အခန်း ၁၂

57 2 1
                                    

ကြမ္မာရဟတ်ဘီး

သူမ၏ လုပ်ငန်းအနေအထားကြောင့် ကောင်းရုရွှယ်သည် သက်ရှိလူသားတို့နှင့် အချိန်ဖြုန်းရသည်ထက် သေလူများနှင့် အဖော်ပြုနေရသည်က ပိုများလေသည်။ သူမသည် လူမှုဆက်ဆံရေး ပြေပြစ်သူတစ်ယောက် မဟုတ်ပေ။ သို့သော် လူသေတို့နှင့်ရှိနေရလျှင် ပို၍ စိတ်အေးလက်အေး ရှိတတ်သော သူမလိုလူမျိုးအတွက် ဆက်ဆံရေးမပြေပြစ်မှုတို့က များစွာ အနှောင့်အယှက် ဖြစ်စေသည့်အရာလည်း မဟုတ်ပေ။ "ကျွန်တော်တို့က အထူးမိတ်ကပ်လိမ်းခြယ်နည်းကို အသုံးပြုထားတယ်ဗျ။ ပြီးတော့ သရဲစံအိမ်ကြီးကို ခြောက်ခြားဖွယ်ဖြစ်အောင် ပြုလုပ်ထားရင်း အထူးပြုလုပ်ချက် မိတ်ကပ်တွေနဲ့ ပေါင်းလိုက်တဲ့အခါကျတော့ ခင်ဗျား စိတ်ထဲမှာ အတုအယောင်တစ်ခုလို့ မထင်မိတော့ဘူးပေါ့"မော်တီကန် မိတ်ကပ်အကြောင်းနှင့် မဟူရာသောကြာတေးသွားအကြောင်းကို သူ ဆန္ဒရှိလျှင်ပင် ရှင်းပြ၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမမေးလိုက်သော မေးခွန်းကို အကြောင်းအရာတစ်ခုဆီသို့ လမ်းကြောင်းပြောင်းကာ တစ်ဖက်လှည့်နှင့် ဖြေဆိုလိုက်ခြင်း ဖြစ်သည်။ "မေးစရာမေးခွန်း မရှိတော့ဘူးဆိုရင်တော့ ကျွန်တော် အလုပ်သွားလုပ်လိုက်ဦးမယ်။ အခုလို လာရောက်လည်ပတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"ထိုကျောင်းသားနှစ်ယောက်ကို နှုတ်ဆက်ပြီးနောက် ချန်ဂီသည် ရှောင်ဝမ်အား မန်ဟွန်းခြောက်ခြားခန်းတွင်းမှ ပြန့်ကျဲနေသော အလောင်းကောင်အရုပ်များကို ပြန်လည် ရှင်းလင်းပေးရန် စေခိုင်းလိုက်သည်။ ထို့နောက် သူသည်လည်း ပင်မ ထိန်းချုပ်ခန်းတွင်းသို့ တစ်ကိုယ်တည်း ဝင်သွားလိုက်သည်။ဟယ်စန်း ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်အမှန်ကို ချန်ဂီတစ်ယောက်သာ သိလေသည်။ ထိုမကောင်းဆိုးဝါးသည် သရဲစံအိမ်ကြီးတွင်း ပုန်းအောင်းနေလျက်ရှိပြီး မှန်အတွင်းမှ မထွက်နိုင်သေးပေ။ 'ဒီမကောင်းဆိုးဝါး ဆက်ရှိနေရင် နောင်တစ်ချိန် ပြဿနာတွေ ပိုတက်လာနိုင်တယ်'ယင်းမကောင်းဆိုးဝါးသည် အိပ်မက်ဆိုး မစ်ရှင်ကို ရင်ဆိုင်စဉ်က