"သားရေ..ထယ်ရယ်ရေ"အဒေါ်ကြီးက ပန်းပင်ရေလောင်းနေတဲ့ ထယ်ရယ်ကိုအော်ခေါ်နေတာမို့ ရေပန်းကိုခဏချထားလိုက်ပြီး အပြေးသွားလိုက်တယ်။
"ဗျာ..ခိုင်းစရာရှိလို့လား"
"မရှိပါဘူးတော်..ရစ်ခီလေးဖျားနေလို့"
"ဟင်..ဘာလို့လဲ မနေ့ကမှ အကောင်းကြီးကို"
"အဒေါ်ကြီးလဲ မသိတော့ပါဘူးကွယ်..သားသိတဲ့အတိုင်း ရစ်ခီ ဖျားပြီဆိုရင် အစားအသောက်က ကြေးများတော့မှာ ခက်တယ် ခက်တယ်"
အဒေါ်ကြီးက သက်ပြင်းချပြီး ခေါင်းတစ်ခါခါနဲ့ ။
ထယ်ရယ်လဲ သူကိုယ်တိုင်တောင် သတိမထားမိပဲ ဟင်း..ကနဲ သက်ပြင်းချလိုက်ရင်း ရစ်ခီရှိတဲ့ အခန်းကို မော့ကြည့်လိုက်မိတယ်။သူနဲ့စကားများပြီးမနေ့ကတည်းက အခန်းအပြင်ထွက်မလာတဲ့ ရစ်ခီက ဘယ်လိုဖြစ်ပြီးဖျားသွားရလဲ မစဉ်းစားတတ်ဘူး။
သူနဲ့တောင် စာကို တစ်ရက်ပဲသင်လိုက်ရတယ်လေ!
ဖျားခဲတဲ့ ရစ်ခီက ဖျားပြီဆိုရင် အဖျားပြင်းတာမို့လို့ စိတ်ပူမိတာတော့အမှန်။
အိမ်မှာလဲ ရစ်ခီ့မားမားမရှိတာကြောင့် ထယ်ရယ် ဘယ်လိုမှမတက်နိုင်ဘူး။
ငယ်ငယ်တုန်းက ရစ်ခီဖျားပြီဆိုရင် တအီအီနဲ့! ဆန်ပြုတ်တောင် အရသာမရှိလို့ဆိုပြီး မစားနိုင်ဘူး။
ဖျားတဲ့အချိန်ဆို ခံတွင်းပျက်တတ်တဲ့ရစ်ခီက သိသိသာသာ ပိန်သွားတတ်တော့ ပိုပြီးတော့တောင် ထယ်ရယ်က စိတ်ပူလာရတယ်။
ထယ်ရယ် ပြုတ်ပေးတဲ့ ဆန်ပြုတ်မှ ခံတွင်းတွေ့တယ်ဆိုတဲ့ ရစ်ခီကို သူဘယ်လိုလုပ်ပေးရပါ့။
မနေ့ကတင် ထယ်ရယ် မီးဖိုချောင်ဝင်တဲ့ကိစ္စနဲ့ အစပြုပြီး ရစ်ခီက စိတ်ဆိုးသွားသေးတယ်မဟုတ်လား။
အခုလဲ အခန်းထဲမှာ ရစ်ခီလေးက အဖျားတက်နေမည်လား။
ခံတွင်းပျက်နေပေမဲ့ ဗိုက်ဆာနေမယ်ဆိုတာ ထယ်ရယ် ကောင်းကောင်းသိတယ်။
အဟာရပျက်ပြီးလဲကျသွားမှာ စိုးတာကြောင့် အဒေါ်ကြီးကိုပဲ အကူအညီတောင်းရတော့မယ်။