Unicode
အချုပ်ခန်းတံခါးဖွင့်သံကိုကြားလိုက်ရပြီး ပြန်ပိတ်သွားသည့်အချိန်အထိ အခန်းထောင့်တနေရာတွင် ငြိမ်ငြိမ်ကလေးထိုင်နေသူမှာ တစ်ချက်မျှပင်လှည့်မကြည့်ခဲ့ပေ။
“baby”
“ဟင်…ကိုကို?”
မျက်ဝန်းထောင့်မှာမျက်ရည်တွေစီးဆင်းနေတဲ့ရှောင်းကျန့်က သူ့နာမည်ကိုခေါ်ပြီး ဘေးနားမှာလာကပ်ထိုင်လိုက်တဲ့လူကိုမယုံကြည်နိုင်သလိုကြည့်နေတုန်းမှာပဲ သူ့ခန္ဓာကိုယ်ကလေပေါ်မြောက်တက်ပြီး ပေါင်ပေါ်ကိုဆွဲပွေ့တင်ခံလိုက်ရတယ်။
“ကိုကို ဒီထဲကိုဘယ်လိုလုပ်ပြီး…”
“ကိုကိုက baby ကို ဒီထဲမှာတယောက်တည်းထားထားမယ်ထင်နေတာလား”
မျက်နှာထက်က ပေပွနေတဲ့မျက်ရည်တွေကိုသုတ်ပေးရင်းပြောလိုက်တော့ မျက်ဝန်းဝိုင်းကြီးတွေနဲ့မဲ့တဲ့တဲ့မျက်နှာဖြစ်လို့သွားတဲ့အကောင်ပေါက်က…
“ကိုကိုကျွန်တော့်ကို စိတ်ဆိုးနေတာမဟုတ်ဖူးလား”
“စိတ်ဆိုးတယ်။ စိတ်ဆိုးတာမှ အရမ်းကိုစိတ်ဆိုးတာပေါ့။ ဘာလို့ဒီတာဝန်တွေကို ကိုကို့ ကိုမပြောဘဲ baby တယောက်တည်းကြိတ်ဖြေရှင်းဖို့လုပ်နေရတာလဲ”
“ကိုကို့ ကို အမွေအဲဒီလောက်တောင်မက်တဲ့ကောင်လို့ထင်နေတာလား? ကိုကို baby ကိုလက်ထပ်ခဲ့တာ တကယ်ပဲအဲဒီအမွေတွေကြောင့်လို့ထင်နေတာလား”
“အင့်..ကိုကို..”
ရင်ခွင်ထဲကနေ သူ့ကိုမော့ကြည့်နေတဲ့ ကောင်လေးရဲ့မျက်ဝန်းတွေထဲကနေ အလုံးအရင်းနဲ့ထွက်လာပြန်တဲ့ မျက်ရည်တွေကိုမြင်လိုက်ရပြန်တော့ ဝမ်ရိပေါ်စိတ်လျှော့လိုက်ရပြန်တယ်။
“မငိုပါနဲ့ baby ရယ်။ baby မျက်ရည်တွေကို ကိုကို တကယ်မမြင်ချင်ဘူး”
“ကိုကို ကျွန်တော့်ကို မုန်းသွားပြီထင်နေတာ”
“ကိုကိုက baby ကိုအရမ်းချစ်တာမို့ အဲဒီလိုတွေမတွေးရဘူးလေ။ baby ကိုလက်ထပ်ခဲ့တာလည်း ချစ်လို့လက်ထပ်ခဲ့တာ။ အမွေနဲ့ဘာမှမဆိုင်ဘူး”