယ်ပါင်းတွေ သူ့အကြောင်းကောင်းကောင်းသိတယ် "
" မောင့်အကြောင်းရောမသိချင်ဘူးလား အန်တီ "  အန်တီမှမျက်စောင်းထိုးကာ
" မောင့်အကြောင်းကသိလွန်းလို့ခက်နေတာ သိရဲ့လား  "
မောင်မှအန်တီလည်တိုင်ကျော့ကျော့နားကို နမ်းဖို့ဟန်ပြင်လိုက်တော့
" မောင် အရမ်းမလုပ်နဲ့ အရာတွေတအားများနေပြီနော်  "  လို့အန်တီမှပြောတော့
" ဘာဖြစ်လဲများတော့ မောင့်ပိုင်ကြောင်းသက်သေပြတာလေ "
" မောင်ကလဲ အရာတွေများရင် လူမြင်လို့မကောင်းဘူးလေနော် "
လို့ပြောတော့  မောင်နှုတ်ခမ်းများက လည်တိုင်ကျော့ကျော့လေးအောက်သို့ဦးတည်နေလေသည်
" မောင် ဘာလုပ်မလို့လဲ တော်တော့နော် "
မောင်မှခေါင်းယမ်းပြသည် အန်တီဒီနေ့ညတော့ မောင်ပြုသမျှ နုရမည်မဟုတ်လား အန်တီမှတော့မျက်နှာကြက်လေးကြည့်နေတော့သည် ခေါင်းအုံးလေးကလဲ အန်တီအားပြုရာလေးသာဖြစ်နေတော့သည်
မနက်ခင်းရောက်တော့ အန်တီမှမောင့်ရင်ခွင်ထဲ အိပ်နေလေသည် အန်တီညကပင်ပန်းထားသည်မဟုတ်လား မောင်ကအရင်င်နိုး၍ နာရီကြည့်တော့ ၇နာရီပင်ကျော်နေလေသည်
မောင်ကအန်တီအိပ်နေတာကိုကြည့်နေသည် အန်တီလဲမကြာဘူး နိုးလာတော့
" မောင် နိုးနေပြီလား "
မျက်လုံးလေးပွက်ကာပြောတော့
" မောင်နိုးတာကြာပေါ့ မောင့်အမျိုးသမီးလေးအိပ်နေတာကို ကြည့်နေတာ "
အန်တီမှပြုံးကာ မောင်ရင်ခွင်ထဲမှာခေါင်းလေးပိုတိုးလို့နေပြီး မောင့်ကိုဖက်လိုက်သည်
" အန်တီထတော့လေ ၇နာရီကျော်နေပြီ "
" ဟုတ်လား မနက်စာလုပ်ရအုံးမှာမောင့်ရဲ့ "
အပြေးလေးထတော့ ခါးကနာကာ ကုတင်ပေါ်ပြန်ထိုင်လိုက်သည်
" မောင် အန်တီနာတယ် " မျက်နှာလေးရှုံ့ပြီးပြောတော့ မောင်မှ
" မောင်ချီရမလား အန်တီ "
" အာ့တာမောင့်ကြောင့် သိလား လူကိုမညှာမတာနဲ့ " မောင်ရင်ဘက်ကိုထုကာပြောနေလေသည် မောင်အန်တီကိုမပြီးချီကာ ရေချိုးတဲ့နေရာဆီသို့ပွေ့ချီသွားသည် (ရွာဘက်ဆိုတော့ အုတ်ကန်ကရေပဲသုံးကျရသည်ည် )
" မောင် ချတော့ သူများတွေမြင်ကုန်မယ် "
မောင်မှအန်တီကိုအသာအယာချကာ သွားတိုက်ဆေးထည့့်ကာပေးပြီး မျက်နှာသစ်ကျသည်
