"အိုက်ဂူး..ငါတို့ ထယ်ရယ် ပိန်သွားလိုက်တာများ! များများစားစမ်းပါဟ..မင်းကို ဟိုအိမ်က ဘာမှမကျွေးဘူးလား""ကျွေးပါတယ်ဟ"
ထယ်ရယ်က ဟန်ဘင်းဆက်တိုက်ခွံ့ကျွေးနေတာကို ဝါးနေရလို့ စကားတွေကလုံးထွေးနေပြီ။
အဲ့ဟန်ဘင်းတစ်ယောက်ကတော့လေ ထယ်ရယ်ကို သူ့သားလို သဘောထားနေတာလား။
"မင့် ကြည့်တော့ ပိန်ကျသွားတယ်၊အားရှိတာ များများစားစမ်း"
"အေးပါဟ! ငါ့ပန်းကန်ထဲလဲ ထည့်ပေးမနေနဲ့ မင်းလဲစားဦး"
"အင်း..ငါက မင်းစားတာကြည့်ရင် ဗိုက်ဝတယ်"
ဘယ်လိုစကားကြီးလဲ!
ထယ်ရယ်မှာ ကြက်သားကိုခက်ရင်းနဲ့ ထိုးနေတာကို ရပ်ပြီး သူ့ကို မေးထောက်ငေးနေတဲ့ ဟန်ဘင်းကို ပြန်စိုက်ကြည့်ပေးလိုက်တယ်။
"ငါ့ကို ဆက်ကြည့်နေရင် ဒါတွေ အကုန်စားလိုက်မှာနော်"
"စားပေါ့! မဝသေးရင် ငါထပ်မှာပေးမယ်လေ"
ဟန်ဘင်းက ပေါ့ပေါ့ရွှတ်ရွှတ်တောင် ပြန်စနောက်လိုက်ပေမဲ့ ထယ်ရယ်ကတော့ တစ်နေ့က ရစ်ခီမားမားရဲ့ စကားကို ရုတ်တရက် အမှတ်ရလိုက်တယ်။
ဟန်ဘင်းက ထယ်ရယ်ကို သူငယ်ချင်းထက်ပိုနေသလိုပဲတဲ့။
ဗိုက်ဖြည့်ပြီးတော့ ထယ်ရယ့်လက်ကို ဟန်ဘင်းက မလွှတ်တမ်း ကိုင်ထားပြီး လျှောက်လည်ဖို့ခေါ်သွားတော့တာ။
"ငါ့လက်ကို လွှတ်ဦး"
"မလွှတ်ပေးပါဘူး"
ဟန်ဘင်းက ဘူးတစ်လုံးဆောင်ပြီး ထယ်ရယ်လက်ကို ပိုတင်းကျပ်စွာ ကိုင်လိုက်သေးတယ်။
ထယ်ရယ်အတွက်တော့ တစ်ဖြေးဖြေးအနေခက်လာတာ အမှန်။
အင်္ကျီဆိုင် ထဲ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ကာ ဆင်တူအင်္ကျီလိုက်ရှာနေတဲ့ ဟန်ဘင်းနဲ့ ထယ်ရယ်က မသိရင် ချစ်သူရည်းစားတွေကျလို့။
"ဟေ့ရောင်ရေ..တော်ပြီ စျေးကြီးတယ်ဟ"
"ဘာဖြစ်လဲ ငါတို့ဆင်တူဝတ်မှာပဲကို"