Part 1

9K 435 43
                                    

Unicode

ကောင်းကင်ယံထက်မှ တဖွဲဖွဲကျဆင်းနေသည့် မိုးစက်တွေကိုအကာအကွယ်ယူဖို့ရာ မြေပြင်ပေါ်မတ်တပ်ရပ်နေကြသောလူကိုယ်စီ၏လက်ထဲတွင် အနက်ရောင်ထီးများကနေရာယူလို့ထားကြသည်။

အနက်ရောင်၏ သင်္ကေတသည်ကား ၀မ်းနည်းခြင်းကို ကိုယ်စားပြုရာ ယခုလည်း တိတ်ဆိတ်သောရပ်၀န်းတွင် တစ်စုံတစ်ယောက်၏နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးနေခြင်းဖြစ်သည်။

“ရိပေါ် မင်းအဆင်ပြေရဲ့လား?”

“ဘာမပြေစရာရှိလဲ”

သူငယ်ချင်းဖြစ်သူ၏အမေးစကားကို ခံစားချက်တစ်စုံတစ်ရာပါ၀င်ခြင်းမရှိသလို အေးဆေးသက်သာစွာပြန်ဖြေပေးလာသည့် ဝမ်ရိပေါ်က ယခုကွယ်လွန်သွားသည့်သူမှာ သူ၏ဖခင်မဟုတ်သည့်အတိုင်းပင်။

အနက်ရောင်ဝတ်စုံပြည့်ကိုဝတ်ဆင်ထားသည့်ဝမ်ရိပေါ်၏ ပုံမှန်ဖြူဝင်းသည့်အသားအရေက မီးခိုးရောင်မှိုင်းလို့နေသောပတ်ဝန်းကျင်တွင် ပိုလို့ပင်တောက်ပနေသယောင်ထင်မှတ်ရသည်။

အနက်ရောင်ထီးအမိုး၏အောက်မှ ထင်ရှားစွာမြင်နေရသော မျက်ဝန်းများ၏ စူးရှပြတ်သားနေမှုက နောင်တကင်းမဲ့ကြောင်း၏ပြယုဂ်တစ်ခုပင်ဖြစ်သည်။

အနေဝေးသွား၍လော သို့တည်းမဟုတ် သူငယ်ငစဥ်ကတည်းက ဖခင်ဖြစ်သူကို သေလူဟုသတ်မှတ်လိုက်၍ပဲလားမသိ ဝမ်ရိပေါ်ရဲ့စိတ်ထဲမှာထွေထွေထူးထူးခံစားရတာမျိုးဖြစ်မနေဘူး။ ဒါမှမဟုတ်လူဆိုတာတစ်နေ့သေမျိုးပဲလို့သိထားပြီးတာကြောင့်လည်းဖြစ်တန်ကောင်းပါရဲ့။

ဖခင်နဲ့ပတ်သတ်တဲ့ အမှတ်တရတွေကတော့ သူ့မှာ မရှိသလောက်ရှားပါးလွန်းတယ်။ ရှိနေခဲ့တဲ့အမှတ်တရတွေကျပြန်တော့လည်း သူမမှတ်မိချင်တာတွေပဲဖြစ်လို့နေပြန်တယ်။

“ဘယ်သွားမလို့လဲ?”

နှုတ်ဆက်ခြင်းအမှုပြီးဆုံးလို့ နေရာမှထွက်ခွာရန်ပြင်နေသည့် ဝမ်ရိပေါ်ကို သူငယ်ချင်းဖြစ်သူမှ မေးလိုက်ခြင်းဖြစ်သည်။

“အပြတ်ဖြတ်ပစ်ရမယ့် ဇာတ်လမ်းတစ်ချို့ကိုသွားဖြတ်မလို့။ အချိန်ကျပြီလေ”

Valuable JewelWhere stories live. Discover now