အခန်း ၅၃

31 3 0
                                    

ထိုင်ခုံကြီးက လှုပ်နေတယ်

ဒါရိုင်ဘာ၏ မျက်နှာမှာ အဖြူရောင်သန်းသွားသည်။ သူက ဘာမှန်းမသိသလို ရယ်မောရင်း

"ဒါဖြင့်လည်း ကံကောင်းပါစေကွယ်" ဟု ပြောဆိုလိုက်လေ၏။

"ကျေးဇူးပါပဲ။ ဒါဖြင့် အခု ရီကောဒင်းလုပ်ထားတာကို ရပ်လို့ရပြီ မဟုတ်လား"

ချန်ဂီက ပြုံးရင်း ရင်းနှီးကျွမ်းဝင်သော လေသံနှင့် ပြောလိုက်ပြန်သည်။

"ဒါ နားလည်မှု လွဲတာပါ"

"ဒါပေါ့ကွယ်"

ဒါရိုင်ဘာက အဖြေကို ချက်ချင်းပေးလိုက်၏။ သူက စက်ပေါ်မှ တွေ့ကရာ ခလုတ်တခုကို နှိပ်လိုက်လေသည်။ ၂ ၊ ၃ မီတာအကွာအထိ မောင်းလာခဲ့ချိန် ဒါရိုင်ဘာ၏ ဝေါ်ကီတော်ကီစက်တွင် မီးနီလေး လင်းလာ၏။ သူက ခလုတ်ကို အသာအယာနှိပ်လိုက်၏။ ဘာမှမပြောရသေးခင် ကြမ်းတမ်းအက်ကွဲနေသော လေသံကြီးတခု စက်မှ ထွက်ပေါ်လာလေသည်။

"လောင်လျူ ... ခင်ဗျား လျို့ကျင်းမြို့အနောက်ပိုင်းက ပုဂ္ဂလိကကျောင်းနားမှာလား။ ဒီနေ့ညမှ ဘာတွေဖြစ်မှန်း မသိပါဘူးဗျာ။ ကျုပ်လည်း အဲဒီနားကို သွားချင်တဲ့ ခရီးသည်တယောက် ရထားတယ်။ ဆိုတော့ ကျုပ်တို့နီးနီးလေးဗျ။ စကားမစပ် ကျုပ်တို့ကားသမားအဖွဲ့ကို ခင်ဗျား ပို့လိုက်တဲ့ မက်ဆေ့က ဘာအဓိပ္ပါယ်လဲဗျ။ 'ငါ့စီးသမားက ကိုလှရွှေတာဝန်' ဆိုတာလေ"

"ဘာမှမဟုတ်ပါဘူး။ မင်းခရီးသည်ကိုသာ ဂရုစိုက်ပါ"

ဒါရိုင်ဘာက နဖူးပေါ်မှ ချွေးစက်များကို သုတ်ရင်း ဝေါ်ကီတော်ကီစက်ကို ကပျာကယာ ပြန်ချိတ်လိုက်သည်။

"အခုအနေအထားက ဓားစာခံတယောက်လို ဖြစ်နေပြီ မဟုတ်လား။ ဦးလေး ... ကျွန်တော့်ကို မယုံဘူး မဟုတ်လား"

ချန်ဂီက မျက်ခုံးကိုပင့်ရင်း မေးလိုက်သည်။ သူလည်း ဒါရိုင်ဘာဦးလေးကြီးက လန့်ပြီး ရဲခေါ်လိုက်မည်ကို စိုးရွံ့နေခဲ့သည်။

"ကျွန်တော့်ကို ဒီနေရာမှာ ချထားပေးခဲ့ပါ"

"ဟုတ် ... ဟုတ်ကဲ့"

သရဲအိမ်Where stories live. Discover now