Unicode
လက်ကိုနောက်ပစ်လို့ ခြံဝန်းထဲမှာဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်လမ်းလျှောက်နေသည့် ဝမ်ရိပေါ်မှာလူကြီးလေးတစ်ယောက်နှယ်။ အနောက်တွင်လည်းထပ်ကြပ်မကွာလိုက်နေသည့် ကလေးတစ်ယောက်ရှိလို့နေသေးသည်။
"ကိုကို ဆော့မယ်လေ"
"ကိုကိုရေ သားနဲ့ဆော့ရအောင်"
"ကျန့်ကျန့်နဲ့ဆော့မယ်လေ ကိုကို"
"ကိုကိုလို့"
"ဝေးဝေးသွားနေစမ်းပါလား ဘာလို့လူနားအဲဒီလောက်ကပ်နေရတာလဲ"
အနောက်မှတတောက်တောက်ဖြင့်လျှောက်လိုက်နေသော အကောင်ပေါက်အား စိတ်ရှုပ်ထွေးသည့်ဟန်ဖြင့် ဝမ်ရိပေါ်လှမ်းပြောလိုက်သည့်တိုင် ထိုကလေးမှာလိုက်မြဲလိုက်နေဆဲဖြစ်သည်။
"ကိုကိုက မကစားချင်ဘူးလား"
"ဆော့ရအောင် ငါက ကလေးလား"
"သားနဲ့အတူဆော့ပေးပါ"
အိမ်ကိုစရောက်တဲ့နေ့ကတည်းက အဲဒီကောင်လေးကတနေကုန်သူ့အနားကိုအရမ်းကပ်နေတာတောက်တဲ့လိုပဲ။ သူ ဘယ်လိုပဲမောင်းထုတ်မောင်းထုတ်မရဘူး။
ပါးကတစ်နေကုန်အလုပ်သွားနေပြီး အိမ်ကအလုပ်သမားတွေကလည်း တာဝန်ကိုယ်စီရှိနေတာမို့ ပါးကိုကလေးထိန်းအသစ်ထပ်ခေါ်ဖို့ပြောတော့လည်း ကလေးထိန်းလက်ထဲမထည့်ချင်လို့ သူ့ကိုပဲညီလေးကိုစောင့်ရှောက်ပေးပါလို့ပြောလာတယ်။
သေချာပေါက်အဲဒီတုန်းက ဝမ်ရိပေါ်တို့ငြင်းတာပေါ့။ ဒါပေမယ့်ပါးက သူလိုချင်နေတဲ့နောက်ဆုံးပေါ်ဂိမ်းစက်ဝယ်ပေးမယ်ဆိုတာရယ် နောက်ပြီးမုန့်ဖိုးပိုပေးမယ်ဆိုတာရယ်ကြောင့် သဘောတူလိုက်မိတာ အခုတော့သူ့ဘ၀က ကလေးထိန်းကြီးလုံးလုံးဖြစ်နေပြီ။
မနက်မိုးလင်းမျက်လုံးနှစ်လုံးဖွင့်ကတည်းက သူ့အနောက်ကိုတကောက်ကောက်လိုက်ကပ်နေတာများ လူပေါ်ကိုခွမတက်ယုံတမယ်ပဲ လွန်လွန်အားကြီးတယ်။
ရှောင်းကျန့်က လူတော်တော်ကပ်တဲ့အထဲပါတယ်လို့ပြောရမယ်။ အရမ်လည်း လည်လွန်းတယ်။ အိမ်ကိုပါးပြန်ရောက်တဲ့အချိန်ဆို သူ့ဆီကနေ ပါးဆီကိုချက်ချင်းကိုပြေးကပ်တာ။ သူကကျတော့ငယ်ငယ်ကတည်းက ပါးနဲ့ရောမားနဲ့ပါ အဲဒီလောက်ထိတရင်းတနှီးနေပြီးကပ်ချွဲတာမျိုးမလုပ်တတ်တာမို့ မိဘနှစ်ပါးစလုံးနဲ့အနေစိမ်းတယ်လို့ပြောလို့ရတယ်။