"လက်ထဲကဟာ ဘာလဲ..ပြစမ်း!"ရစ်ခီက ထယ်ရယ်လက်ထဲက ဟန်ဘင်းပေးသွားတဲ့ဖိုင်က်ို တော်တော်လေး စိတ်ဝင်စားနေတဲ့ပုံပဲ။
မဟုတ်တာကို လဲ မလုပ်ထားတဲ့ ထယ်ရယ်က ရစ်ခီ ကို ဖိုင်လှမ်းပေးလိုက်တယ်။
ထယ်ရယ့်ကို မျက်စိတစ်ချက်သာလှန်ကြည့်လိုက်ရင်း ဖိုင်ကိုဇက်ကနဲ ယူလိုက်တဲ့ ရစ်ခီက ဟန်ဘင်းကို ပြဿနာသိပ်မရှာလိုက်လို့တော်သေးတယ်။
နဂိုတည်းက အေးဆေးနေတဲ့ ဟန်ဘင်းကြောင့်လဲ ပါတာပေါ့။ အခုမှတွေ့တဲ့သူနဲ့ ပြဿနာဖြစ်မှာကို မလိုလားတာကြောင့်ရော၊ ဟန်ဘင်းက ရစ်ခီ့ကို လူဆိုးလေးလို့ ထင်သွားမှာကြောင့်ရော ထယ်ရယ်က စိတ်ပူနေသေးတာ။
ဟန်ဘင်းက လဲ ထယ်ရယ်ရဲ့ မျက်နှာအရိပ်အကဲကို အကဲခတ်မိတော့ စိတ်ကို တစ်ဆင့်လျှော့ပြီး ထယ်ရယ်တစ်ယောက်တည်းကိုပဲ ကွက် နူတ်ဆက်ပြီး ပြန်သွားပေလို့ပေါ့!
ဟန်ဘင်းပေးတဲ့ မိတ္တူဖိုင်ကို လှန်ကြောရင်း ဘာတွေ ရှာလို့ရှာနေမှန်းမသိတဲ့ ရစ်ခီ့ကို ကြည့်ရတာ စိတ်မချမ်းသာတော့ဘူး။
ပြီးတော့ ထယ်ရယ်သင်ရတဲ့ ဒီသင်ခန်းစားတွေက ရစ်ခီနဲ့မှ မသက်ဆိုင်ပဲ။
"ငါအတန်းမတက်ဖြစ်လိုက်တော့ ဟန်ဘင်းက စေတနာနဲ့ မိတ္တူတွေယူလာပေးတာပါ၊သူက အတန်းရဲ့ အီးစီလေ"
"ပါးစပ်ပိတ်ထား! သူ့အကြောင်းမေးမိလိုက်လို့လား"
ရစ်ခီက အလုပ်ရှုပ်နေတဲ့ စုံထောက်တစ်ယောက်လို ၊အလီဘိုင် လွတ်သွားမှာစိုးလို့ စာရွက်တွေကနေ အကြည့်မခွါနိုင် ဖြစ်ရင်း ဘာတွေရှာလို့ရှာနေမှန်း မသိ။
ထယ်ရယ်နဲ့ ပတ်သတ်လာရင် အကုန် မယုံသင်္ကာဖြစ်နေတဲ့ ဒီသခင်လေးကို ထယ်ရယ် ဘာမှ ထပ်မပြောရဲ။
"ဘာမှလဲမတွေ့ဘူး"
တိုးတိုးလေးရေရွတ်လိုက်တဲ့ အသံက လူမရှိတဲ့လမ်းမှာ ကောင်းကောင်းကြားရပါရဲ့။
သူလုပ်ချင်တာလုပ်ပြီးလဲ စိတ်အလိုမကျတဲ့ ရစ်ခီဟာ ထယ်ရယ်ကို ဖိုင်ပြန်ပစ်ပေးရင်း အိမ်ထဲပြန်ဝင်သွားတော့တယ်။