ဒီစီးရီးထဲမှာတော့ ကြောက်ရွံ့ထိတ်လန့်အောင် ခြောက်လှန့်တတ်ခြင်း ဆိုတာ မှော်ဆန်တဲ့ အနုပညာတစ်ရပ်လို့ ပြောရမှာပါ။ ဒီဇာတ်လမ်းထဲမှာဆိုရင်၊ လူတွေက အကြောက်တရားအပေါ် အရသာခံလိုတဲ့ဆန္ဒက တစ်စထက်တစ်စ တိုးပွားမြင့်တက်နေတယ်။ သရဲအိမ်တွေကို အလည်အပတ် ထွက်တယ်ဆိုတာဟာ အိမ်နောက်ဖေး လမ်းသလားသလောက်ပဲ အယားပြေ ကြောက်စရာကောင်းရုံ အဆင့်ပဲရှိတဲ့ အနေအထား😆 ဘယ်လိုလဲ ? ထူးဆန်းမနေဘူးလား ! အဲဒီလို ခပ်ဆန်းဆန်း ဇာတ်လမ်း ဇာတ်အိမ်မျိုးကို ကြွေတယ်ဆိုရင် "သရဲအိမ်" စာစဉ်တွေကို ဖတ်ကြည့်ဗျာ။ကြောက်ရွံ့မှုအပေါ် လူသားတွေရဲ့ အရသာခံလိုမှုက တဖြည်းဖြည်း မြင့်တက်လာတော့၊ ချောက်ချားစရာ သရဲစံအိမ်တွေလည်း အလျှိုလျှို ပေါ်ပေါက်လာနေတယ်။ စျေးကွက်မှာလည်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာခဲ့တယ်။ သရဲအိမ် တစ်အိမ်က ကြောက်ဖို့မကောင်းဘူးဆိုရင် သူတို့ အသိုင်းအဝိုင်းမှာ သိက္ခာကျစရာပါပဲ 😬 ဟဒယစံအိမ် ဆိုပြီးတောင် နာမည်တွင်သွားဦးမယ်။ ချောက်ချားစရာ နည်းလမ်းတွေ တိုးတက်ဖို့ ဆိုတာကလည်း ပစ္စည်းပစ္စယ အသစ်အဆန်းတွေ အမြဲ လိုအပ်နေတာ။မိဘအမွေဖြစ်တဲ့ ချန်ဂီရဲ့ သရဲစံအိမ်ကတောာ့ အခြေအနေမကောင်း။ နေ့စဉ် လက်မှတ်ရောင်းရငွေကလည်း သရဲအိမ်အတွက်သုံးနေရတဲ့ လျှပ်စစ်မီးနဲ့ ရေဖိုးကိုတင် အနိုင်နိုင်။ အိမ်ငှားခနဲ့ ပစ္စည်းခတွေ နှစ်လစာလောက် အကြွေးတင်နေသေးတာ။ တစ်ရက်မှာတော့၊ ချန်ဂီက သူဘယ်လောက်ဖွင့်ဖွင့် မရတဲ့ သူ့မိဘတွေ သိမ်းဆည်းထားတဲ့ ဆဲလ်ဖုန်း အနက်ရောင်လေးဆီကနေ ဖုန်းပွင့်လာခဲ့ပြီးနောက်မှာတော့! ဘယ်လို အဖြစ်အပျက်တွေ ပြောင်းလဲသွားမလဲဆိုတာ စာစဉ်ထဲမှာ ဖတ်ကြည့်ကြပါဦး။
YOU ARE READING
သရဲအိမ်
Mystery / Thrillerမူရင်းဝတ္ထုစီးရီး - My House of Horror မူရင်းရေးသားသူ - Mou Sheng Ren Zhuan Peng ဝတ္ထုစီးရီး - သရဲအိမ် ဘာသာပြန်ဆိုရေးသားသူ - Sacrificer Main Characters - ချန်ဂီ(Chen Ge)