Unicode
ဝမ်ရိပေါ်အနောက်သို့တချက်လှည့်ကြည့်လိုက်တော့ ထင်သည့်အတိုင်း ကျက်ကရေတုံးဟန်မျိုးရိုးလာနေသည်ကိုတွေ့လိုက်ရသည်။
“ရောက်လာပြီလား”
“ဆောရီးပါ ကျွန်တော်နည်းနည်းနောက်ကျသွားတယ်ထင်တယ်”
ရှောင်းကျန့်၏နံဘေးတွင်လာရပ်လိုက်သည့် ဟန်ရှင်းထံတွင် စကားဝိုင်းရှိလူအားလုံး၏အကြည့်တို့ကရောက်လို့နေသည်။ အဖြူရောင် suit ကိုဝတ်ဆင်ထားသော ထိုသူက ခါတိုင်းကဲ့သို့ပင်ဆံပင်အားသေသပ်စွာဖြီးသင်ထားပြီး ခပ်ပြုံးပြုံးဖြင့်တယောက်ချင်းစီအား လက်ဆွဲနှုတ်ဆက်လာသည်။
“တယောက်တည်းလား ပါတနာရောမပါဘူးလား”
“တယောက်တည်းပါပဲဗျာ”
“ကျွန်တော်တို့ကမစ္စတာဟန်ကို CEO ရှောင်း နဲ့အတူလာမယ်ထင်ထားတာ”
လူလေးငါးခြောက်ယောက်ရှိနေသည့် ဒီနေရာကသူနှင့်လားလားမျှမသက်ဆိုင်သလိုဝမ်ရိပေါ်ခံစားနေရပြီး တဆက်တည်းမှာပဲ ထိုလူတွေက ရှောင်းကျန့်နှင့်ဟန်မျိုးရိုးကောင်ကိုသာ စိတ်ဝင်တစားရှိနေသည်ကိုသတိထားမိသည်။
ဘာအတွက်ကြောင့်နဲ့ဒီနေရာမှ အရည်မရအဖက်မရစကားတွေကိုနားထောင်နေရတာလဲဆိုတဲ့အကြောင်းပြချက်ကို ဝမ်ရိပေါ်ကသေချာမသိဘူး။ သူ့အနေနဲ့တော့ မျက်စိရှေ့မှာမြင်နေရတာတွေအားလုံးကအချိုးမပြေတာပဲသိတယ်။
“CEO ရှောင်း က အကိုဖြစ်သူရောက်လာတော့ ကျွန်တော်တယောက်တည်းထားခဲ့တာခံလိုက်ရတာပေါ့ဗျာ”
“CEO ရှောင်း ကိုကြည့်ရတာ လိမ္မာတဲ့ညီလေးဖြစ်ပုံရတာမို့ မစ္စတာဟန်ကပဲ ခွင့်လွှတ်ပေးလိုက်ပါ ဟားဟား”
ကြားလိုက်ရတဲ့စကားက ၀မ်ရိပေါ်ကိုဒေါသတော်တော်လေးထွက်သွားစေတယ်။
ညီလေး..ဘာကိုညီလေးလဲ? သူတို့ကဘာမှမတော်စပ်လို့ လက်တောင်ထပ်ပြီးသွားပြီ။ ဒီလူတွေကဘာမသိညာမသိနဲ့စိတ်ထင်ရာတွေလျှောက်ပြောနေတာပဲ။ နောက်ပြီးရှောင်းကျန့်ကရော လင်ငုတ်တုတ်ပါလာရဲ့သားနဲ့ အဲဒီလိုတွေပြောနေတာကိုဒီအတိုင်းဘာလို့နားထောင်နေရတာလဲ။