အခန်း ၂၃

45 1 0
                                    

တရားခံအစစ်

ချန်ဂီ ပိတ်ကန်လိုက်သည်နှင့် တံခါးမှာ ဝုန်းခနဲမြည်ရင်း ပွင့်သွားလေသည်။ အခန်းတွင်းသို့ ကပျာကယာ ပြေးဝင်သွားရင်း ပြတင်းပေါက်ကို တွန်းဖွင့်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။

"သေစမ်း။ ပြတင်းပေါက်က အမြင့်ကြီးပဲ" ပြတင်းပေါက်တွင် ရပ်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည့် ချန်ဂီ ထိတ်လန့်သွားမိသည်။ အောက်ထပ်နှင့် ဒုတိယထပ်မှာ အနိမ့်ဆုံး သုံး၊ လေးမီတာ ခန့်ရှိပေလိမ့်မည်။ သူ့ထံသို့ ပြေးလာနေသော ခြေသံများမှာလည်း တဖြည်းဖြည်း ကျယ်လောင်လာနေပြီ။ ဆိုလိုသည်က တက်တူးလူနှင့် အိမ်ရှင်သည် သူနှင့် နီးကပ်နေပြီဟု ဆိုလိုခြင်း ဖြစ်သည်။

ချန်ဂီအတွက် စဉ်းစားနေရန် အချိန်မရှိတော့။ သူက ပြတင်းပေါက်မှ ခုန်ချလိုက်သည်။ သို့သော် ကံကောင်းထောက်မစွာပင် ပထမထပ်ရှိ ခြင်လုံသံဇကာကာရံထားသည့် ပြတင်းပေါက်ဘောင်စွန်းပေါ်သို့ သူ ဆုပ်ကိုင်မိလိုက်သည်။

"ဒီကောင် ငါတို့အလောင်းရွေ့တာ မြင်သွားတာပဲ ဖြစ်ရမယ်"

"ဒီကောင့်ကို အလွတ်ပေးလို့ မဖြစ်တော့ဘူး"

အိမ်ရှင်၏ ရုပ်ဆိုးရှုံ့တွနေသော မျက်နှာသည် ပြတင်းပေါက်ဘောင်ပေါ်တွင် ပေါ်လာလေသည်။ သူက ဖြစ်ပျက်သမျှကို ဆက်စပ်စဉ်းစားမိသွားဟန်ဖြင့် ...

"လွတ်မယ်လို့ မင်း ထင်နေသလားကွ"

ချန်ဂီကလည်း တုံ့ဆိုင်းမနေဘဲ လက်ကို ချက်ချင်း လွှတ်ချလိုက်သည်။ နံရံတစ်လျှောက် လျှောတိုက်ကျဆင်းသွားသည့်အတွက် သံဇကာများနှင့် ပွတ်တိုက်မိကာ သူ့အင်္ကျီနှင့် လက်မောင်းများပါ ဆုတ်ပြဲသွားလေသည်။ ချန်ဂီက အကျသက်သာစေရန် မြေကြီးပေါ်သို့ လိမ့်ဆင်းချလိုက်သည်။ မြေကြီးပေါ်မတ်တပ်ရပ်နိုင်သည်နှင့် မြေကြီးတွင်ကျနေသော တုတ်ကို လက်နှင့် တင်းတင်းဆုပ်ကိုင်ရင်း ခြံတံခါးရှိရာသို့ ပြေးသွားလိုက်တော့သည်။

"မြန်မြန်.. သူ့ကို လိုက်ဖမ်းစမ်း"

အိမ်ရှင်က သားစဉ်းဓားကို ဆုပ်ကိုင်ရင်း ချန်ဂီထံ ညွန်ပြကာ အော်ပြောလိုက်သည်။ ထို့နောက် တစုံတစ်ခုသည် သူ့ထံသို့ မြန်မြန်ဆန်ဆန် ပြေးဝင်လာသည်ဟု ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်ရာ အိမ်ပိုင်ရှင် ပစ်လွှတ်လိုက်သော ဓါးသည် မြက်ခင်းပေါ်၌ စိုက်နေသည်ကို မြင်တွေ့လိုက်ရသည်။ ချန်ဂီတစ်ယောက် ထိတ်လန့်သွားလေသည်။

သရဲအိမ်Where stories live. Discover now