"သား..ရစ်ခီ၊ ဒီအတောအတွင်း စာလုပ်ဦးနော်၊ စာမေးပွဲနီးနေပြီမလား...""......"
"အမှတ်မကောင်းရင်တောင် အောင် အောင်တော့ ကြိုးစား"
"...."
"ဟဲ့သား..မားမားပြောတာကြားလား!"
ထမင်းစားပွဲပေါ်မှာ မေးထောက်ပြီး တစ်ခြားတစ်နေရာကို ငေးနေတဲ့ ရစ်ခီ့ကို မားမားက မျက်မှောင်ကြုတ်ကာ
"ဟဲ့သား..."
"အမလေး..မွ.."
ယောင်ယမ်းကာ ထွက်သွားတဲ့ ပါးစပ်က စကားကြောင့် ရစ်ခီလဲ အကြောင်သား၊ သူ့မားမားကလဲ အကြောင်သား။
မနေ့ညတည်းက နားထဲ မွ ဆိုတဲ့ စကားလုံးက ခြင်ဆိုတဲ့ တရိစ္ဆာန်လိုပဲ တစ်ဝဲလည်ပြီး ညအိပ်လို့တောင် မပျော်ဘူး။
"ဘာတွေ မွနေတာတုန်း၊ မားမားပြောတာ ကြားလားလို့!"
"အတွေးလွန်နေပါဆိုမှ ကြားမလား မားမားရာ"
"ဟဲ့အော် လုပ်ထည့်လိုက်ရ"
ထမင်းစားနေရင်း ဆူညံနေကြတဲ့ သားအမိနှစ်ယောက်ရဲ့ ရန်ကလဲ မသေးဘူး။ စာမေးပွဲနီးပြီမို့ စာလုပ်ဖို့ပြောနေတဲ့ မားမားရယ်၊ စာလုပ်ချင်စိတ်ရှိရင် ထ လုပ်မယ်လို့ပြောနေတဲ့ သားဖြစ်သူရယ်က ဟုတ်တော့ဟုတ်နေပြီ။
"မားမား..ဆရာ ငှါးပေးမယ်"
"မလိုပါဘူးဆိုမှ မားမားရာ"
သားအမိနှစ်ယောက် ညစာ စားပွဲမှာ ရန်တစ်ကျက်ကျက်ဖြစ်နေတုန်း မီးဖိုချောင်ထဲကို ထယ်ရယ်က ရောက်လာတယ်။
ထယ်ရယ်ဝင်လာတာကိုတွေ့တော့ ရစ်ခီက ကိုင်ထားတဲ့ တူကို ချပြီး ထယ်ရယ်ရဲ့လက်ကိုဆွဲခေါ်ကာ အပေါ်ထပ်ကို ခေါ်သွားတော့တယ်။
ထယ်ရယ်ကလဲ ယက်ကန်ကန်ဖြင့် မားမားကိုတစ်လှည့် သူ့အသားကိုထိရင် ရွံလှပါချည်ရဲ့ဆိုတဲ့ ရစ်ခီကို တစ်လှည့်နဲ့။
တစ်ဟဲ့ဟဲ့နဲ့ ခေါ်နေတဲ့ မားမားဘက်ကို တစ်ချက်လှည့်ပြီး အကောင်းစား သားလိမ္မာလေးရစ်ခီ က
"ထမင်းမစားတော့ဘူး စာသွားသင်မလို့" တဲ့။
ခဏကပဲ စာမလုပ်ချင်ဘူးဆိုတဲ့ ကောင်က အခုတော့ စာလုပ်ချင်သွားပြီပေါ့! ဘုရားရေ...