•𝖧𝗂𝗀𝗁𝗐𝖺𝗒 𝖳𝗈 𝖧𝖾𝖺𝗏𝖾𝗇•

1.2K 126 30
                                    


လက်ညှိုးနဲ့လက်ခလယ်ကြားမှာ ညှပ်ထားတဲ့ ဆေးလိပ်က ရှိုက်ယူထားပြီးသားမို့လို့ ငုတ်စိဖြစ်နေတဲ့အခါ နောက်ဆုံး တစ်ရှိုက်ကို သောက်လိုက်ပြီးမှ မှုတ်ထုတ်လိုက်တယ်။

အထာကျကျမသောက်တတ်ပေမဲ့ သောက်နေကျဖြစ်လို့ အများအမြင်မှာတော့ အထာကျကျဖြစ်ချင်ဖြစ်လိမ့်မယ်။

သို့ပေမဲ့ မသောက်တာကြာပြီဖြစ်တဲ့ ဆေးလိပ်ကို ရောဂါဖြစ်နေတဲ့ အချိန်မှာမှ သောက်နေရတာတော့ ကောင်းသောကိစ္စမဟုတ်။

ဒါကိုရစ်ခီသာ သိသွားကြည့်ပါလား၊ ကျိန်းသေပေါက် အံ့ဩခြင်းတွေနဲ့ ကြောင်တောင်တောင်ဖြစ်သွားတဲ့ ရုပ်လေးဖြစ်သွားမှာ။

ပြီးရင် 'ကိုကိုက ဘယ်တုန်းက ဆေးလိပ်သောက်တတ်သွားတာလဲ' ဆိုတဲ့ အသံဖျော့ဖျော့လေးနဲ့ မေးမယ်။

ဒဏ်ရာကိုကုစားတဲ့တစ်ခုတည်းသော နည်းလမ်းက ဆေးလိပ်သောက်ခြင်းတဲ့။ မှုတ်ထုတ်လိုက်တဲ့ အခိုးအငွေ့တွေနဲ့ အတူ ရင်ထဲ မှာတင်းခံထားသမျှတွေဟာ အတူလွှင့်ပါသွားသလို ခံစားရတဲ့ အရသာကို သိထားပြီးသားမို့လို့ ဆေးလိပ်ကိုပိုသောက်ဖြစ်တယ်။

ထယ်ရယ်ရဲ့ နူတ်ခမ်းသားတွေက နီနီရဲရဲဖြစ်နေခြင်းဟာလဲ ဆေးလိပ်ကို ဆွဲသောက်တာမျိုးမဟုတ်ပဲ တစ်ခါတစ်ရံမှ သောက်လ်ို့ဖြစ်တယ်။

ရစ်ခီရှိနေတဲ့ အချိန်မှာသောက်တာမျိုးမဟုတ်ပဲ သူအိမ်ပြင်ကိုထွက်သွားတော့မှ အိတ်ကပ်ထဲမှာ ထည့်ထားတဲ့ ဆေးလိပ်ကိုထုတ်သောက်တတ်တာ။

အဲ့ကောင်လေးက  သူ့ကို စကားအကန်တွေချည်းသာပြောတာ အမြဲလိုလို အရိပ်တစ်ကြည့်ကြည့်နဲ့ လိုက်ခိုးကြည့်တတ်တာကို ထယ်ရယ် မသိရအောင်လဲ ငတုံးမှမဟုတ်ပဲ။

ထယ်ရယ်ရဲ့မမက ရစ်ခီ့ ဖေဖေနဲ့ဖောက်ပြန်လား၊မဖောက်ပြန်ဘူးလားဆိုတာကို ထယ်ရယ် စိတ်မဝင်စားချင်တော့ဘူး။ အိမ်ကကောင်ဆိုးလေးနဲ့ ပြိုင်မငြင်းချင်တာကြောင့်လဲ ပါတယ်။

ဆေးလိပ်တိုကို အမှိုက်ပုံးထဲ ပစ်ထည့်ပြီး မြည်လာတဲ့ ဖုန်းကြောင့် နာမည်ကိုကြည့်လိုက်တော့ ရစ်ခီရဲ့မားမားဖြစ်နေတာကြောင့် တစ်ချက်စိုက်ကြည့်ပြီးမှ ကိုင်လိုက်တယ် ။

Highway To HeavenWhere stories live. Discover now