Unicode
ခြံထဲသို့ဝင်လိုက်သည်နှင့် အလုပ်ကိစ္စဖြင့်ခရီးသွားနေခဲ့သော ဟန်ရှင်းကော၏ကား ရပ်ထားသည်ကိုတွေ့လိုက်ရသဖြင့် ရှောင်းကျန့်စိတ်ထဲအနည်းငယ်ထူးဆန်းသွားရသည်။
'ကောကခရီးကပြန်ရောက်နေတာလား။ ပြောတော့နောက်လေးငါးရက်လောက်မှပြန်လာမှာဆို'
အိမ်အထိလိုက်လာပုံရလျှင် အကြောင်းကိစ္စတခုခုရှိနေလောက်မည်မှန်းရိပ်မိကာ သူလည်းကားပေါ်မှအလျင်အမြန်ဆင်း၍ဟန်ရှင်းကောရှိနေရာသို့သွားလိုက်မိသည်။
"ကော ဘယ်တုန်းကပြန်ရောက်တာလဲ။ ဘာလို့ဖုန်းတောင်မဆက်ဘဲအိမ်ကိုရောက်နေရဝာာလဲ"
"ကျန့်လေး..ကျန့်လေး လက်ထပ်တော့မယ်ဆိုတာတကယ်လား"
ရှောင်းကျန့်သူ၏စကားကိုပြန်မဖြေပေးဘဲ အလောတကြီးပုံစံနဲ့သူ့လက်ကိုဖမ်းဆွဲကာ မေးခွန်းပြန်ထုတ်လာတဲ့ကောကြောင့် တော်တော်လေးအံ့သြသွားရတော့တယ်။ အမြဲလိုလိုတည်ငြိမ်တဲ့အမူရာတွေရှိတဲ့ ဟန်ရှင်းကောက အခုတော့ သူတခါမှမမြင်ဖူးခဲ့တဲ့ပုံစံမျိုးဖြစ်လို့နေတယ်မဟုတ်လား။
"ကော..ကောက..အဲဒါကိုဘယ်လိုလုပ်ပြီး...."
"ဘယ်လိုသိလဲဆိုတာကအရေးကြီးလို့လား ကောမေးတာကိုသာဖြေပါဦး။ ကောသိထားတာ မှားနေတာမလား။ လက်ထပ်တော့မယ်ဆိုတာတကယ် မဟုတ်ဘူးမလား"
ပုံမှန်နှင့်မတူစိတ်လှုပ်ရှားနေပုံရတဲ့ဟန်ရှင်းကောကြောင့် ရှောင်းကျန့်လည်းပတ်ဝန်းကျင်အခြေအနေကိုမေ့လို့သွားခဲ့ကာ ရုတ်တရက်အေးစက်စက်ထွက်ပေါ်လာသည့်အသံကိုကြားလိုက်သည့်အခါမှ ကောလက်ထဲသို့ရောက်လို့နေသည့် သူ၏လက်များကိုအလျှင်အမြန်ပြန်ရုတ်လိုက်မိတော့သည်။
"အဲဒါကဘာဖြစ်နေကြတာလဲ!!"
မျက်စိရှေ့မှာမိုးမမြင်လေမမြင်ဖြစ်နေကြတဲ့နှစ်ယောက်ကို ဆက်လက်သည်းခံပြီးကြည့်ဖို့ရာအဆင်မပြေတော့သည့်ဝမ်ရိပေါ်၏ဒေါသတို့က ထိန်းချုပ်မရနိုင်သောတောမီးအလား အဆက်မပြတ်လောင်ကျွမ်းလို့နေပြီဖြစ်၏။
"ဝမ်...ဝမ်ရိပေါ်လား"
"ဟုတ်တယ် ကိုကို ပြန်ရောက်နေပြီ"