Part 19

2.5K 310 16
                                    

Unicode

ဒီနေ့အလုပ်ပိတ်ရက်ဖြစ်သောကြောင့် ကုမ္ပဏီမသွားဖြစ်သော ဝမ်ရိပေါ်မှာခြံထဲတွင်ဟိုဒီလျှောက်နေတုန်း ခြံထဲသို့တရွေ့ရွေ့ဝင်လာသည့်လူတ‌ယောက်ကိုတွေ့လိုက်ရသော်လည်း မမြင်ချင်ယောင်ဆောင်၍ အိမ်၏အနောက်ဘက်သို့ဝင်သွားလေသည်။

“ဟေ့…ဝမ်ရိပေါ်”

မည်မျှပင်မသိချင်ယောင်ဆောင်၍ထွက်သွားသည့်တိုင် ချန်းယီမှာအနောက်မှအပြေးလိုက်လာပြီး ဝမ်ရိပေါ်၏ပုခုံးအားလှမ်းဖက်လာ၏။

“တယောက်တည်းရှိတဲ့သူငယ်ချင်းကို လျစ်လျူရှုထားတာများနေပြီနော်”

“တနင်္ဂနွေတရက်တော့ အေးဆေးအိပ်နေပါလား။ ဘာလို့သူများအိမ်ကိုပဲ နေ့တိုင်းလာနေတာလဲ”

“မင်းကိုအကြံကောင်းဥာဏ်ကောင်းတွေပေးထားတဲ့ ဒီကသူငယ်ချင်းကို အခုတော့ကျေးဇူးကန်းပြီပေါ့ ဟုတ်လား။ တပတ်လုံးလည်း မင်းကအလုပ်သွားနေလို့သေချာမတွေ့ရလို့ခုလာတာ‌လေ”

“မနက်တိုင်းလာနေတာပဲမဟုတ်လား“

“မတူဘူးလေ။ ဒီနေ့ကအကြာကြီးနေမှာ…ဘာလဲ ပိတ်ရက်မှာ နှစ်ယောက်သားချစ်ကြည်နူးတစ်တီတူးမှာမို့ ငါ့ကိုမလာစေချင်တာလား”

ချန်းယီပြောလိုက်မှ ဝမ်ရိပေါ်မှာ ယခုအချိန်အထိအရိပ်ပင်မမြင်ရသေးသော တယောက်သောသူကို စိတ်ထဲတွေးမိသွားသည်။

ဒီအချိန်အထိ အပြင်မထွက်ဘဲ အခန်းထဲမှာဘာလုပ်နေတာလဲမသိဘူး။ ဆယ့်တစ်နာရီတောင်ထိုးတော့မှာကိုအခုထိ အိပ်နေတုန်းလား။

“ဒါနဲ့ ရိပေါ် အဲဒါကဘာလဲ ကားဂိုဒေါင်ပဲလား”

နှစ်ယောက်အတူလမ်းလျှောက်လာရင်းမှ ချန်းယီလှမ်းပြကာမေးလာသည့်နေရာသို့ ဝမ်ရိပေါ်၏အကြည့်တို့ရောက်လို့သွားသည်။

“အင်း..ဟုတ်မယ်ထင်တယ်”

ပုံမှန်ဆိုအိမ်ရဲ့ဘေးဘက်မှာရှိတဲ့ဂိုဒေါင်ထဲမှာသာ လက်ရှိသူတို့မောင်းနေကျကားတွေကိုရပ်လေ့ရှိတာမို့ ဒီအနောက်ဘက်ကဂို‌ဒေါင်ကိုသူမရောက်ဖူးတာ။ ကြည့်ရတာ ပါးရဲ့ကားနဲ့ တခြားအိမ်အတွက်အလုပ်သမားတွေသုံးတဲ့ကားတွေကို ဒီမှာသိမ်းပုံရတယ်။

Valuable JewelWhere stories live. Discover now