ပထမဆုံးကြုံတွေ့ခဲ့ရသည့် အရာ ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ကိစ္စရပ်များ ဤမျှအထိ ရှုပ်ထွေးသွားလိမ့်မည်ဟု မမျှော်လင့်မိခဲ့ချေ။ ထိန်းချုပ်ခန်းတွင်းမှနေ၍ မှတ်တမ်းတင်ထားသော ဗီဒီယိုများကို ပြန်လည် ကြည့်ရှုလိုက်သည့်အခါ သူ တစ်စုံတစ်ခုကို တွေ့မြင်လိုက်ရလေသည်။ဟယ်စန်းတစ်ယောက် အနောက်စံအိမ်ကြီးသို့ ပြေးဝင်သွားသည်မှာ ၉ နာရီ ၂၄ မိနစ်၊ ၁၁ စက္ကန့်တွင် ဖြစ်သည်။ သူသည် ခေါင်းပြတ်နေသော ကြက်တစ်ကောင်လို အလန့်တကြား ပြေးဝင်သွားခြင်း ဖြစ်၏။ ၂၄ မိနစ်နှင့် ၁၄ စက္ကန့်အရောက်တွင် ကြေးမှန်ကြီး၏ မျက်နှာပြင်ကို ကြည့်လိုက်သည့်အခါ အလွန် သိသာထင်ရှားသော ပုံရိပ်တစ်ခု မှန်မျက်နှာတွင် ပေါ်လာသည်ကို မြင်တွေ့လိုက်ရလေသည်။ ထိတ်လန့်တုန်လှုပ်နေသော ဟယ်စန်းတစ်ယောက် ယင်းမျက်နှာကို မြင်တွေ့လိုက်ရသည်နှင့် ထူးဆန်းအံ့သြဖွယ်ကောင်းလောက်အောင် တည်ငြိမ်သွားလေသည်။ ထို့နောက် မှန်ရှေ့တွင် လှုပ်ရှားမှုကင်းမဲ့စွာ မတ်တပ်ရပ်လိုက်သည်။ တီဗီမျက်နှာပြင်ပေါ်တွင် ရိုက်ကူးနေသော မိနစ်အချိန်များကိုသာ မမြင်ရလျှင် ဟယ်စန်းတစ်ယောက် အချိန်ကြာကြီး ရပ်တန့်နေသည်မဟုတ်ဘဲ ဗီဒီယိုရိုက်၍မရတော့ဘဲ ရုပ်သေကားချပ်ကြီးတစ်ခု ဖြစ်နေသည်ဟု ချန်ဂီတစ်ယောက် ထင်မြင်မိပေလိမ့်မည်။ ၂၄ မိနစ်နှင့် ၁၇ စက္ကန့်တွင် ဟယ်စန်းက သူ၏ ဘယ်ဘက်လက်ကို ရုတ်တရက် မတင်လိုက်သည်။ ထို့နောက် မှန်ရှိရာသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားသည်။ သူလမ်းလျှောက်နေပုံမှာ မှန်တွင်းမှ တစ်စုံတစ်ခုက သူ့အား ဖြည်းညင်းစွာ ဆွဲခေါ်နေသကဲ့သို့ ရှိလေသည်။ ၂၄ မိနစ်နှင့် ၂၀ စက္ကန့်တွင် မင်္ဂလာဆောင်ဝတ်စုံ ဝင်ဆင်ထားသည့် ရှောင်ဝမ်ပေါ်လာကာ တံခါးကို ဖွင့်ပြီး အခန်းတွင်းသို့ ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအချိန်တွင် ဟယ်စန်း၏ အပေါ်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံးမှာ မှန်ကို ထိလုနီးပါး ဖြစ်နေလေပြီ။ ထိုအခိုက် မှန်ပေါ်တွင် ပေါ်လာသော ပုံရိပ်တစ်ခုကို