•𝟣𝟦•

966 173 15
                                    



လက်ကိုဆေးသွင်းထားရလို့ ဒိုင်ယာရီရေးလို့ မနိုင်သေးတော့ ရေးထားတဲ့စာတွေကို ပြန်ဖတ်နေတဲ့ ထယ်ရယ်က ဆေးအရှိန်ကြောင့် အိပ်ပျော်နေတယ်။

ဒိုင်ယာရီကိုရင်ဘတ်ပေါ်မှာဖွင့်လျက် အိပ်ပျော်နေတဲ့ ထယ်ရယ်က အိမ်မက်ထဲမှာ မမကိုပြန်တွေ့နေရတာမို့လို့ မျက်လုံးမှိတ်ထားပေမဲ့ မျက်ထောင့်ကနေ မျက်ရည်တွေ စီးကျလာတယ်။

"ထယ်ရယ်...မမ ပြောမှာကိုသေချာ နားထောင်နော်"

"ဘာပြောမှာမို့လို့လဲ"

သက်ပြင်းကိုခဏခဏချနေတဲ့မမကြောင့် ထယ်ရယ် စိတ်နောက်ထွေးနေရပြီ။ မမပဲပြောထားတယ်မလား..သက်ပြင်းခဏခဏချရင် အိမ်လာဘ်တိတ်တတ်တယ်လို့လေ။ အခုတော့ မမကိုယ်တိုင်သက်ပြင်းချနေတာမလို့ ထယ်ရယ် ပါ စိတ်မသက်မသာဖြစ်လာရတယ်။

"မမ ရောဂါဖြစ်နေတယ် ထယ်ရယ်.."

ထယ်ရယ်လက်ကို သေချာကိုင်ပြီးပြောနေတဲ့ မမရဲ့လက်တွေဟာ အေးစက်လို့!

မျက်ရည်မသိမသာဝဲနေပေမဲ့ ဘာမှမဖြစ်သလိုဟန်ဆောင်နေတဲ့မမက ထယ်ရယ်ကိုကြည့်ပြီးစိတ်ကိုတင်းခံထားရပုံပါ။

"မမ ဒီနေ့ဆေးစစ်တာ..အဲ့ဒါသွေးကင်ဆာတဲ့"

"ဘာ..ဘာပြောတယ်.."

"ထယ်ရယ်..မောင်လေး..စိတ်အေးအေးထားစမ်း..ရောဂါဆိုတာကုလို့ရတယ်လေ..မမကိုကြည့်စမ်း "

စိတ်လွတ်ချင်နေတဲ့ ထယ်ရယ်ကို မမက အသိစိတ်ကပ်အောင် အနဲငယ်မာသော အသံနဲ့ပြောမှ ထယ်ရယ်က မမမျက်နှာကို သေချာပြန်ကြည့်တော့ မမရဲ့မျက်ထောင့်တွေက ငိုချင်နေလို့ နီရဲနေတယ်။

"ဘယ်လိုဖြစ်ပြီးတော့လဲ မမရာ..."

"မျိုးရိုးလိုက်တာတဲ့ .."

"ဟင်.."

"သွေးကင်ဆာ မျိုးရိုးတဲ့ .."

"ဘာ..."

နှစ်ယောက်သားရဲ့အသံတွေဟာ ငြိမ်ကျသွားပေမဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့်နေတဲ့ အကြည့်တွေမှာ ဘာကိုပြောချင်နေသလဲ အဓိပ္ပာယ်က ပါနေပြီးသား။

မမနူတ်ဖျားက သွေးကင်ဆာ ဆိုတဲ့ စကားကိုကြားတာနဲ့တင် ရင်ထဲဗလောင်ဆူသွားရလို့ ခဏတာ ကမ္ဘာကြီးရပ်တန့်သွားသလို။

Highway To HeavenWhere stories live. Discover now