•3•

1K 171 20
                                    


နိုးလာတော့ သူများတွေလို နေရောင်က မျက်နှာပေါ်ကို
လာ မခစားနေဘူး။ မနက်တည်းက ကောင်းကင်အပြာရောင်က မီးခိုးရောင်ပြောင်းပြီး ခပ်မှိုင်းမှိုင်းဆိုတော့ ကုတင်ပေါ်မှာပဲ သောင်တင်ချင်နေသေးတာ။

မျက်စိမဖွင့်ပဲ တစ်အင်းအင်းတစ်အဲအဲနဲ့ အိပ်ရာပေါ်မှာ အပျင်းကြောဆွဲနေတဲ့ ထယ်ရယ်က ရုတ်တရက် သူ့ခေါင်းထဲကို စဉ်းစားစရာတစ်ခုဝင်လာတာကြောင့် ငေါက်ကနဲထထိုင်လိုက်မိတယ်။

"ငါညက ကလပ်မှာအိပ်ပျော်သွားတာမဟုတ်ဘူးလား"

ရစ်ခီခေါ်လို့ ကလပ်ကိုလိုက်သွားမိတာတော့ မှတ်မိတယ်။
သူမှ အရက်မသောက်ခဲ့တာ!

ပြီးတော့ အိမ်ကို ဘယ်အချိန်မှ ပြန်ရောက်တာလဲ မပြောတတ်။ အရုဏ်တက်မှ အိမ်ကိုပြန်ရောက်ဖို့က ဖြစ်နိုင်တယ်။

ထယ်ရယ်က သူ့ရဲ့မှတ်ဉာဏ်ကိုပြန်စဉ်းစားရသလောက် သူ့ကို ဘယ်သူမှ လာမနှိုးသလို၊ ရစ်ခီကလဲ သူ့ကို နှိုးမယ်လို့မထင်ဘူး။

အိပ်နေတဲ့သူကို တွဲပြီး အိမ်ပြန်ခေါ်လာတယ်ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး။

ဘာလို့လဲဆိုတော့ ရစ်ခီက ထယ်ရယ်ရဲ့အသားကို ထိမိမှာသေမတတ်ရွံရှာသလို မတော်တဆအသားချင်းထိမိရင်တောင် ဆပ်ပြာနဲ့ ချက်ချင်းဆေးပစ်တတ်တာကို
ထယ်ရယ်အသိဆုံး။

မနက်၄နာရီ ထနေကျ ဟင်းချက်တဲ့အဒေါ်ကြီးကိုသွားမေးရမယ်!!

"အဒေါ်ကြီးရေ.."

"ရှင်..တော့.."

နေ့လည်စာအတွက်ချက်ပြုတ်နေပြီဖြစ်နေတဲ့ အဒေါ်ကြီးက ထယ်ရယ်ကို လှည့်မကြည့်ပဲ ထူးလိုက်တယ်။

"မနေ့ညကလေ .."

"အမလေး ကိုယ်တော်ချော..ဘယ်လိုဖြစ်ပြီး ကလပ်မှာ သွားအိပ်ပျော်နေရတာတုန်း! သူငယ်ချင်းပြန်ပို့ပေးလို့ပေါ့"

ထယ်ရယ်က မေးဖို့အစပြုလိုက်ပေမဲ့ အဒေါ်ကြီးက ထယ်ရယ်သိချင်တာတွေကို တစ်ခါတည်းဖြေပေးလိုက်တယ်။

Highway To HeavenWhere stories live. Discover now