မောင်တို့ အိမ်ထဲဝင်ပြီး နှင်းပွင့်မှမောင့်ကိုအပြေးအလွှားလာခေါ်ကာ အိမ်ရှေ့သစ်ပင်အောက်သို့သွားကျသည် မောင်မှအန်တီကိုတလှည့်ကြည့် ကြည့်နဲ့ အန်တီကတော့မောင့်ကိုမျက်စောင်းထိုးကာ စိတ်ကောက်ကျန်နေခဲ့သည်
" နှင်းပွင့်ရာအသာလုပ်ပါ ဟိုမှာ အန်တီစိတ်ကောက်ကျန်နေခဲ့ပြီး "
" ငါအရေးကြီးပြောစရာရှိလို့ "
" ပြော ဘာပြောမှာလဲ "
" ဒီလိုဟ "
ညကဒေါ်လေးယုယအခန်းထဲတွင် နှင်းပွင့်နှင့်ဒေါ်လေးတို့ကဒီလိုအဖြစ်အပျက်တွေဖြစ်သွားကျလေသည်
" မင်းမအိပ်သေးဘူးလား "
နှင်းပွင့်မှ အိပ်မပျော်၍Facebookသုံးနေသည်ကိုဒေါ်လေးယုယမှပြောလိုက်သည်အိပ်မပျော်ထက်ရင်ခုန်နေတာပါလေ
" နှင်းပွင့်အိပ်မရလို့ပါ အန်တီရော မအိပ်သေးဘူးလား "
ဒေါ်လေးယုယမှဆံပင်သည်းရင်းပြောလိုက်သည်
" တို့လဲ အိပ်မရလို့ "
" အာ့ဆို အိမ်ရှေ့ထွက်ရအောင်လေ နှင်းပွင့်တယောက်က်တည်းကျကြောက်လို့ "
ဒေါ်လေးယုယမှ သဘောဟုတ်ပြောကာ နှစ်ယောက်သားလမ်းလျှောက်ထွက်လာခဲ့လိုက်သည်
" အန်တီ "
" ဟင် ဘာလဲပြောလေ  "
"  အန်တီအချစ်ကိုဘယ်လိုသတ်မှတ်ထားလဲ ယောက်ျား မိန်းမခွဲခြားထားလားဟင် "
" အချစ်ကိုအာ့လိုတော့ မခွဲခြားထားပါဘူး အချစ်ကအချစ်ပဲပေါ့ ကိုယ်ချစ်ရတဲ့သူကလဲကိုယ့်ကိုချစ်ရင်အတိုင်းထက်အလွန်ပေါ့ကွာ"
ဟုတ် အန်တီမှ လွမ်းဆွေးစွာပြောတော့
" အန်တီမှာ လွမ်းရမဲ့သူရှိနေတာလားဟင် "
နှင်းပွင့်မှ ဝမ်းနည်းစွာမေးတော့
" အရင်င်ကပေါ့ အခုတော့သူ့မှာလဲ သက်ဆိုင်သူရှိနေပြီးသားလေ  အန်တီကိုတကယ့့်ချသ်တဲ့သူဆိုတာ မရှိနိုင်လောက်ပါဘူးကွာ "
" နှင်းပွင့်ချစ်တယ်လေ အန်တီရဲ့ " အန်တီမှနှင်းပွင့်ကိုကြည့်ကာ တကယ်လာတိုသောအကြည့်ဖြင့်
" မင်းတို့ကိုတကယ်ချစ်တာလား "
" တကယ်ပေါ့ နှင်းပွင့်ချစ်တာ အန်တီကိုစတွေ့တည်းကမသိစိတ်ထဲကချစ်နေတာ အန်တီနားနေရရင်ပျော်တယ် အန်တီပြုံးနေတာကိုပဲတွေ့ချင်မိတယ် "
" အာ့ဆို မင်းအဖြေတောင်းစရာမလိုပဲ တို့ပါးစပ်ကချစ်တယ်ပြောအောင်လုပ်နိုင်လား"
နှင်းပွင့်​တချက်စဥ်းစားနေတုန်း
" မင်းကလဲတို့ကိုတကယ်မချစ်ပါဘူးကွာ အပြောပဲရှိတာပါ "
