အခန်း ၂၀

46 1 0
                                    

မှုခင်းမြင်ကွင်း

တရားခံမပေါ်ခဲ့သော ရှို့မီး၊ ပျောက်ကွယ်နေသော လူသတ်တရားခံ။ စသည်တို့ကို ချန်ဂီက အွန်လိုင်းပေါ်တွင် လုံးစေ့ပတ်စေ့ ရှင်းပြလိုက်သည်။ ထိုသို့ပြောရင်း သူကိုယ်သူလည်း အံ့ဩမိသည်။ သူ့တွင် အများလက်ခံအောင် ပြောပြ၊ ရှင်းပြနိုင်စွမ်း ရှိသည်။ ရရှိထားသော သတင်းအချက်အလက်များ၊ ဖြစ်နိုင်သည်ဟု ထင်မြင်ရသော အကြောင်းအရာများကို စနစ်တကျ စုစည်းကာ ကြည့်ရှုသူများ ယုံကြည်လောက်စရာ ဇာတ်လမ်းတစ်ပုဒ်ကို သူ ဖန်တီး ပြောပြ၊ ရှင်းပြနိုင်စွမ်း ရှိနေလေသည်။

"ဒါတွေအကုန် ဖြစ်ပျက်ခဲ့တာပါ။ ကျွန်တော့်ရဲ့ သရဲစံအိမ်ကြီးအတွက် ခြောက်ခြားနည်းအသစ်၊ တွန်းအားပေးမှုအသစ်တစ်ရပ်ကို ရရှိနိုင်စေဖို့ ဒီလို ကျိန်စာသင့်နေတဲ့ ဌာနကြီးမှာ တစ်ညတည်းခိုဖို့ ဆုံးဖြတ်ချက်ချခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တစ်ခုခုကို စပြီး တွေ့ရှိလာပြီလို့ ထင်မြင်ရပါတယ်။ ဒီတည်းခိုခန်းမှာနေထိုင်တဲ့ လူတိုင်းမှာ ပြောမပြနိုင်လောက်တဲ့ လျှို့ဝှက်ချက် တစ်စုံတစ်ရာစီ ရှိနေကြသလိုပါပဲ။ ကျွန်တော့်အထင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျူးလွန်ခဲ့တဲ့ လူသတ်သမားဟာ သူတို့ကို ကြိုးကိုင်ချယ်လှယ်နေတယ်လို့လည်း ထင်ပါတယ်"

ချန်ဂီက စီးကရက်မီးကို သတ်ရင်း ဖုန်းကင်မရာဘက်သို့ လှည့်လိုက်သည်။

"စိတ်ဝင်စားစရာကောင်းတယ် မဟုတ်လား။ ဒါကတော့ လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ်မှန် လူသေမှုတွေအကြောင်းပါပဲ။ ဒါကြောင့် ကြည့်ရှုသူများအနေနဲ့ ဘယ်သူက လူသတ်တရားခံ အစစ်ဖြစ်မယ်ဆိုတာများ သိနိုင်တဲ့ အိုင်ဒီယာများ ရှိကြသလား မသိဘူး"

ပိုးတီစိမ်းလေးဆိုသော အကောင့်ပိုင်ရှင်က သူ့အား လှောင်ပြောင်လိုက်သည်။

"ဘယ်လို သောက်တလွဲတွေလုပ်ရမလဲတော့ ရှင်က သိသားပဲ။ ဒါပေမဲ့ ကျွန်မတို့က ဒီလောက် မအဘူး"

"လျို့ကျင်းမြို့က ဖူအန်းဌာန။ ဟုတ်တယ်။ အင်တာနက်ပေါ်မှာလည်း သူပြောသလို ရေးထားတယ်။ ကြည့်ရတာ ဒီသူငယ်က နောက်နေပုံမရဘူး"

သရဲအိမ်Where stories live. Discover now