ကင်မရာတွင် မြင်တွေ့လိုက်ရလေသည်။ ထိုပုံရိပ်ပေါ်လာပြီးနောက် ဟယ်စန်းတစ်ယောက် သတိလစ်မေ့လဲကျသွားခြင်း ဖြစ်သည်။ မကောင်းဆိုးဝါးရဲ့ အကြံက ရှောင်ဝမ်ဝင်လာလို့ ပျက်သွားတာများလား။ချန်ဂီသည် ဗီဒီယိုကို ထပ်ဖန်တလဲလဲ ကြည့်ရှုနေမိသည်။ ထိုဆယ်စက္ကန့်အတွင်း ကိစ္စအတော်များများ ဖြစ်ပျက်သွားခဲ့သည်။ သူက စိတ်ကိုတည်ငြိမ်စွာ ထားသော်လည်း အဖြေတစ်စုံတစ်ရာကိုမူ ရှာမတွေ့သေးချေ။'ကြည့်ရတာတော့ သေချာရေရာတဲ့ အဖြေမရမချင်း သရဲစံအိမ်ကြီးထဲက မှန်တွေအကုန်လုံးကို တစ်ခုခုနဲ့ လိုက်အုပ်ထားမှနဲ့တူတယ်' ချန်ဂီသည် အလောင်းကောင်များထားရှိရာ အခန်းသို့ ပြန်သွားပြီးနောက် အဝတ်နက် အမြောက်အမြားကို ယူလာကာ မန်ဟွန်းခြောက်ခြားခန်းတွင်းသို့ ဝင်လာလိုက်သည်။ "ဆရာ ဘာဖြစ်လို့ ဒီရောက်လာတာလဲ။ ကျွန်မပဲ သန့်ရှင်းရေးလုပ်လိုက်ပါ့မယ်"ချန်ဂီတစ်ယောက် အခန်းတွင်းသို့ ဝင်လာသည်ကို ပြန့်ကျဲနေသော စက္ကူရုပ်အလောင်းကောင်များနှင့် စက္ကူငွေများ လိုက်လံသိမ်းဆည်းနေသော ရှောင်ဝမ်က မြင်တွေ့ကာ ပြောလိုက်ခြင်း ဖြစ်သည။ "နင့်ကို တစ်ခုပြောဖို့လာတာ။ လောလောဆယ် ယာယီတော့ အလောင်းကောင်တွေ အားလုံးနဲ့ မှန်နဲ့ပတ်သက်တဲ့ ခြောက်ခြားမှုတွေအကုန်လုံး မသုံးနဲ့ဦး။ ပြီးတော့ နင် အလုပ်လုပ်နေတဲ့အချိန် မှန်တွေရဲ့ အနီးအနားမှာ မလုပ်မိစေနဲ့"ချန်ဂီက ခေါင်းတလားအတုကြီးကို မူလပုံစံအတိုင်း ပြန်ထားရန် ရှောင်ဝမ်အား ကူညီပေးလိုက်သည်။ရှောင်ဝမ်သည် ချန်ဂီ၏ စကားကြောင့် ထိတ်လန့်သွားသော်လည်း မည်သည့် မေးခွန်းမျှ မမေးလိုက်ချေ။ ပင်မအိမ်တော်ကြီးရှိ အလောင်းကောင်များအားလုံးကို ပြန်လည်နေရာချထားပြီးနောက် ချန်ဂီသည် အနောက်အိမ်တော်တွင်းသို့ တစ်ကိုယ်တည်း ဝင်သွားလိုက်လေသည်။ အဖြူရောင် မီးအိမ်မှ မီးအလင်းရောင်မှာ အခန်းတွင်းသို့ မှိန်ဖျော့စွာ ကျဆင်းနေလေသည်။ သူက ဟယ်စန်းတစ်ယောက် ကြေးမှန်ကြီးရှေ့တွင် တိတ်ဆိတ်စွာ ရပ်တန့်ရင်း သတိလစ်မေ့လဲကျသွားသည့်နေရာ တည့်တည့်တွင် ရပ်ကာ ကြည့်လိုက်သည်။ "မှန်ထဲမှာ တစ်ယောက်ယောက်များ ရှိနေတာလား။ မှန်ထဲမှာ တစ်ခြားကမ္ဘာတစ်ခု