" လုပ်နိုင်ပါတယ်အန်တီရဲ့ ဘယ်လိုလုပ်ရမလဲတွေးနေလို့ပါ  " နှင်းပွင့်မှအလျင်အမြန်ပြောလိုက်သည်
" စောင့်ကြည့်နေမယ် " ဟုတ်ပြောကာ အန်တီယုယမှအလျင်အမြန်ထွက်သွားသည်
( ဒီနေရာမှ အန်တီဆိုတာက အန်တီယုယကိုပြောတာပါနော် အန်တီတွေလွှဲနေမှာစိုးလို့ အခေါ်အဝေါ်ပြောင်းပေးပါ့မယ်နော် )
" အာ့တာပဲ မောင့်ရဲ့ ငါဘယ်လိုလုပ်ရမလဲ "
" နင်ကလဲ အချိန်ယူစဥ်းစားပါဟ မလောနဲ့ ငါလဲကူစဥ်းစားပေးမယ် အခုတော့ ငါ့အချစ်စိတ်ကောက်နေလို့ သွားချော့အုံးမယ် " နှင်းပွင့်ပုခုံးကို ပုတ်ကာ အန်တီဆီသွားလေသည် နှင်းပွင့်ကတော့ တမှိုင်မှိုင်နှင့်စဥ်းစားနေလေသည် မောင်ကတော့ အန်တီမီးဖိုချောင်ထဲမှာဟင်းချင်နေသည်ကို နောက်ကနေ ခါးဖက်ကာပုခုံးပေါ်မေးလေးတင်တော့ အန်တီမှ မောင့်ကိုနောက်ပြန်လှည့်ကြည့်ကာ ခါးကလက်ကိုဖယ်လိုက်သည်  မောင်မှထပ်ဖက်ပြီးတင်လိုက်ပြန်သည်
" အန်တီမျက်နှာကြီးကလဲ ဆူပုတ်နေတာပဲ ဘာဖြစ်နေတာလဲ အချစ်ကလေးရဲ့ "
ခါးကိုပိုတိုးဖက်လို့မေးတော့
" ဘာမှမဖြစ်ဘူး ဖယ် ဒီမှာအလုပ်လုပ်နေတယ်"
" ဖြစ်ပါတယ် အန်တီရဲ့ ပြောပါ မောင့်နှင်းပွင့်နဲ့လိုက်သွားလို့လား "
အန်တီမှဘာမှပြန်မပြော မျက်နှာခပ်တည်တည်သာထားသည်
" တိတ်ဆိတ်ခြင်းကဝန်ခံခြင်းတဲ့ အာ့ဆိုရင်တော့ ဟုတ်နေပါပြီ မောင့်အချစ်လေးရယ် စိတ်မကောက်ပါနဲ့ သူကအတင်းဆွဲခေါ်သွားတာကို " အန်တီကိုနောက်ကဖက်နေရာကနေ ရှေ့ကိုကိုင်းကာ ပါးပြင်ကိုနမ်းရင်းပြောတော့
" သွား လာမနမ်းမ်းနဲ့ ကျုပ်ကို ရှင်သူငယ်ချင်းပဲသွားနမ်း "
" တကယ်လား " ပြောတော့ အန်တီမှနောက်လှည့်ကာမောင့်ဗိုက်ကိုလိမ်ဆွဲတော့
" တော်ကကျုပ်ကိုထားခဲ့တာလေ ဒါတောင်မချော့ပဲ သူများသွားနမ်းမလို့ပေါ့ " ျပြာကာ ခပ်နာနာလေးလိမ်ဆွဲတော့
" အချစ်ရယ် အခုချော့နေတယ်လေ သူက ဒေါ်လေးယုယကို ဖွင့်ပြောလိုက်ပြီတဲ့ "
"အာ့ တော့" မောင်ဗိုက်လိမ်တာကိုလွှတ်ပြီး မေးတော့ မောင်မှအကြောင်းဆုံရှင်းပြကာ အန်တီနှင့်တိုင်ပင်ပြီး အန်တီဟင်းချက်နေသည်ကိုကူလုပ်ပေးနေသည်
#ကျော့

အကို့မရီး ကျွန်မဇနီးWhere stories live. Discover now