"ကိုကို ဘောလုံးကန်ရအောင်လို့ပါဆိုနေ""မကန်ချင်ဘူးလို့ဆို"
"ဟာ...ကိုကိုနော်! "
ခြေဆောင့်ပြီး ပြောလိုက်တဲ့ ရွေ့ရွေ့က ငဂျစ်လေးလုပ်ပြန်ပြီ။
သင်္ချာစာအုပ်ထုတ်ပြီး စာတွက်ဖို့ပြင်နေတဲ့ အလယ်တန်းအရွယ် ထယ်ရယ်ကို မူလတန်းအရွယ် ရစ်ခီက သူနဲ့ အတူ ဘောလုံးကန်ဖို့ ဂျစ်တိုက်နေတာဖြစ်တယ်။
"စာမေးပွဲရှိတယ်လေ ရွေ့ရွေ့ရယ်၊ကိုကိုစာမလုပ်ရင် စာမေးပွဲကျသွားမှာပေါ့"
ထယ်ရယ်က ရစ်ခီရဲ့ ခေါင်းလေးကိုပွတ်ပြီး နားဝင်အောင်ပြောကြည့်လိုက်တယ်။
ဒါကို ဂျစ်တူလေးက အလိုမကျတဲ့ မျက်နှာထားနဲ့
"ကိုကိုက စာဒီလောက်တော်တာ စာမေးပွဲမကျလောက်ပါဘူးဆိုနေ"
"ရွေ့ရွေ့ကလဲ! ကိုကိုက တစ်ပတ်လုံး ရွေ့ရွေ့နဲ့ အတူတူ ဘောလုံးကစားထားပေးရတာကို စာမရသေးဘူးလေ"
"မရဘူး..အခုထပ်ကစားချင်တာ"
"ဟော်! ဘာလို့အဲ့လောက်ပြောရခက်နေရတာလဲ! ရွေ့ရွေ့လဲ စာမေးပွဲရှိသေးတယ်မဟုတ်လား"
"ရှိလဲ ဘာဖြစ်လဲ၊ဖြေလဲ ရမှာမှ မဟုတ်တာ"
"အာရိုး..ကလေးလေး! ကိုကိုပြောတာ နားထောင်ပါလား.."
"မထောင်ဘူး"
"ဟူး..."
"ဘာလို့ သက်ပြင်းချနေတာလဲ ကိုကိုက အဖိုးကြီးလား"
အံမယ် သူကပဲ ပြောရတယ်ရှိသေး။ ဒီလိုသက်ပြင်းခဏခဏချရတဲ့ တရားခံက အဲ့အဆိုးလေးဆိုတာ သူမသိဘူးလား။
"ဒါဆို တစ်ပွဲပဲ ကစားပေးမှာနော် "
"ရေး...ဒါကြောင့် ကိုကို့ကို ချစ်ရတာ"
နောက်ဆုံးတော့လဲ ထယ်ရယ်ကပဲ အရှုံးပေးရတာပါပဲ။
ရစ်ခီလေး မျက်နှာ ညှိုးငယ်နေတာကို သူလိုမှမလိုလားတာ။ထယ်ရယ်က ငယ်ငယ်လေးကတည်းက သူ့ကို အဖော်မက်တဲ့ ဒီအဆိုးအဆာလေးကို အပြစ်လဲ မမြင်သလို၊ ညီလေး တစ်ယောက်လို ချစ်မြဲချစ်ဆဲ။