ဖွဖွလေးဆိုရုံမျှသာ အနမ်းပေးတဲ့သူက မျက်ရည်ကျသတဲ့။ရင်ခုန်လွန်းပြီးကျတဲ့မျက်ရည်စတွေလား၊
လူချင်းခွါမိတော့ ရှိုက်သံမထွက်ပဲကျတဲ့မျက်ရည်တွေကို
ထယ်ရယ်က သုတ်ပေးလိုက်တယ်။အာရိုး...ကလေးလေးပဲ..ကလေးလေး။
ထယ်ရယ်က သူကိုယ်တိုင်လဲ အနမ်းခံရသူဆိုပေမဲ့ ရစ်ခီ့ဆီက မျက်ရည်ကို နဲနဲလေးမှ မတွေ့ချင်တဲ့အခါမှာ ဝမ်းနည်းရတယ်။
သူ့ကလေးလေး..ဆိုတဲ့ရစ်ခီက အရမ်းဆိုးပါတယ်။
စိတ်ကောက်တတ်သေးသလို တကယ့်ကို အရစ်ထုတ်လေး။လူကြီးဆန်တတ်ချင်တဲ့ ရစ်ခီက တကယ်တော့ ကလေးလေးပဲရှိသေးတာကို သူသိတာပေါ့..သိပ်ကိုသိတာပေါ့။
ထယ်ရယ်ရှေ့မှာဆိုရင် ပဲပိစိန်လေးလုပ်တတ်တဲ့ ကလေးလေးက အခုဆို..အကြင်နာလဲပေးတတ်နေပြီ။
ဒါက ရစ်ခီရဲ့ ပထမဆုံးအကြိမ်ဆိုတာ စိတ်ထဲကနေ သိပါရဲ့။
တစ်ချိန်က အဲ့အဆိုးလေး နူတ်ဖျားက ကိုကိုလို့ခေါ်ခံခဲ့ရဖူးတဲ့ ထယ်ရယ်တစ်ယောက်တည်းကသာ ရစ်ခီရဲ့ပါးပေါ်က အကြင်နာ၊ နူတ်ခမ်းပေါ်က အကြင်နာ မှန်သမျှနဲ့ သက်ဆိုင်နေတာ။
မမနဲ့ ရစ်ခီ့ပါးပါးဆုံးသွားပြီးကတည်းက ဒီကလေးက ထယ်ရယ့်အပေါ်ပြောင်းလဲသွားတယ်ဆိုပေမဲ့ ..မဟုတ်သေးဘူး..ပြောင်းလဲဖို့ တမင်ကြိုးစားနေတာ။ ဒါပေမဲ့ ကြိုးစားတိုင်းလဲ အရာမထင်တတ်တာ သဘာဝမလား။
ငယ်ငယ်က ကျောင်းမှာ တစ်ခုခုဖြစ်လာပြီဆိုတာနဲ့ 'ကိုကို' ဆိုတဲ့ စကားလုံးကိုအစချည်ပြီး ထယ်ရယ်ကိုပြန်ပြောပြတတ်တဲ့ကလေးက သိပ်ကို သံယောဇဉ်ကြီးတာ။
မျက်စိရှေ့တင် အရွယ်ရောက်လာတဲ့ ရွေ့ရွေ့လေး က လူကြီးလေးဖြစ်လာလို့ ထယ်ရယ့်ကို စကားလုံးကြမ်းကြမ်းတွေနဲ့တောင်ပြန်ထိုးနှပ်တတ်ပြီလေ။
ဒါပေမဲ့ ထယ်ရယ်က ရစ်ခီ့ကိုဆို ဘာလုပ်လုပ် ခွင့်လွှတ်ပြီးသားမလား။
"ကျွန်တော်.."
"အင်း..ငါနားလည်ပါတယ် ရစ်ခီ"