တစ်ကယ်ကို ရှိနေတာလား"ချန်ဂီသည် အေးစက်လျက်ရှိသော မှန်၏ မျက်နှာပြင်ကို ကိုင်တွယ်ရင်း ပေါ်ထွက်နေသာ သူ၏ ပုံရိပ်ကို ကြည့်လျက် တစ်ကိုယ်တည်း ရေရွတ်မိလိုက်သည်။ သို့သော် သူ ဝေခွဲမရသေး။ တစ်ခုခုကို သူသတိရလာသလို ရှိသည်။ 'ငါ ဟယ်စန်းကို ဓါတ်ဆားရေးပုလင်းပေးတုန်းက သူ လှမ်းယူလိုက်တာ ညာလက်နဲ့ပါ။ ဆိုလိုတာက သူက ဘယ်သန်တစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ ဗီဒီယိုထဲမှာ သူ့ဘယ်ဘက်လက်ကို မတင်လိုက်တာ။ သူမသန်တဲ့လက်ကို ဘာကြောင့် အသုံးပြုလိုက်ရတာလဲ။ မှန်ထဲမှာရှိနေတဲ့အရာက သူ့ကို အဲ့ဒီလို လုပ်ဖို့ စေခိုင်းလိုက်လို့လား'ချန်ဂီသည် သူ၏ ဘယ်လက်ဖြင့် မှန်ကို ကိုင်ကြည့်လိုက်သည်။ မှန်တွင်ပေါ်နေသည်က သူကိုင်ထားသည့်အတိုင်း ညာဘက်လက်ဖြင့် ကိုင်ထားသည့်ဟန်အတိုင်း ပေါ်နေခြင်းသာ ဖြစ်သည်။ ဒီလိုသာဆိုရင် အရာအားလုံးက မှန်ထဲမှာ ပြောင်းပြန်ပဲပေါ့။ မှန်ကို အဝတ်နက်ဖြင့် ဖုံးအုပ်ပြီးနောက် သူ၏ ဘောင်းဘီအိတ်တွင်းမှ ဖုန်းနက်ကလေးကို ထုတ်ကြည့်လိုက်သည်။'အရာအားလုံး ဒီကနေ စတာပဲ။ ဒီဖုန်းကြောင့် မကောင်းဆိုးဝါး ပေါ်လာရတာ။ ဒါကြောင့် ငါသာ ဖုန်းထဲမှာ ပျောက်သွားအောင် လုပ်မယ်ဆိုရင် တကယ်လည်း ပျောက်သွားနိုင်တယ်။ ကြည့်ရတာ ဖုန်းရဲ့အကူအညီ လိုတဲ့ပုံပဲ'သူက ဖုန်းတွင်းရှိ သရဲစံအိမ်ကြီး၏ ပုံကို နှိပ်လိုက်လေသည်။ ဖုန်းစခရင်ပေါ်တွင် တစ်စုံတစ်ခု ပြောင်းလဲနေသည်ကို မြင်တွေ့လိုက်ရသည်။ နေ့စဉ် လာရောက်လည်ပတ်သူ အရေအတွက်နှင့် လစဉ်လည်ပတ်သူအရေအတွက်မှာ နှစ်ဆ တိုးမြင့်သွားသည်ကို မြင်တွေ့လိုက်ရသည်။ကစားရန် မဖွင့်ရသေးသော ခြောက်ခြားနည်းတွင် အစမ်းမစ်ရှင်တစ်ခု ထွက်ပေါ်လာနေသည်။ ထိုမစ်ရှင်ကို ဆော့ကစားရန် နှိပ်လိုက်သည့်အခါ ယခု မစ်ရှင်ပြီးမြောက်ပါက သက်ဆိုင်ရာ ဆုလာဘ်ခြောက်ခြားနည်းများ အသုံးပြုနိုင်လိမ့်မည်ဟု ရေးသားထားလေသည်။ဂိမ်းရဲ့ တည်ဆောက်ပုံက အဆင်ပြေတယ်။ မစ်ရှင်တစ်ခု အောင်ရင် ဆုလာဘ်ရမယ်။ ရလာတဲ့ ဆုလာဘ်ကလည်း မစ်ရှင်ရဲ့ အဆင့်အလိုက် ပြောင်းလဲမှုရှိမယ်။ ဒီနေရာအကြောင်း