အခန်း ၄၃

33 1 0
                                    

မစ်ရှင်အောင်မြင်ခဲ့ပြီ

ချန်ဂီဆံပင်ထက်မှ အေးစက်နေသော ရေစက်များ စီးကျလာသည်။ သေမင်းနှင့် လက်တကမ်း အလိုသို့ ရောက်ရှိခဲ့သည်ဆိုသော အချက်ကြောင့် သူ့မှာ တုန်လှုပ်နေမိသည်။ သူ့ရင်အုပ်ကြီးမှာလည်း မညီမညာ ပိန်လိုက်ဖောင်းလိုက် ဖြစ်နေသည်။ သူ့နှုတ်ခမ်းမှာလည်း အဖြူရာင်မှ ခရမ်းရောင်သို့ ပြောင်းနေ၏။ လက်အစုံမှာ ဓားရိုးကြီးကို ဆက်ဆုပ်ကိုင်ထားဆဲပင်။

နှစ်မိနစ်ခန့်ကြာမှ သူ့စိတ်ပြန်ငြိမ်လာသည်။ မျက်နှာပေါ်မှ ရေစက်များကို သုတ်ရင်း ချန်ဂီက ရေချိုးကန်ထဲမှ အတင်းကုန်းရုန်းထလိုက်၏။ ဖျော့တော့နေသော ဖယောင်းတိုင် မီးအလင်းရောင်ကြောင့် ရေချိုးခန်းထဲ ဘာပြောင်းလဲနေသည်ကို မမြင်ရချေ။

စောနက တခုခုကို ခုတ်မိသလို ဖြစ်သွားပါတယ်။ ဒုတ်ခနဲပဲ။

ချန်ဂီက ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ရေချိုးကန်အစွန်း၌ ခုတ်ရာကြီးတခု ကျန်နေသည်ကို တွေ့လိုက်ရ၏။

ငါ ရေချိုးကန်ကိုပဲ ခုတ်မိတာလား။ မဖြစ်နိုင်ပါဘူး။ စောနက ငါ့ခေါင်းကို တယောက်ယောက် ကျိန်းသေ ကိုင်ထားပါတယ်။ ခုတ်ခြင်းခုတ် ဓားနဲ့ အဲဒီလူကို ခုတ်မိတာပဲ ဖြစ်ရမယ်

အမှန်ကို သိချင်ဇောဖြင့် ချန်ဂီက ရေချိုးကန်ထဲမှ ခုန်ထွက်ပြီး ရိုက်ကူးနေဆဲ ဖြစ်သော ဖုန်းလေးကို ယူလိုက်သည်။ ရိုက်ကူးနေမှုကို ရပ်တန့်လိုက်ပြီး အစမှ ပြန်ကြည့်လိုက်လေ၏။

မနက် ၃ : ၃၀ မှာ ရေချိုးကန်ထဲ ငါ ဝင်ထိုင်လိုက်တယ်။ ၃ : ၄၃ ထိ ဖုန်းစခရင်ပေါ်မှာ ဘာမှ မဖြစ်သေးဘူး။

ချန်ဂီက နံရံကို မှီရင်း ဖုန်းစခရင်ကို အသည်းအသန် စိုက်ကြည့်လိုက်သည်။ မနက် ၃ : ၄၄ မိနစ်ရောက်သည်နှင့် သူ ရေချိုးကန်ထဲ လဲလျောင်းလိုက်သည်။ ထို့အတွက် ရေများ လျှံကျလာသည်ကိုပင် တွေ့လိုက်ရ၏။

သူလုပ်နေသမျှကို ဖုန်းစခရင်မှ ကြည့်ရသည့်အခါ အတော်ကလေး သွေးပျက်ဖွယ် ကောင်းနေလေသည်။

သူကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်နေစဉ်က ချန်ဂီမှာ ထူးဆန်းသည်ဟု မထင်။ သို့သော် ဖုန်းကင်မရာမှ တဆင့် သူလုပ်နေသမျှကို ကြည့်ရသည့်အခါတွင်တော့ ယင်းအပြုအမူများက အတော်ကလေး သွေးပျက်စရာ ကောင်းပြီး ထူးဆန်းနေသည်ကို တွေ့လိုက်ရ၏။

သရဲအိမ်Where stories live. Discover now