•𝟣𝟧•

993 183 28
                                    


ပေးတိုင်းပြန်မရတာ မေတ္တာနှင့်အချစ်တဲ့။

ဒါအမှန်မဟုတ်ဘူး။ အထူးသဖြင့်ရစ်ခီ့အတွက် ပိုလို့တောင် မဟုတ်ဘူး။

ရစ်ခီက လူ့လောကကိုရောက်လာကတည်းက ကင်မ်ထယ်ရယ်လို့ အမည်နာမရှိတဲ့ ကိုကိုဆီ့က မေတ္တာရော၊အချစ်ရောကိုရခဲ့တာ။

ကိုကိုကလဲ အချစ်တွေပေးတယ်။
ရစ်ခီကလဲ အချစ်တွေပြန်ပေးတယ်။

နာရီလက်တံတွေ ရွေ့သွားတာနဲ့အမျှ အချစ်ရဲ့အဓိပ္ပာယ်တွေဟာ ပုံမှန်ပြောင်းလဲနေရင်းက ဒါဟာ နာကျင်မှုတဲ့လား။

ဆိုးလို့ရမှန်းသိလို့ ဆိုးတဲ့ သူ့ကို ကိုကိုက ဘယ်သောအခါမှ အပြစ်မမြင်တတ်ဘူး။

အရမ်းကြီးဆိုးလာတဲ့အခါမှာတော့ ကိုကိုက အသံဖျော့ဖျော့လေးနဲ့ 'နောက်တစ်ခါ အဲ့လိုမလုပ်ရဘူးနော်' ဆိုပြီး ပြောတတ်သေးတာ။

အမြဲတမ်းအတွက် ရစ်ခီ့အလိုကို လိုက်ပေးတဲ့ ကိုကိုက ရစ်ခီ့စကားကိုဆိုရင် မလွန်ဆိုင်နိုင်ပြန်ပါဘူး။

ရစ်ခီအသေးစားလေးက 'ရွေ့ရွေ့စိတ်ကောက်လိုက်မှာနော်' လို့ ခြေဆောင့်ကာမျက်မှောင်ကြုတ်ပြီးပြောလိုက်တာနဲ့ ကိုကိုက ရစ်ခီ့အကြိုက်လိုက်ဆောင်ပေးရတော့တာပဲ။

ကိုကိုက ဒါမလုပ်ရဘူးနော်ဆိုရင် ရစ်ခီက လုပ်မှာဘဲ ဘာဖြစ်လဲ တဲ့။

ရစ်ခီ့ဘဝမှာ ကိုကိုနဲ့ပတ်သတ်ပြီးမမေ့နိုင်တဲ့ တစ်​နေ့ထပ်ရှိသေးတယ်။

အဲ့နေ့က ရစ်ခီ အဖျားကြီးနေတာ။

အကြောင်းကတော့ မိုးရေထဲ မဆော့နဲ့ဆိုရင် ရအောင်ဆော့တဲ့ ငဂျစ်တူးက အဖျားလဲတက်၊ လည်ပင်းလဲနာပါလေရော။

ဖျားနေရတော့ ရွေ့ရွေ့က ကိုကိုနဲ့ဆော့လို့မရတော့ဘူး။

တစ်ချိန်လုံး ကုတင်ပေါ်မှာ အိပ်နေရတာ ရွေ့ရွေ့ စိတ်ကုန်တယ် တစ်အား!

ကိုကိုက သူနေမကောင်းဖြစ်နေချိန်ကို အခွင့်ကောင်းယူပြီး ဘေးအိမ်က ကောင်စုတ်တွေနဲ့ သွားကစားရင် ဘယ်လိုလုပ်မလဲ။

မဖြစ်ဘူး..မဖြစ်ဘူး။

အဲ့ဘေးအိမ်က ကောင်တွေမှာ ကစားဖော်တွေအများကြီးရှိပေမဲ့ ရွေ့ရွေ့မှာ ကိုကို တစ်ယောက်တည်းပဲရှိတာ။

Highway To HeavenWhere stories live. Discover now