ပိုသိချင်ပြီး မှန်ထဲက အရာအကြောင်း သိချင်တယ်ဆိုရင် ဒီမစ်ရှင်တွေကို ငါ အောင်မြင်အောင် ဆော့ကစားဖို့ လိုတယ်။ သူ့အနေဖြင့် တစ်နေ့လျှင် မစ်ရှင်တစ်ခုသာ ဆော့ကစားနိုင်ပေသည်။ ထို့ကြောင့် ပေးထားသော စမ်းသပ်မစ်ရှင်ကို ချန်ဂီ ကြည့်ရှုလိုက်သည်။ "သန်းခေါင်ယံ သတ်ပွဲ - အန္တရာယ်များတဲ့ စိတ်ရောဂါဝေဒနာရှင်က ပျက်စီးနေတဲ့ အခန်းတစ်ခုထဲ လျှောက်သွားနေမယ်။ ကပ်ကြေးနဲ့ ဆောက်ပုတ်တွေကို လက်မှာ ကိုင်ထားမယ်။ ပြီးတော့ မင်းရဲ့ အခန်းအပြင်ဘက်မှာ လှည့်ပတ်သွားလာနေမယ် ဆိုပါလား" "မစ်ရှင် တည်နေရာ - အနောက်ပိုင်း တောရွာလေးရှိ ပန်အန်း ဌာန""လိုအပ်ချက်များ - မစ်ရှင်တည်နေရာသို့ ယနေ့ည ၂၃ နာရီအတိတွင် အရောက်လာရမည်။ လူသတ်သမားအား ရှာဖွေကာ မိုးသောက်ယံမတိုင်အထိ အသက်ရှင်ရန် ကြိုးစား ဆော့ကစားရမည်" "အကူဖော်ပြချက် - ထိုလူသည် သိုးအုပ်တွင်း ပုန်းကွယ်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ လူအုပ်တွင်း ပုန်းကွယ်နေလိမ့်မည်။ ဒဏ်ရာရ နာမကျန်းဖြစ်နေသော သူ၏ နှလုံးသားကို ဖုံးကွယ်ကာ နူးညံ့သယောင် ဆောင်နေလိမ့်မည်" "ဤမစ်ရှင်အား လက်ခံဆော့ကစားလိုပါသလား။ သတိပေးချက် - စမ်းသပ်မစ်ရှင်သည် ၂၄ နာရီအတွင်းဆော့ကစားရမည့် မစ်ရှင် ဖြစ်သည်။ ယခု ၂၄ နာရီအတွင်း လက်ခံခြင်း မရှိပါက ခြောက်ခြားနည်းဆုလာဘ်သည် မည်သည့်အခါမျှ ပေါ်ထွက်လာမည် မဟုတ်ချေ"ချန်ဂီအနေဖြင့် ပထမ၌ ဆော့မကစားရန် ဆုံးဖြတ်လိုက်သေးသည်။ သို့သော်လည်း နောက်ဆုံးစာကြောင်းကို ဖတ်ရှုပြီးနောက် ယင်းမစ်ရှင်ကို ဆော့ကစားရန် ဆုံးဖြတ်လိုက်လေသည်။ ဖြစ်ချင်တာဖြစ်ကွာ နောက်ဆုံး လာသမျှအရာအားလုံး သရဲစံအိမ်ကြီးအတွက် ဖြစ်ရမယ်။ ပိုကောင်းလာမယ့် အခွင့်အရေးကို ငါ လက်မလွှတ်နိုင်ဘူး မစ်ရှင်ကို လက်ခံပြီးသည့်နောက် သူက ဖုန်းစခရင်ကို အောက်သို့ဆွဲရင်း ဆက်ဖတ်ကြည့်လိုက်သည်။ အမဲလိုက် ကြမ္မာဆိုး ရဟတ်ဘီးသည် သူ သတိမမူမိဘဲ စတင် လည်ပတ်သွားပြီ ဖြစ်သည်။ ချန်ဂီတစ်ယောက် သတိမူမိသည့်အခါ သိချင်ဇောဖြင့် ခလုပ်ကို နှိပ်လိုက်သည်။ ထိုအခါ စခရင်ပေါ်တွင် စာသားအချို့ ပေါ်လာလေသည်။ "သေခြင်းနှင့် ရှင်ခြင်းကြား ဖြစ်တည်မှုသည် လူသား၏ ဆုံးဖြတ်ချက် ဖြစ်မည် မဟုတ်ပေ။ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းဆိုသည်မှာ ကန့်လန့်ကာတစ်ခုသာ ခြားနားသောအရာများ ဖြစ်ကြသည်။ သင့်အသက်သွေးကို ရှည်ကြာရန် ဝိညာဉ်သီးရှိသကဲ့သို့ လက်စားချေလိုစိတ် ပြင်းပြသော အမုန်းတရားတို့ ပြည့်နှက်နေသည့် တစ္ဆေကြီးလည်း ရှိလေသည်" "ပထမဆုံးအကြိမ်အတွက် ဧည့်သည်၏ အော်ဟစ်သံကို စုဆောင်းပြီးနောက် ရဟတ်ဘီးကို ဖွင့်လှစ်လိုက်ပါ။ ပထမ ဖွင့်လှစ်မှုအတွက် အခမဲ့လှည့်ခွင့်တစ်ခု သင့်တွင် ရှိနေပါသည်။ (အော်သံတစ်ခုသည် ခုနစ်ဆယ် ဒက်ဆီဘယ်ကျော်သည့်အခါ စုဆောင်းသွားမည် ဖြစ်သည်။ အော်သံပေါင်း တစ်ရာစုဆောင်းမိပြီးနောက် ယင်းအော်သံတို့နှင့် ကြမ္မာဆိုးရဟတ်ဘီးကို လှည့်ရန် လဲလှယ်နိုင်မည် ဖြစ်သည်။") 'တစ်ခါလှည့်ဖို့ အော်သံတစ်ရာ စုရမယ် ဆိုပါလား'ချန်ဂီက ဖော်ပြချက်များကို အသေးစိတ် ဖတ်ရှုလိုက်သည်။ 'ဒီဘီးက အဆင့်အများကြီးအလိုက် ကြောက်စရာကောင်းနေပြီ။ အသက်ဝင်အောင် လုပ်ရတာကိုက ခက်ခဲတဲ့အရာတစ်ခုကို။ ဒါပေမဲ့ ရလာဘ်က ကျပန်းဆိုပါလား။ ရလာမယ့် ရလာဘ်သာ တစ္ဆေကြီးဆိုလို့ကတော့ လုံးဝ အချိန်ဖြုန်းပစ်ရာ မကျဘူးလား'ချန်ဂီသည် သေတ္တာကို ကြည့်လိုက်သည့်အခါ သူ့တွင် ဘီးတစ်ကြိမ် လှည့်နိုင်ခွင့်ရှိကြောင်း တွေ့လိုက်လေသည်။ သူ လှည့်ကြည့်လိုက်သည်။ လှည့်လိုက်သည့်အခါ ထွက်ပေါ်လာသည့် ခံစားမှုမှာ ဖုန်းပေါ်တွင် မက်ဆေ့တစ်စောင် ဝင်နေပါက မည်သည့် မက်ဆေ့မျိုး ပေါ်လာမည်ကို မသိသော ခံစားမှုမျိုးပင် ဖြစ်သည်။ ယင်းမက်ဆေ့သည် ကြော်ငြာမက်ဆေ့လည်း ဖြစ်နိုင်သည်။ သို့သော် မက်ဆေ့ကို မြင်သည်နှင့် ဖွင့်ဖတ်ဖို့ မည်သူမဆို စိတ်စောနေတတ်မည် မဟုတ်လော။ဘာတွေများ ဖြစ်လာမလဲကွာ။ချန်ဂီက သူ့ကိုယ်သူ အားတင်းပြောလိုက်သည်။ ထို့နောက် ဘီးပေါ်တွင် လက်ညိုးကို ဖြည်းညင်းစွာ တင်လိုက်သည်။ ဘီးမှာ စတင် လည်ပတ်သွားလေပြီ။လက်စားချေတတ်တဲ့ တစ္ဆေကြီး မဟုတ်သရွေ့တော့ အေးဆေးပဲပေါ့။

သရဲအိမ်Where stories live. Discover now