အခန်း ၃၄

31 2 0
                                    

ကောင်းမှုဆန္ဒ

ချန်ဂီက မှောင်မည်းနေသော အခန်းထဲတွင် ထိုင်ရင်း သူ့ရှေ့မှ အရုပ်လေးရုပ်ကို ကြည့်ကာ တကိုယ်တည်း ပြောလိုက်ခြင်း ဖြစ်သည်။ မြင်ကွင်းက ထူးဆန်းသလို ဖြစ်နေသည်။ အရုပ်လေးရုပ်ကိုကြည့်ရင်း တယောက်တည်း ပြောနေသည့် သူ့ပုံစံကို မည်သူမျှ မမြင်ရသည်ကိုက ကျေးဇူးတင်ရမလိုပင်။

"ခင်ဗျားတို့အားလုံး ဘယ်လိုနဲ့ ဘာကြောင့် ကျုပ်သရဲအိမ်ထဲ ရောက်နေမှန်း မသိဘူး။ ခင်ဗျားတို့ကို ဘယ်လိုပြောရမှန်းလဲ မသိဘူး။ ဒါပေမဲ့ ကျုပ် ကတိပေးနိုင်တာ တခုတော့ ရှိတယ်။ ခင်ဗျားတို့ထဲက ဘယ်သူမှ အန္တရာယ်မဖြစ်စေရဘူး"

ချန်ဂီ၏အသံက အခန်းထဲ ပဲ့တင်ထပ်သွားသည်။ ရှေ့မှ အရုပ်လေးရုပ်ကိုကြည့်ရင်း သူ့စိတ်ထဲ၌ ဆန့်ကျင်ဘက်ခံစားမှုများ ဖြတ်သန်းသွားသည်။ တခြားတဖက်တွင် သူ့စိတ်ထဲမှ သံသယကို အတည်ပြုရန် အရုပ်ကလေးများ အသက်ဝင်လာဖို့ လိုလားနေသည်။ တခြားတဖက်တွင်လည်း အရုပ်ကလေးများက အန္တရာယ်ကောင်လေးများအဖြစ် ရုတ်တရက် ပြောင်းလဲသွားမည်ကို စိုးရွံ့နေသည်။

စက္ကန့်အနည်းငယ်ကြာသည်နှင့် သူ အတွေးလွန်နေခြင်းဟု ချန်ဂီက ခံစားလိုက်ရသည်။ ထို့ကြောင့် တခြားအကြောင်းအရာတခုကို ပြောင်းတွေးလိုက်သည်။

"သန်းခေါင်ယံလူသတ်ပွဲ ခြောက်ခြားနည်းက လွန်ခဲ့တဲ့ (၄) နှစ်က မီးလောင်မှုမှာ သေသွားတဲ့လူတွေကို အခြေခံပြီး ဆောက်လုပ်ထားတာ။ ဒီအရုပ်လေးရုပ်က မီးလောင်မှုမှာ အသက်ပေးသွားရတဲ့လူတွေ ဖြစ်နိုင်တယ်"

ထိုသို့တွေးမိလိုက်သည်နှင့် အခန်းအပူချိန် ကျဆင်းသွားသည်ကို ချန်ဂီခံစားလိုက်ရသည်။ သူ့နောက်မှာ တံခါးမှာ ရုတ်ချည်း ပိတ်သွားပြီး ဘေးပတ်ပတ်လည်မှ ပရိဘောဂများမှာ အနည်းငယ် တုန်ခါသွားလေသည်။

"ဒါပေမဲ့ အခုပြဿနာကို ဖြေရှင်းပြီးသွားပြီ မဟုတ်လား။ ခင်ဗျားတို့ကို ဖမ်းပြီး သတ်ခဲ့တဲ့လူကလည်း တရားဥပဒေအရ အပြစ်ခံရဖို့ စောင့်နေရပြီ"

ချန်ဂီမှာ ပတ်ဝန်းကျင်မှ ပြောင်းလဲမှုကို ကြည့်ပြီး စဉ်းစားလိုက်သည်။ သူက ဖုန်းကိုထုတ်ပြီး အင်တာနက်ပေါ်မှ မနက်ခင်းသတင်းများကို ပြလိုက်လေသည်။

သရဲအိမ်Where stories live. Discover now