Unicode
“ဘာလုပ်တာလဲ ခင်ဗျားတို့သူ့ကို အခုချက်ချင်းလွှတ်လိုက်စမ်း! လူကိုဒီလိုဖမ်းချင်တိုင်းဖမ်းလို့ရမလား”
ရာရာစစ baby ကိုလက်ထိပ်ခတ်ဖို့ကြိုးစားနေတဲ့ ရဲအရာရှိရဲ့လက်ကိုဝမ်ရိပေါ်ဆွဲဖမ်းကိုင်ပြစ်လိုက်တယ်။
“အခုလိုမလုပ်ပါနဲ့ ဒါက ဝတ္တရားနှောက်ယှက်မှုပါ”
ရဲအရာရှိပြောပြီးတာနဲ့တဆက်တည်းမှာပဲ အားတင်းကာပြုံးလာတဲ့ကောင်လေးထံကစကားသံထွက်လာပြန်တယ်။
“ကိုကို စိတ်မပူပါနဲ့ ကျွန်တော်ဖြေရှင်းနိုင်ပါတယ်”
“ဘာကိုဖြေရှင်းနိုင်တာလဲ? ဘာလို့စိတ်မပူရမှာလဲ?”
“ကျွန်တော်ခဏလိုက်သွားလိုက်မယ်။ ကျွန်တော်မရှိတုန်း ကိုကိုက ဒီမှာကုမ္ပဏီကိုသေချာစောင့်ရှောက်ထားပေးပါ”
ဘာတွေဖြစ်ပျက်သွားလဲဆိုတာ ဝမ်ရိပေါ်လိုက်မမှီဖြစ်နေတုန်းမှာပဲ ရှောင်းကျန့်ကအဲဒီလူတွေခေါ်သွားရာနောက်ကိုပါသွားခဲ့ရှာတယ်။ သူ့ရှေ့မှာ သူ့ကလေးကိုလက်ထိပ်ခတ်ပြီးခေါ်သွားတာကိုမြင်နေရပေမယ့် ဝမ်ရိပေါ်ကဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။
“ဘယ်လိုဖြစ်တာလဲ ငါ့ကိုအခုချက်ချင်းပြောစမ်း!!”
အခန်းထဲကလူတွေအသီးသီးထွက်သွားပြီးချိန် ဝမ်ရိပေါ်က ရှောင်းကျန့်၏အတွင်ရေးမှူးဖြစ်သူအား ဒေါသတကြီးမေးလိုက်ခြင်းဖြစ်သည်။
ချက်ချင်းကို baby အနောက်ကနေလိုက်သွားလိုက်ချင်ပေမယ့် လောလောဆယ် ဘာမှန်းမသိသေးတဲ့အခြေအနေမှာ သူဘာတွေပြင်ဆင်သင့်သလဲဆိုတာ သိထားဖို့လိုအပ်တယ်မလား။ အခုအချိန်မှာသူ့ရင်တွေဘယ်လောက်ပူလောင်နေရလဲဆိုတာသူပဲသိတယ်။
“တကယ်တော့ အရင်ဥက္ကဌကြီးကျန်းမာရေးမကောင်းဖြစ်နေတဲ့အချိန်မှာ Wang Group ကအရှုံးတွေအများကြီးပေါ်ခဲ့တယ်။ အဲဒီတုန်းက မဖြစ်မနေမို့ ဥက္ကဌကြီးက အသိလုပ်ငန်းရှင်တွေဆီကနေ ချေးငွေတွေယူခဲ့ရပါတယ်”
“ဘာပြောတယ်? အဲဒါတကယ်ပဲလား”
အတွင်းရေးမှူးဖြစ်သူရဲ့ပြောပြာချက်ကြောင့် ဝမ်ရိပေါ်တော်တော်လေးအံ့သြသွားရသည်။ ဒီအကြောင်းအရာတွေကို ပါးရော ရှောင်းကျန့်ကပါ သူ့ကိုတခွန်းတပါဒမှမဟခဲ့ဘူးမဟုတ်လား။