လူပျောက်ကြော်ငြာ
ည ၄ နာရီ ၃၀ မိနစ် ရှိနေပြီ။ ချန်ဂီသည် သရဲစံအိမ်ကြီးအတွင်းရှိ အလောင်းကောင်များထားရာ အခန်းတွင် သူ တစ်ယောက်တည်း မတ်တပ်ရပ်နေမိသည်။ သူက အခန်းတွင်းရှိ ပစ္စည်းများကို စိတ်တွင် စွဲမက်နေအောင် လေ့လာနေလိုက်သည်။တစ်ညလုံး လူသတ်ကောင်နဲ့ အချိန်ဖြုန်းဖို့ဆိုရင် ဘာတွေ လိုအပ်မလဲ။မှတ်ပုံတင်ကဒ်၊ ဖုန်း၊ ဖုန်းအားသွင်းကြိုး၊ ဓါတ်မီး၊ ဓား၊ မျိုးစုံသုံး တူ၊ ဟုတ်ပြီ။ ဒီအရုပ်ကလေးလည်း မေ့လို့မဖြစ်ဘူး။ယမန်နေ့ည မှန်ရှေ့တွင်ပေါ်လာသော အရုပ်ကလေးကို ကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် လိုအပ်သမျှကို စာရင်းပြုရင်း ပစ္စည်းများကို လွယ်အိတ်တစ်လုံးတွင်းသို့ ကောက်ထည့်ကာ အခန်းတွင်းမှ ထွက်ခွာလိုက်လေသည်။ "ရှောင်ဝမ် .. ဒီနေ့ အလုပ်စောစောဆင်းတော့။ နင်ထွက်သွားရင် တံခါးပိတ်ဖို့လည်း မမေ့နဲ့ဦး။ ငါ လုပ်စရာတစ်ခု ရှိလို့။ အရင်သွားနှင့်မယ်" "ဆရာ။ အခုမှ ၅ နာရီပဲ ရှိသေးတယ်။ ခရီး ဒါမှမဟုတ် တစ်နေရာရာ ထွက်မလို့လား" "အရုပ်အခန်းထဲမှာ သော့ထားခဲ့တယ်။ မနက်ဖြန် မနက်ကျမှ တွေ့မယ်"မိမိပြောစကားကို ရှောင်ရှားလိုသည့် ချန်ဂီကို မြင်တွေ့လိုက်ရသည်နှင့် ရှောင်ဝမ်က အလိုက်သိစွာပင်"ကောင်းပါပြီ"သို့သော်လည်း ချန်ဂီတစ်ယောက် ထွက်သွားသည်နှင့် သူမသည် လက်ကမ်းစာစောင်များအား ပစ်ချပြီး အရုပ်အခန်းတွင်းသို့ ချက်ချင်း ပြေးဝင်သွားလေသည်။ "ဒီကောင်မလေးကတော့..."ညနေခင်းလေသည် စားပွဲပေါ်ရှိ လက်ကမ်းစာစောင်များအား ပွေ့ဖက်တိုက်ခတ်သွားလေသည်။ ချန်ဂီက သူမ၏ အပြုအမူကို ကြည့်ရင်း ခေါင်းခါယမ်းလိုက်သည်။ ထို့နောက်အင်း.. မနက် သတင်းကျရင်တော့ ငါ့အကြောင်း မပါလာဖို့ မျှော်လင့်ရတာပဲ။သူ၏ မျက်နှာမှာ ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေသော်လည်း အတွင်း၌မူ ဗလောင်ဆူနေပြီ ဖြစ်၏။ အိပ်မက်ဆိုးမစ်ရှင်ကို ဆော့ကစားခဲ့သည့် ညက အတွေ့အကြုံများက သူ မမြင်ရသော ကမ္ဘာလောကတစ်ခု ရှိနေသေးကြောင်းကို ပြသနိုင်ခဲ့သည်။ ယခု မစ်ရှင်တွင်လည်း အခက်အခဲများ ပိုမို မြင့်မားလာလိမ့်မည်ဟု ဖုန်းနက်ကလေးကလည်း ဆိုထားသည် မဟုတ်ပါလား။စမ်းသပ်မစ်ရှင်က နေ့တိုင်း ပိုပို ခက်လာမှာ။ ဒီနေ့ညတော့ ငါ ပိုသတိထားမှပဲညမိုးမချုပ်မှီ ချန်ဂီသည် ပင်အန်းဌာနရှိရာသို့ သူ့စက်ဘီးနှင့် လာခဲ့လိုက်သည်။ မစ်ရှင်တွင် ပေးထားသည့် သတင်းအချက်အလက်အရ ထိုဌာနတည်ရှိရာ လမ်းနေရာသို့ ဖြစ်သည်။ ထိုလမ်းနေရာကို ရှာဖွေရန် ချန်ဂီက ဂူးဂဲလ်၏ လမ်းပြမြေပုံနှင့် လွန်ခဲ့သည့် ၉ လက သတင်းစကားများကို ကိုးကား အသုံးပြုလိုက်သည်။ သို့နှင့်တိုင် ချန်ဂီအနေဖြင့် ထိုနေရာသို့ မရောက်ခင် စိတ်လှုပ်ရှားနေခဲ့လေသည်။ဒီလောက် ဧကစာရီ တစ်ထီးတည်း ရှိနေတဲ့ သရဲစံအိမ်ကြီးထဲမှာ နေချင်တဲ့ လူရော ရှိပါ့ဦးမလားကွာ။ထိုဌာနသို့သွားရာလမ်းသည် သဲဖုန်များနှင့် လမ်းတစ်လျှောက်လည်း ချုံနွယ် ပိတ်ပေါင်းများ ပြည့်နှက်နေလေသည်။ လမ်းမီးရောင်ဟူ၍ မယ်မယ်ရရ မရှိပေ။ သစ်ပင်များ ဖုံးအုပ်နေသည့် နေရာမှ အရောင်မွဲခြောက်ခြောက် အဆောက်အဦကြီးကို တွေ့လိုက်ရသည်။လာရာလမ်းတစ်လျှောက်လုံးလည်း ချန်ဂီသည် တွေ့သမျှလူတိုင်းကို ထိုနေရာအကြောင်း မေးမြန်းခဲ့သည်။ သို့သော် အများစုမှာ အမည်ကိုပင် မကြားဖူးကြပေ။ အဆုံး၌ သူ့ထက် ခြောက်နှစ်မျှကြီးသော လူကြီးတစ်ယောက်က လမ်းမှန်ကို ညွန်ပြပေးရင် အကြံပေးစကား ဆိုခဲ့ခြင်းကြောင့်သာ ယခုနေရာကို ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုလူကြီးက သူ့အား ဤနေရာသည် ကျိန်စာသင့်ခံနေရသော အမဲလိုက်နေရာမျိုး ဖြစ်ကြောင်းနှင့် နေ့ခင်းဘက်တွင်ပင် လူအများက ရှောင်ကွင်းသွားကြကြောင်းကို ပြောပြခဲ့သည်။ ထို့နောက် သူ့အား မည်သည့်အကြောင်းကြောင့် ထိုနေရာသို့ သွားရောက်လိုကြောင်းကို မေးမြန်းလိုက်လေသည်။ ချန်ဂီမှာ သူ့အား မည်ကဲ့သို့ အဖြေပြန်ပေးရမည်ကို မသိတော့ချေ။ ဖုန်းနက်ကလေးကြောင့်သာ မဟုတ်ခဲ့လျှင် မည်သူကကော ထိုနေရာမျိုးသို့ အရူးတစ်ယောက်သဖွယ် လာရောက် အချိန်ဖြုန်းပါမည်နည်း။'အခု ၆ နာရီ ၅၀ ရှိနေပြီ။ မစ်ရှင်မှာပြောထားတာတော့ ငါ ၁၁ နာရီ အရောက်လို့ ပြောထားတာပဲ။ အနီးအနားတစ်ဝိုက်ကို ပတ်ကြည့်ဖို့ အချိန် ရှိသေးတယ်'လေများ တိုက်ခတ်နေသော လမ်းမတစ်လျှောက် သွားရင်း ချန်ဂီသည် တောနက်ကလေးအတွင်းသို့ ဝင်လိုက်သည်။ အချိန်အနည်းငယ်ကြာမျှ သွားမိသည်နှင့် ပြောစမှတ်တွင်စရာ ကျိန်စာသင့်အိမ်ကြီးကို နောက်ဆုံး၌ လှမ်းမြင်လိုက်ရလေသည်။ခြံဝင်းကို မီးခိုးရောင် နံရံကြီးများဖြင့် ကာရံထားသည်။ ဝင်ပေါက်ဟူ၍လည်း တစ်ခုတည်းသာ ရှိသည်။ (ဝင်ပေါက်နှင့်ထွက်ပေါက်မှာ အတူတူပင်ဖြစ်ရာ အပေါက်ဆို၍ တစ်ပေါက်သာ ရှိလေသည်။) ခြံဝင်းကို ခတ်ထားသော သံတိုင်များမှာ အိုဟောင်းနေပြီ ဖြစ်သော်လည်း ခတ်ထားသည့် သော့ခလောက်ကတော့ အသစ်ချပ်ချွတ် ဖြစ်သည်။'ထူးဆန်းလိုက်တာ။ သော့က အသစ်ကြီးရှိသေးတယ်။ ဂိတ်ကတော့ ဟောင်းနေပြီ။ နေပါဦး။ ဒါက ဘာကြီးတုန်း'သူက ရုတ်တရက် သံအိမ်တံခါးဝကြားတွင် ညှပ်နေသော စက္ကူအဖြူစတစ်ခုကို မြင်တွေ့လိုက်ရာ ယင်းကို လက်ကမ်းစာစောင်တစ်ခုဟု ပထမတော့ ထင်မြင်မိလိုက်သည်။ သို့သော် မီးထိုးကြည့်လိုက်သည့်အခါတွင်တော့ ယင်းမှာ လူပျောက်ကြော်ငြာ ဖြစ်နေလေသည်။ "ကျန်းချင်၊ အမျိုးသမီး အသက် ၂၇ နှစ်၊ အရပ် ၁၅၇ စင်တီမီတာ၊ ပိန်ပိန်ပါးပါး ဖြစ်သည်။ ညာဘက်မျက်လုံးအောက်တွင် အမှတ်အသားတစ်ခု ရှိသည်။ အဝတ်နီနီများ ဝတ်ဆင်ရသည်ကို ကြိုက်နှစ်သက်သည်။ သူမနှင့် ပတ်သက်၍ တစ်စုံတစ်ခု သိရှိပါက ကျေးဇူးပြု၍ ဆရာဝမ်ထံသို့ ဆက်သွယ်ပေးပါ။ ကျေးဇူးဆပ်ပါမည်။"လူပျောက်ကြော်ငြာတွင် ဆရာဝမ်ဆိုသူ၏ ဖုန်းနံပါတ်နှင့် လိပ်စာကို ရေးထားလေသည်။ ချန်ဂီစိတ်ကို ဖမ်းစားလိုက်သည့်အရာမှာ စာရွက်ပေါ်ရှိ ဆက်သွယ်ရန်လိပ်စာမှာ ယခု သူ ရောက်ရှိသည့် ကျိန်စာသင့် အဆောက်အဦ၏ လိပ်စာ ဖြစ်နေသောအချက်ပင် ဖြစ်သည်။ "တကယ့်ကို ထူးဆန်းတာပဲ"ချန်ဂီ၏ မသိစိတ်တွင် သရဲများနှင့် ပတ်သက်၍ ဖင်တကြွကြွ ဖြစ်နေလေပြီ။ သူက ဝင်းခြံအတွင်းသို့ မဝင်မီ ဖုန်းကိုထုတ်ကာ လူပျော်ကြော်ငြာကို ဓါတ်ပုံရိုက်လိုက်သည်။ တိုက်ကြီးသည် သူ ထင်ထားသည်ထက် ပိုမို ကြီးမားလေသည်။ ပင်မအခန်းကြီးတွင် အလွှာ သုံးထပ် ရှိသည်။ စတူရီယိုအခန်းနှင့် ဆင်တူသော အဆောက်အဦ နှစ်ခုရှိပြီး ယင်းဘေးဘက်တွင် ရေစုပ်စက်အခန်းကို တွေ့ရသည်။ သုတ်ထားတဲ့ ဆေးအခြေအနေကို ကြည့်လိုက်တာနဲ့ ဒီတိုက်ကြီးက အနည်းဆုံး သက်တမ်း ၂၀၊ ဒါမှမဟုတ် ၃၀ ရှိနေပြီ ဖြစ်ရမယ်။ သို့သော် ယခု အဆောက်အဦသည် သူ မြင်တဲ့အတိုင်းလည်း မဟုတ်နိုင်ပြန်။ တိုက်ကြီးတစ်ခုလုံး ရှင်းလင်းနေကာ အမှိုက်ဆို၍လည်း မရှိပေ။ ထို့ပြင် မြက်ခင်းပြင်မှာလည်း စက်ဖြင့်ရိတ်ထားသလို ညီညာပြန့်ပြူးနေသည်။ မြက်ခင်းတစ်နေရာတွင် သူ့စက်ဘီးကို ရပ်လိုက်ရင်း ချန်ဂီသည် ပင်မ အဆောက်အဦထဲသို့ ကျောပိုးအိတ်ကိုလွယ်ကာ လမ်းလျှောက်သွားလိုက်သည်။"မင်္ဂလာပါ၊ တစ်ယောက်ယောက် ရှိနေသလားခင်ဗျ"ကော်ရစ်ဒါရှည်ကြီးသည် မှောင်ရိပ်ကျနေပြီ ဖြစ်သည်။ ဆယ်စက္ကန့်ခန့်အကြာတွင် လှေကားနှင့် အနီးတွင်ရှိသော တံခါးတစ်ချပ် ပွင့်လာလေသည်။ "မင်္ဂလာပါ ခင်ဗျ"ချန်ဂီသည် တံခါးအနီးသို့ လျှောက်သွားလိုက်သည်။ တံခါးနောက်ကွယ်ရှိ လူမှာ သူ့အား လက်ခံစကားပြောလိုဟန် မရှိချေ။ အခန်းတွင်း မီးများ မှိတ်ထားလေ၏။ ချန်ဂီသည် တံခါးနောက်မှ အမျိုးသမီး၏ အရိပ်ကိုသာ ထင်ထင်ရှားရှား မြင်နေရသည်။ သို့သော် အမှောင်တွင်းမှ သူမ၏ မျက်လုံးများမှာ သွေးကဲ့သို့ အနီရောင် ဖြစ်နေလေရာ သူမအနေဖြင့် ညပါင်း မည်မျှ အိပ်ရေးပျက်ထားကြောင်း ပြနေသလို ရှိသည်။ သူမ ပုံသဏ္ဍာန်ကြည့်ရသည်မှာလည်း အလွန်အမင်း ပင်ပန်းနွမ်းနယ်နေဟန်ပေါက်နေလေသည်။ "ကျွန်တော် ဒီမှာ တစ်ညတည်းရင် ဘယ်လောက်များ ပေးရမလဲဆိုတာ သိခွင့်ရှိမလား ခင်ဗျာ"ချန်ဂီသည် တတ်နိုင်သမျှ လေသံကို နှိမ့်လျက် ချိုသာစွာ ပြောဆိုလိုက်သည်။ သို့သော်လည်း တစ်ခုတည်းသော သူ ပြန်လည် ရရှိလိုက်သည့် အဖြေမှာ မခိုးမခန့် ရယ်မောသံသာ ဖြစ်လေသည်။ ထို့နောက် အမျိုးသမီးက တံခါးကို ဂျိမ်းခနဲ ပြန်ပိတ်လိုက်ရာ တံခါးနှင့်သူ့မျက်နှာပင် ဆော့မိတော့မလို ဖြစ်သွားလေသည်။ "ဟာ.."