မောင်နှမဆိုတာ ဘယ်လောက်ပဲ ရန်ဖြစ်နေပါစေ၊သွေးက စကားပြောတယ်တဲ့။အဒေါ်ကြီးရဲ့ ဆုံးမစကားတစ်ခွန်းကို အမြဲအမှတ်ရမိပါသေးတယ်။
ပြေးကြည့်မှ ဒီမောင်နှမ နှစ်ယောက်ပဲရှိတာ၊ တစ်ယောက်ကို တစ်ယောက် မအားကိုးလို့ ဘယ်သူ့ကို အားကိုးရမှာလဲတဲ့။
ဒါကြောင့်လဲ အရမ်းကိုချစ်ကြတဲ့ မောင်နှမလို့ ရှန်အိမ်တော်ရဲ့အလုပ်သမားတွေကြားမှာ နာမည်ကြီးတာပေါ့။
သွေးသားက စကားပြောတာမဟုတ်တော့ပဲ မျိုးရိုးလိုက်ခြင်းဟာ တစ်ချို့တစ်လေမှာ မကောင်းတာမျိုးဖြစ်တတ်တယ် ထင်ပါရဲ့။
ငြိမ်သက်စွာ စွန့်ခွါခြင်းနဲ့ ရုတ်ရုတ်သဲသဲစွန့်ခွါခြင်းမှာ ထယ်ရယ်ကတော့ ငြိမ်သက်စွာ စွန့်ခွါခြင်းကို ပိုနှစ်သက်တယ်။
မမကလဲ ထယ်ရယ်လိုပဲ ငြိမ်သက်စွာ စွန့်ခွါခြင်းကို နှစ်သက်လောက်မယ်လို့ ထင်ခဲ့ပေမဲ့ ကံတရားက မမကို ရုတ်ရုတ်သဲသဲ စွန့်ခွါခြင်းလမ်းကို ရွေးချယ်စေခဲ့တယ်။
လိုတာထက်ပွါးများလာတဲ့ သွေးဖြူဥကို အပြစ်တင်လို့လဲမရ။
ရိုးတွင်းခြင်းဆီထဲကို ဝင်လာတဲ့အခါမှာ လက္ခဏာပြကတည်းက သတိထားမိခဲ့ရတော့မှာ။
မမ ဖြစ်ခဲ့သလိုမျိုး လက္ခာတွေဟာ ထယ်ရယ်ဆီမှာ ဖြစ်လာတဲ့အခါ မေးစရာလိုတောင်မလိုတော့ဘူး။
နှာခေါင်းသွေးတွေ ခဏခဏလျှံကျတာ။
အရိုးအဆစ်ကိုက်ပြီး ခန္တာကိုယ်အလေးအချိန်ကျလာတာတွေဟာ မမမှာ ဖြစ်ခဲ့သလိုမျိုးတွေပဲလေ။
ထယ်ရယ် အခုချိန်မှာ ကြောက်လန့်နေတာမျိုးမရှိပါ။
တစ်ချိန်ချိန်မှာ ဖြစ်လာမှာဆိုတာ ကြိုသိထားလို့ စိတ်ကိုလဲ မပြင်ဆင်ထားပါပဲ စိတ်က ပူလောင်မနေပြန်ဘူး။
လက်လွှတ်ဖို့အသင့်ပဲလားလို့ မေးခဲ့ရင်တော့ ဟင့်အင်းလို့ဖြေမိမှာ။
အဆင်သင့်လဲ မဖြစ်သေးဘူး။ ရစ်ခီက စိတ်ကောက်ပြေဖို့ ရှေ့တစ်လှမ်းတိုးလာရုံပဲရှိသေးတာကို..သူက ဘယ်လို စိတ်ချပြီးထားခဲ့ရမှာလဲ။
![](https://img.wattpad.com/cover/240145462-288-k455798.jpg)