Part 6

2.8K 336 31
                                    

Unicode

နေ့လယ်ထမင်းစားချိန်ဝမ်ရိပေါ်၏အခန်းဝသို့ရောက်လာကာ ဟိုချောင်းဒီချောင်းလုပ်ပြီးနောက် ရှောင်းကျန့်၏မျက်နှာလေးမှာ ဆူပုတ်လို့သွား‌တော့၏။

“ကိုကိုက ဘယ်ရောက်သွားတာလဲ အတန်းထဲမှာလည်းချိဘူး၊ ကျန့်ကျန့်ကိုမစောင့်ဘဲ မုန့်တွေသွားဝယ်ချားနေပြီထင်တယ်”

မကျေနပ်စွာနှုတ်မှလည်းတယောက်တည်းရေရွတ်နေရင်းက အခန်းရှေ့ကပြန်လှည့်အထွက် ရှောင်းကျန့်သွားမည့်လမ်းမှာ အရှေ့ကနေတစ်စုံတစ်ယောက်၏ပိတ်ဆို့ခြင်းကိုခံလိုက်ရလေသည်။

“ဘာလာလုပ်တာလဲ ကလေးစုတ်! ရိ‌ပေါ်ကိုလာရှာတာလား”

လက်ကိုပိုက်လို့ ကိုကိုနှင့်များစွာရင်းနှီးဟန် လုပ်ပြနေသောကျောင်းသူရုပ်ဆိုးဆိုးအစ်မကြီးကြောင့် ရှောင်းကျန့်နှာခေါင်းရှုံ့လိုက်မိသည်။

“ဟွန့်! ရုပ်ချိုးမဂျီး ကျန့်ကျန့်ဘာသာ ဘာလာလုပ်လုပ်ပေါ့ လမ်းဖယ်ပေး”

မျက်စိအရှေ့မှသူ့ထက်အရပ်မြင့်သော
ကျောင်းသူကိုမော့ကာကြည့်၍ရှောင်းကျန့်မှရန်‌တွေ့လိုက်သည့်အခါ တစ်ဖက်မိန်ကလေး၏မျက်နှာမှာသိသိသာသာတင်းမာလာသည်က ဒေါသထွက်သွား၍သာဖြစ်သည်။

“ဘာပြောတယ်?”

သူ့ကိုလက်ပိုက်ပြီးဒေါသမျက်လုံးတွေနဲ့ကြည့်နေတဲ့ အဲဒီအစ်မကြီးကိုရှောင်းကျန့်ကောင်းကောင်းသိတာ‌ပေါ့။ ဒီအခန်းထဲကိုသူလာတိုင်း ကိုကို့အနားမှာပဲအမြဲရစ်သီရစ်သီလုပ်နေတတ်တဲ့ အဲဒီတယောက်နဲ့ရှောင်းကျန့်ကလုံးဝမတည့်ဘူး။

လစ်ရင်လစ်သလို ကိုကိုမမြင်အောင် သူ့ကိုအဲဒီအစ်မကြီးကဆွဲဆွဲဆိတ်တတ်သေးတာမို့ သူတကယ်ကြည့်မရပါဘူး။

အလကားအစ်မဂျီး ကိုကိုကသူမကိုလှည့်မကြည့်တာတောင် အတင်းလိုက်ကပ်နေတာ။ ရှက်လည်းရှက်ဘူး။

“မကြားဝူးလား လမ်းဖယ်ပေးလို့ပြောနေတာလေ ရုပ်ချိုးမဂျီးရဲ့”

“အကောင်သေးပြီးအဆိပ်ပြင်းတဲ့ဟာလေးက လူပါးဝလို့ ငါ့ကိုများ”

Valuable JewelWhere stories live. Discover now