ကပျာကယာ အနောက်သို့ ဆုတ်လိုက်ချိန်တွင် ဒုတိယထပ်မှ ဆင်းလာသော ခြေသံတစ်ခုကို သူ ကြားလိုက်ရလေသည်။ ကော်ရစ်ဒါထောင့်တွင် အသံဖြင့် အမိန့်ပေးဖွင့်နိုင်သော မီးသီးမှာ လင်းလာသည်။ ထို့နောက် သက်လတ်ပိုင်းအရွယ်ရှိ လူကြီးတစ်ယောက် ဒယိမ်းဒယိုင်ဖြင့် သူ့ထံ လျှောက်လာလေသည်။ချန်ဂီပြောသည်ကို သူအပေါ်ထပ်မှ ကြားလိုက်ရဟန် တူသည်။ ထို့ကြောင့် လူကြီးသည် သူ့ကို မြင်သည်နှင့်.."မင်းက ငါ့အိမ်မှာ နေချင်လို့လား။ ဘယ်လောက်ကြာကြာ နေချင်တာလဲ" "အိမ်ရှင်လားခင်ဗျာ"ချန်ဂီက သူ့ထံ လျှောက်သွားရင်း..."ကျွန်တော် တစ်ညတည်းနေချင်တာပါ" "တစ်ညတည်းလား"တုန်ချိနေသော အမျိုးသားကြီးသည် ချန်ဂီ၏ အတွင်းစိတ်ထဲထိ နက်နက်ရှိုင်းရှိုင်း စူးစိုက်ကြည့်ရင်း..."ကောင်းပြီလေ။ မင်းရဲ့ မှတ်ပုံတင်ကဒ် ပေး၊ ပြီးတော့ ဒုတိယထပ်မှာ နေပေါ့"ရုတ်တရက် အပြင်ဘက်မှ အသံကြီးတစ်ခု ထွက်ပေါ်လာသည့်အခါ ချန်ဂီတစ်ယောက် လူကြီးနောက်သို့ ကမျောသောပါး ပြေးဝင်ကာ အခန်းတွင်းသို့ ဝင်ရောက်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာမိသည်။ ထွက်ပေါ်လာသော အသံကြီးမှာ တစ်စုံတစ်ဦးသည် သံပန်းတံခါးအား တွန်းဖွင့်ရိုက်နှက်နေသည့် အသံမျိုး ဖြစ်သည်။ ထိုအသံကို ကြားသည့်အခါ တုန်ချိနေသော အမျိုးသားကြီး၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်ခါသွားသည်။ ထို့နောက် စိတ်မချမ်းမြေ့သော မျက်နှာအမူအရာသို့ ပြောင်းသွားလေသည်။ သူက အသံကို ကြားသည်နှင့် ရုတ်တရက် ရပ်လိုက်သည်။ ထို့အတွက် ချန်ဂီမှာ ရွေးချယ်စရာမရှိဘဲ သူ့ကိုသာ မတ်တပ်ရပ်ရင်း စောင့်ဆိုင်းနေရသည်။ မကြာမီ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေဟန်ရှိသော သက်လတ်ပိုင်းအရွယ်ရှိ နောက်ထပ် လူကြီးတဦး လမ်းလျှောက်ဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုလူကြီးသည် ဟောင်းနွမ်းနေသော အဝတ်အစားများကို ဝတ်ဆင်ထားရင်း လက်တွင်း၌လည်း ကြော်ငြာစက္ကူများကို ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ "ဝမ်ချီ၊ မင်းကို ဘယ်နှစ်ကြိမ် ငါပြောရမလဲ။ မင်းကောင်မလေးက ဒီမှာ မရှိပါဘူးဆို။ မင်း ဒီလိုသာ ခေါင်းမာနေမယ်ဆိုရင် ငါ ရဲခေါ်လိုက်မှာနော်"တုန်ချိနေသော လူကြီးက လှေကားအလယ်တွင် မတ်တပ်ရပ်ရင်း ထိုလူကြီးလမ်းကို ပိတ်ထားလိုက်သည်။ ထိုလူကြီးသည် တုန်ချိနေသော လူကြီး၏ စကားအား ဂရုမစိုက်ဟန်ဖြင့် ခေါင်းကို ငုံ့ရင်း အပေါ်ထပ်သို့ တက်သွားလေသည်။ "ဟေ့ကောင်.. ငါ မင်းကို ပြောနေတယ်လေ"တုန်ချိနေသော အမျိုးသားကြီးက ထိုလူကြီးက ကန်ကျောက်လိုက်သည်။ ထိုအခါ လူကြီးမှာ နံရံဘက်သို့ လဲကျသွားတော့သည်။ သူ၏ လက်တွင်း ကိုင်ထားသော စက္ကူစများမှာ လှေကားတစ်လျှောက် ပြန့်ကျဲသွားသည်။ ထိုအထဲမှ စက္ကူတစ်ရွက်သည် ချန်ဂီ ခြေရင်းသို့ ကျရောက်လာလေသည်။ ငါ အပြင်ဘက်မှာ တွေ့လိုက်ရတဲ့ လူပျောက်ကြော်ငြာ မဟုတ်လားချန်ဂီက မျက်လုံးကိုကျုံရင်း စဉ်းစားလိုက်သည်။ သူ့ရှေ့တွင် ဖြစ်ပျက်တော့မည့် လူကြီးနှစ်ဦး၏ အခြေအနေအား ဆက်လက်စောင့်ကြည့်ရင်း ကြော်ငြာစာရွက်ကို ကောက်ကိုင်လိုက်သည်။သက်လတ်ပိုင်းအရွယ် လူကြီးသည် တုန်ချိနေသော ဒုက္ခိတလူကြီးအား ပြန်လည် မတိုက်ခိုက်ပေ။ သူက ကြမ်းပြင်ထက်မှ ဖြည်းညင်းစွာ ထလာရင်း ပြန့်ကျဲနေသော စက္ကူကြော်ငြာစာရွက်များကို တစ်ခုစီ လိုက်လံကောက်ယူနေလေသည်။ သူ့ကြည့်ရသည်မှာ အသက်မဲ့နေသော ဇွန်ဘီတစ်ကောင်(ဖုတ်ကောင်) နှင့်ပင် တူနေတော့သည်။ "သူ့ကို စိတ်ထဲမထားနဲ့။ သူက ရူးနေတာ"ဒုက္ခိတ လူကြီးက ချန်ဂီအား လက်ကာပြရင်း အပေါ်ထပ်သို့ တက်လာရန် လက်ဟန်ပြလိုက်သည်။ သူ့ကြည့်ရသည်မှာ ဇွန်ဘီလူကြီးအား လက်လျှော့ထားဟန်လည်း ရှိသည်။ ရူးနေတယ် ဟုတ်လား။ချန်ဂီတစ်ယောက် ထိုဇွန်ဘီလူကြီးနား ဖြတ်လျှောက်သွားသည့်အခါ သူ့အား အထူးဂရုပြု ကြည့်မိလိုက်သည်။မစ်ရှင်ထဲက သတင်းအချက်အလက်ထဲမှာ ဖော်ပြထားတာက စိတ်ရောဂါဝေဒနာရှင် တစ်ဦးတဲ့။ ဒါဆိုရင် ဒီလူကြီးများ ဖြစ်နေမလား။
YOU ARE READING
သရဲအိမ်
Mystery / Thrillerမူရင်းဝတ္ထုစီးရီး - My House of Horror မူရင်းရေးသားသူ - Mou Sheng Ren Zhuan Peng ဝတ္ထုစီးရီး - သရဲအိမ် ဘာသာပြန်ဆိုရေးသားသူ - Sacrificer Main Characters - ချန်ဂီ(Chen Ge)